Cover Stories   |   Posted on Aug 17, 2018 by Min Chit Paing

MODA ရဲ့ 6th Anniversary Special Issue မှာ Cover Star အဖြစ်ပါဝင်ခဲ့တဲ့ Phyo Lay


အိမ်ကမိဘတွေ အလုပ်လုပ်ခိုင်းရင် အလုပ်မလုပ်ဘဲ သီးချင်းတွေကိုပဲ ရူးသွပ်တယ်လို့ ဆိုခဲ့တဲ့ Phyo Lay (Snare)

Share this article

MODA Magazine ရဲ့ ခြောက်နှစ်ပြည့်မှာ တော့ စိုင်းစိုင်းခမ်းလှိုင်စတင်တည်ထောင်ခဲ့တဲ့ Frenzo Production နဲ့ ပူးပေါင်းပြီး လက်ရှိ Frenzo မိသားစု ဝင်ခြောက်ယောက်နဲ့အတူ အဓိပ္ပာယ်များပြည့်ဝပြီး အနှစ် သာရရှိတဲ့ အားအင်တစ်ခုကို ဖော်ကျူးနေတဲ့ Cover Story တစ်ခုကို ဂုဏ်ယူစွာတင်ဆက်နိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ Frenzo Production ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ Phyo Lay ရဲ့ အင်တာဗျူးကို ဖော်ပြပေးလိုက်ပါတယ်။

MODA: အရင်တုန်းက Snare အကြောင်းလေး ပြန်ပြောပြပါဦး။
Phyo Lay: သက္ကရာဇ် ၂၀ဝ၀ လောက်ကတည်းက အက်ဆစ်စထွက်ပြီ ဆို တော့ ကျွန်တော်တို့က ဗိုလ်ချုပ်ဈေးမှာ အခွေ Sample တွေ လိုက်ရှာပြီး နားထောင်ရတာပေါ့နော်။ အဲဒီအချိန်ထဲ ရူးသွပ်နေကြ တာဆိုတော့။ သူငယ်ချင်းငါးယောက်ကနေပြီးမှ လေးယောက် ပြန်ဖြစ် အဲဒီကနေမှ ၂ယောက်ဖြစ်သွားတာပေါ့။ အဲဒီတုန်းက တော့ အမှတ်တရတွေကအများကြီးပဲ။ တော်တော်များများ ပြော ဖူးပါတယ်။ ကျွန်တော်တို့ ငယ်ငယ်လေးတွေရှိတယ်။ သီချင်းတွေ စမ်းတီးစမ်းဆိုပေါ့။ Studio လည်း မရောက်ဖူးဘူး။ အဲဒါတွေပြီးမှ နောက်နှစ်နှစ်သုံးနှစ်လောက်နေမှ Pro Studio ကို စရောက်ဖူး တာ။ သီချင်းတွေစသွင်းတာပေါ့။

MODA: Underground မှာတုန်းကရော အမှတ်တရတွေရှိလား။ ဘာ တွေကွာခြားမှုရှိလဲ။
Phyo Lay: Underground မှာတုန်းကတော့ ဘာကိုမှဂရုမစိုက်ဘူး။ ဘာမှဖြစ်ချင်တာလည်း မရှိဘူး။ သီချင်းဆိုချင်တာပဲသိတယ်။ သီချင်းတွေလုပ်နေရရင် ပျော်တယ်။ အိမ်ကမိဘတွေအလုပ် လုပ်ခိုင်းရင်လည်း မလုပ်ဘူး။ ကျွန်တော်တို့ကြိုးစားပြီးရူးသွပ် တယ်။ ဘာကွာသွားလဲဆိုတော့ Underground မှာတုန်းက လုပ်ချင်တာတွေလျှောက်လုပ်နေတာ။ ဒါပေမယ့် တကယ့် Mainstream ပေါ်ရောက်လာတဲ့အခါကျတော့ သီချင်းတစ်ပုဒ် ဖန်တီးဖို့အတွက် လုပ်ချင်တာလျှောက်လုပ်တာထက် ဖြစ်သင့် တာလေးတွေ ပိုလုပ်လာတယ်။ အဲဒါပဲကွာပါတယ်။ Underground မှာတုန်းကတော့ ပိုက်ဆံမရှိတော့ သူများကိုရေးပေး တီးပေးရတာပေါ့။ အကြာကြီးနေခဲ့ပါတယ်။ ၂၀ဝ၀ ခုနစ်ကတည်း က စလိုက်တာ ၂၀၁၀ ခုနစ်ရောက်မှ အခွေထွက်တာဆိုတော့ လေ။

MODA: လူသစ်တစ်ယောက်အနေနဲ့ Underground မှာ အချိန် ပေးပြီးနေသင့်လား။ ဘယ်လိုထင်လဲ။
Phyo Lay: အသစ်တစ်ယောက်အနေနဲ့ကတော့ တစ်ဆင့်ချင်းသွားတာ ပိုကြိုက်တယ်။ Underground မှာကျင်လည်ကြည့်။ Mixtape တွေဘာတွေဖြန့်ကြည့်။ ကျွန်တော်တို့တုန်းကတော့ Sample ပေါ့။ Online မှာ ဖြန့်ရင်ဖြန့်ပေါ့။ Underground မှာ ကိုယ် လုပ်ချင်တာ ပိုပြီးလုပ်လို့ရတယ်။ အခုဆိုရင် ဆင်ဆာတောင်မရှိ တော့ဘူး။ ကျွန်တော်တို့ Underground ကနေ Mainstream ပေါ်တက်တဲ့အချိန်တုန်းက ဆင်ဆာထိတာတွေရှိတယ်။ Underground မှာအရမ်းကြာသွားရင်တော့ အချိန်ဖြုန်းသလိုဖြစ်နေ မယ်။ ကိုယ့်ရဲ့ အရည်အချင်းတွေကို အားလုံးကိုချပြပြီး အားလုံးက ကြိုက်ပြီး လက်ခံတယ်ဆိုရင် အနုပညာလောကထဲမှာ ရပ်တည် သွားလို့ရပြီလေ။ Underground ကနေတက်လာတာကိုတော့ ပိုပြီးတော့ ကြိုက်တယ်။

