Cover Stories   |   Posted on Aug 18, 2018 by Min Chit Paing

MODA ရဲ့ 6th Anniversary Special Issue မှာ Cover Star အဖြစ်ပါဝင်ခဲ့တဲ့ Amera Hpone


လူ့ဘဝက တစ်ခေါက်ပဲ နေရတာဆိုပြီး ဂီတ ကို ရွေးချယ်ဖြစ်သွားတာပါ လို့ဖွင့်ဟခဲ့တဲ့ Amera Hpone

Share this article

MODA Magazine ရဲ့ ခြောက်နှစ်ပြည့်မှာ တော့ စိုင်းစိုင်းခမ်းလှိုင်စတင်တည်ထောင်ခဲ့တဲ့ Frenzo Production နဲ့ ပူးပေါင်းပြီး လက်ရှိ Frenzo မိသားစု ဝင်ခြောက်ယောက်နဲ့အတူ အဓိပ္ပာယ်များပြည့်ဝပြီး အနှစ် သာရရှိတဲ့ အားအင်တစ်ခုကို ဖော်ကျူးနေတဲ့ Cover Story တစ်ခုကို ဂုဏ်ယူစွာတင်ဆက်နိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ Frenzo Production ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့  Amera Hpone ရဲ့ အင်တာဗျူးကို ဖော်ပြပေးလိုက်ပါတယ်။

MODA: ပထမဆုံးအနေနဲ့ အမရာရဲ့ အခွေလေးအကြောင်း ပြောပြပေး နော်။ အခုဘယ်နရာခိုင်နှုန်းလောက်အထိ ပြီးစီးသွားပြီလဲ။ ဘယ် အချိန်လောက်မှာ နားဆင်ရမလဲ။ နောက်ပြီး ပရိသတ်တွေကို ဘယ်လိုပုံစံတွေ တင်ဆက်မှာလဲ။
Amera: သီချင်းတွေက အားလုံးပြည့်သွားပါပြီ။ အပြီးသတ်နေပြီပေါ့။ အားလုံးလည်း ပြီးသလောက်ရှိနေပြီဆိုတော့ မိုးတွင်းကုန် လောက်ထွက်လာမှာပါ။ အဓိကတော့ Pop ပဲပေါ့။ အမရာ စိတ် ကြိုက်သီချင်းတွေ တော်တော်များများ စိတ်ကြိုက်ပဲ လုပ်ထားပါ တယ်။ ၁၀ပုဒ်၊ ၁၁ပုဒ်လောက်တော့ ပါဝင်ပါလိမ့်မယ်။ ကိုဆောင်း ဦးလှိုင်နဲ့ ကိုအောင်ပါမယ်။ ကိုဘန်နီနဲ့ အမရာအတူတူရေးထား တာပါမယ်။ ကိုG Fatt နဲ့ အမရာရေးထားတာပါမယ်။ နောက်ကျန် တာတွေကတော့ လူငယ်ပရိုဂျူဆာတွေနဲ့ အမရာတို့ အပုဒ်တိုင်း ကို အတူတူရေးထားတာတွေ များပါတယ်။

MODA: Frenzo မရောက်ခင် အရင်တုန်းကရော ကိုယ်ပိုင် Solo Music တစ်ခုခုလုပ်ဖို့ စဉ်းစားဖူးလား။ ဘာတွေလုပ်နေဖြစ်ခဲ့လဲ။
Amera: အဲဒါကတော့ ငယ်ငယ်ကလေးတည်းကပဲ။ ၃၊ ၄၊ ၅နှစ် လောက် ကတည်းက Briney Spears နဲ့ ကြီးလာတာဆိုတော့ ငယ်ငယ် ကလေးတည်းက ကြီးလာရင် စင်ပေါ်မှာလူတွေအများကြီးကို ဖျော်ဖြေပေးချင်တာ။ အဲဒါက ငယ်ငယ်တုန်းက အိပ်မက်တစ်ခု လို့ပဲရှိနေခဲ့တာ။ လုပ်မယ်လို့တော့ အစီအစဉ်မရှိခဲ့ဘူး။ သီချင်းဆို တာဝါသနာပါတော့ Church မှာဆိုတယ်။ ကျောင်းပွဲတွေမှာဆို တယ်။ ဒီလောက်ပါပဲ။ ကြီးကြီးကျယ်ကျယ်တော့ မဆိုခဲ့ဖူးပါဘူး။ Frenzo မရောက်ခင်တုန်းကတော့ ကျောင်းသွားတက်ဖို့ စီစဉ်နေ တာပါ။ အဲဒီ့အချိန်မှာ Frenzo က ကမ်းလှမ်းလာတော့ ပထမ စဉ်းစားတာက ကျောင်းသွားတက်လိုက်မယ်။ ပြီးရင် အလုပ်ဝင် မယ်။ အဲဒီ့ဘဝကို ပျော်မလား။ ကိုယ်ကြိုက်တဲ့သီချင်းတွေ ဆိုနေ ရတာကို ပျော်မလား။ လူ့ဘဝက တစ်ခေါက်ပဲ နေရတာဆိုပြီး ဂီတ ကို ရွေးချယ်ဖြစ်သွားတာပါ။

