Health   |   Posted on Sep 24, 2019 by Ja Seng Pan

မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် အတွက် BRAND'S Suntory မှ အသစ်မိတ်ဆက်တဲ့ BRAND'S Diamond Bird’s Nest


ဝါကျွတ်မှာ လူကြီး မိဘတွေကို ဂါရ၀ပြုဖို့အတွက် အကောင်းဆုံးကျန်းမာရေး လက်ဆောင်မွန်

Share this article

မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် သီတင်းကျွတ်ပွဲတော်ကို ကြိုဆိုတဲ့အနေနဲ့ BRAND'S Suntory မှ သီတင်းကျွတ်အထိမ်းအမှတ်ပွဲတော်ကို  သြဂုတ်လ ၂၅ရက်၊ ရန်ကုန်မြို့ Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပြီး သီတင်းကျွတ်ပွဲတော်အတွက် အထူးထုတ်လုပ်ထားတဲ့ BRAND'S Diamond Bird’s Nest ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

သီတင်းကျွတ်ပွဲတော်ရဲ့ ထူးခြားတဲ့ ၀ိသေသမှာ ကျေးဇူးတရားတို့ကို မွန်မြတ်တဲ့ ဂါရ၀တရားဖြင့် တုန့်ပြန့်တဲ့ ပွဲတော် ဖြစ်ပါတယ်။ မြန်မာလူမျိုး စားသုံးသူ ပြည်သူများနဲ့ အတူ ထူးခြားမွန်မြတ်လှတဲ့ သီတင်းကျွတ်ပွဲတော်ကို BRAND'S မှ ထုတ်လုပ်တဲ့ အထူးသီတင်းကျွတ်လက်ဆောင်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ချိပြီး အတူတကွ ဆင်နွဲလိုပါတယ်။ သီတင်းကျွတ်ပွဲတော်မှာ မိမိတို့ရဲ့ မိဘ၊ ဘိုးဘွား၊ ဆရာသမားတို့ကို ကျန်းမာစေကြောင်း ဆုမွန်ကောင်းတောင်းလျှက် အထူးမြတ်ဆုံး ကျန်းမာရေးလက်ဆောင်ကို ပေးလို့ရနိုင်ပါတယ်။ ယခုနှစ်မှာ အထူးစီမံထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းမှာ BRAND'S Diamond Bird’s Nest ဖြစ်ပြီး တစ်နိုင်ငံလုံးကို ဖြန့်ချိရောင်းချသွားမှာပါ။ BRAND'S Suntory ရဲ့ Corporate Ambassador ဖြစ်တဲ့ မတင်မိုးလွင်မှ BRAND'S ရဲ့ ကျန်းမာခြင်း လက်ဆောင်အကြောင်းကို ရှင်းလင်းပြောကြားပြီး BRAND'S Bird’s Nest ရဲ့ Brand Ambassador ဖြစ်တဲ့ Davika မှလည်း လာရောက်ကျင်းပဆင်နွဲခဲ့ပါတယ်။

မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကို အတူတကွ တက်ရောက်ဆင်နွဲပေးတဲ့ အထူးဧည့်သည်တော် အမေများအဖွဲ့ကိုလည်း BRAND'S Suntory မှ သီတင်းကျွတ်ဂါရ၀ BRAND'S လက်ဆောင်များကို ပေးအပ်လှူဒါန်းပါတယ်။ BRAND'S Bird’s Nest ရဲ့ Brand Ambassador ဖြစ်တဲ့ Ms. Davika ကလည်း “မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်က အလွန်ချစ်ခင်နှစ်သက်စရာပွဲတော်ဖြစ်ပါတယ်။ လူကြီးနဲ့ လူငယ်ကြား ကျေးဇူးတရားနဲ့ ဂါရ၀တရားကို ပြသတဲ့ပွဲတော်ဖြစ်တဲ့အတွက်ကြောင့် ကြည်နူးပီတိဖြစ်ရပါတယ်။ မြန်မာပြည်သူတွေနဲ့အတူ ဆင်နွဲခွင့်ရတဲ့အတွက်လည်း လွန်စွာဝမ်းမြောက်ရပါတယ်။” သူမအနေနဲ့လည်း လက်ဆောင်ပစ္စည်းပေးဖို့ ရွေးချယ်ပါက ကျန်းမာရေးလက်ဆောင်ကိုသာ ရွေးချယ်လေ့ရှိပါတယ်။ BRAND'S ငှက်သိုက်ကတော့ သူမအကြိုက်ဆုံး ကျန်မာရေးလက်ဆောင်ဖြစ်ကြောင်း မျှဝေသွားပါတယ်။



BRAND'S မှ Limited Edition အနေနဲ့ အထူးထုတ်လုပ်ထားတဲ့ BRAND’S Diamond ငှက်သိုက်က အကောင်းဆုံးအရည်အသွေးရှိ  အရှည်လျားဆုံးငှက်သိုက်မျှင်လေးများကိုသာ ရွေးချယ်ပြီးထုတ်လုပ်ထားတာဖြစ်လို့ ၀ါကျွတ်မှာ လူကြီး မိဘတွေကို ဂါရ၀ပြုဖို့အတွက် အကောင်းဆုံးကျန်းမာရေး လက်ဆောင်မွန်တစ်ခုဖြစ်မှာ အသေအချာပါပဲ။

Editor: Pan JN



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကငြ...



အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.