MODA: Snare က အဖွဲ့ဝင်နှစ်ယောက်အနေနဲ့လည်း သီချင်းတွေ လုပ်ကြတော့ သီချင်းရေးတဲ့ အပိုင်းလေးတွေ ပြောပြပေးဦးနော်။
Phyo Lay: ငယ်ငယ်တုန်းက ရှေ့ကနှစ်ခွေတုန်းကတော့ အတူတူတစ် အိမ်တည်းနေ၊ လျှောက်သွား၊ ပြီးရင်သီချင်းတွေလုပ်ကြပေါ့။ အခု တတိယအခွေ ပူးတွဲချန်ပီယံမှာတော့ ကျွန်တော်က ကျွန်တော့် အိမ်မှာ သီချင်းလုပ်တယ်။ နေဝင်းကလည်း သူ့အိမ်မှာပဲ သူလုပ် တယ်။ ဆုံဖြစ်တဲ့အခါ ယူလာပြီး နားထောင်ဖြစ်ကြရင်တစ် ယောက်ဟာကို တစ်ယောက်ကြိုက်ကြတယ်။ တစ်ခါတလေ Beat တစ်ခုခုကို ကြိုက်ပြီဆိုရင် Studio မှာတွေ့ပြီး သီချင်းပေါင်း ရေးကြတယ်။ အရင်တုန်းကတော့ လအလိုက်၊ နှစ်အလိုက်ချီပြီး သူငယ်ချင်းတွေစုနေ၊ စုလုပ်ကြတယ်။ အသက်တွေလည်းကြီး လာတော့ ကိုယ့်အလုပ်နဲ့ကိုယ်စီဖြစ်လာကြတော့ အခုလိုပဲ ခွဲ လုပ်ဖြစ်တာများတာပေါ့။

MODA: အစ်ကို့ရဲ့ ဖက်ရှင်ဆိုင်အကြောင်းလည်း နောက်ဆုံးအနေနဲ့ ဘာတွေထုတ်နေလဲ ပြောပြ ပေးပါဦး။
Phyo Lay: ကျွန်တော်တို့စလုပ်တုန်းက စီးပွားရေး တစ်ခုဆိုတာထက် ဒီလောက်ကြီး အောင်မြင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ကိုယ်ကြိုက် တဲ့ဒီဇိုင်းတွေလုပ်မယ်။သူများတွေလိုက်ကြိုက်ရင်လည်း ကောင်း မယ်ပေါ့။ ဒါပေမယ့်ထင်ထားတာ ထက်သူများတွေက ပိုကြိုက် ကြတယ်။ အားပေးကြတယ်။ ကျွန်တော်တို့လည်း ဒါကြောင့် နောက်လုပ်မယ့် ပစ္စည်းတွေကိုလည်း Quality ကောင်းကောင်း၊ ဈေးသက်သာစွာနဲ့ ရောင်းပေးနိုင်ဖို့ကြိုးစားနေပါတယ်။ Genius မှာက ကျွန်တော့်ရဲ့ Brand က Gold Culture ရဲ့ Cloud 9 ရယ်ဆိုပြီး နှစ်ခုရှိ တယ်။ ကျွန်တော်တို့ Gold Culture ကတော့ မြန်မာ့ယဉ်ကျေးမှုကို Update လုပ် ထားတဲ့ဒီဇိုင်းတွေများတယ်။ Cloud 9 ကတော့ ဒီဘက်ခေတ် ခေတ်ရေစီးကြောင်းအတိုင်း ဘိုဆန်ဆန်လေးတွေပေါ့။ နှစ်ခုလုံးကိုမျှပြီး လုပ်နေပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကတော့ Cloud 9 က ပိုထွက်ဖြစ် တယ်။ ကျွန်တော်တို့အပြင် တခြား Brand တွေလည်း မြန်မာ ဆန်ဆန်လေးတွေထွက်လာပြီဆိုတော့ အရေအတွက်ထက် သပ်သပ်ရပ်ရပ်နဲ့ Quality ကောင်းအောင် ပိုကြိုးစားနေတာပေါ့။ Gold Culture ကိုတော့ တဖြည်းဖြည်း ချင်းထုတ်တယ်။ Cloud 9 ကတော့ ကျွန်တော်တောက်လျှောက် ထုတ်ဖြစ်နေပါတယ်။

photographed by thi ha (a.k.a) kaw ki / styling by dong dong / cover stars: sai sai kham leng, snare (nay win, phyo lay), bunny phyoe, g fatt, amera hpone / hair & makeup:  irene aung aung / january we wee / outfits: the avenue / location: the laneway yangon



Share this article

TOP 5 ARTICLES


Beauty Box   |   Posted on Nov 14, 2018

The Body Shop ရဲ့ ရင်ခုန်...


Celebrity Beauty   |   Posted on Nov 14, 2018

DRAMA SERIES အသစ်တစ်ခုထွက...


Celebrity Beauty   |   Posted on Nov 14, 2018

လှပလွန်းတဲ့ ရွှေမှုံရတီရဲ့...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.