MODA: ပညာရေးကရော လက်ရှိ ဘာတွေဆက်လုပ်ဖြစ်နေသေးလဲ။
Amera: အခုလောလောဆယ်တော့ MIC မှာ Business Management နဲ့ Diploma ပြီးသွားပါပြီ။ ကျောင်းကလည်း တက်နေရ တော့ တစ်ပတ်ကို ငါးရက်သွားနေရတယ်။ အားတဲ့အချိန်မှ အခွေ ကိစ္စကိုလုပ်ရတော့ အားမရဘူး။ အခု Diploma ပြီးသွားတော့ Bachelor ကို ဆက်မတက်ပဲနဲ့ အခွေကို ပြီးအောင်လုပ်နေပါ တယ်။ အခွေလေးပြီးသွားတော့မှပဲ ဆက်တက်တော့မယ်။

MODA:  Cover Song တွေဆိုဖြစ်တာလည်း တွေ့ရတယ်။ အမရာဆို ဖြစ်ခဲ့တဲ့ Cover Song လေးတွေအကြောင်းလည်း ပြောပြပေး ပါဦး။
Amera: Cover Song ဆိုပြီး ပထမဦးဆုံးစတာက အသက် ၁၃၊ ၁၄ နှစ်ပေါ့။ ဂစ်တာစစတီးတက်တဲ့ အခါကျတော့ တစ်ပုဒ်ကောင်း ကောင်းတီးတတ်သွားပြီဆိုပြီး ပျော်ပြီးတော့ A Thousand Years ကိုတင်လိုက်တယ်။ ပြီးတော့မှ ရှက်ပြီး ပြန်ဖျက်ပစ်လိုက် တာ။ နောက်ပိုင်းကျတော့ ဝါသနာပါလို့ Facebook ပေါ်မှာ တင်ဖြစ်လာတယ်။ Instagram မှာရောပဲ။ အခုတော့ အကုန် ဖျက်လိုက်ပြီထင်တယ်။

MODA: Frenzo ရောက်လာတဲ့အခါကျတော့ စီနီယာတွေနဲ့ နောက် ပြီး ကိုစိုင်းတို့ ကိုဘန်နီတို့နဲ့ လက်တွဲလုပ်ကိုင်ရတာရော ဘယ်လို နေလဲ။
Amera:  Serious လည်း အရမ်းဖြစ်တယ်။ တစ်ဖက်ကအလုပ်နဲ့ ပတ် သတ်လာရင် Serious ဖြစ်သလောက် တစ်ဖက်ကလည်း မိသားစုတွေလို ပျော်ပျော်ရွှင်ရွှင် ရိုင်းပင်းကူညီကြပါတယ်။ အလုပ်ချည်းပဲလည်း မဟုတ်ပဲ မိသားစုတွေလိုမျိုးဖြစ်နေတာပေါ့။

MODA: အမရာမှာရော အခုဆိုရင် အနုပညာလောကထဲမှာလည်း Frenzo နဲ့တွဲပြီး အလုပ်တွေလုပ်နေပြီဆိုတော့ Fan တွေနဲ့ရော တွေ့ဆုံဖြစ်တာမျိုးရှိလား။
Amera:  အမရာ့မှာ Fan Group တွေတော့ ရှိပါတယ်။ Fan Group ထဲမှာတော့ member တွေနဲ့ အမြဲတမ်းဆက်သွယ်ဖြစ်နေပါ တယ်။ Live လွှင့်ပြီး စကားတွေပြောကြတယ်။ သူတို့က Post တွေတင်ကြတယ်။ Public မဟုတ်ပဲနဲ့ Closed Group လေးနဲ့ပဲ ဆက်သွယ်ဖြစ်တယ်။ အေးဆေးပါပဲ။ အမရာ နယ်ဘက်တွေမှာ ရှိုးသွားဆိုတဲ့အခါကျရင်တော့ Frenzo က အငယ်ဆုံးလေးဆိုပြီး ချစ်ပေးကြပါတယ်။

photographed by thi ha (a.k.a) kaw ki / styling by dong dong / cover stars: sai sai kham leng, snare (nay win, phyo lay), bunny phyoe, g fatt, amera hpone / hair & makeup:  irene aung aung / january we wee / outfits: the avenue / location: the laneway yangon



Share this article

TOP 5 ARTICLES


Trends   |   Posted on Sep 18, 2018

Turn On Tweed : တောက်ပသစ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.