MODA Girls   |   Posted on Nov 28, 2018 by Hnin Ei Ei Hlaing

MODA GIRLS တွေရဲ့ MAKEUP LOOKS


MODA Girl တွေဆီကလည်း Makeup Idea တွေကို Inspiration ယူလို့ရတယ်နော်….

Share this article

MODA Magazine ရဲ့ အခန်းတစ်ခုမှာ MODA Girl ဆိုပြီး

ကောင်မလေးချောချောတွေရဲ့ နေ့ရက် (၅) ရက်မှာ ၀တ်ဆင်ပုံတွေကို ဖော်ပြတဲ့ အခန်းတစ်ခုပဲဖြစ်ပါတယ်။

MODA ရဲ့ Stylist တွေကိုယ်တိုင် ပြင်ဆင်ပေးထားတဲ့ ဖက်ရှင် စတိုင်တွေနဲ့ အတူ MODA Girl တွေရဲ့ မိတ်ကပ်ပြင်ဆင်မူကလည်း

အဆန်းကြီးမျိုး မဟုတ်ဘဲ မိန်းကလေးတို့ လိုက်ပြင်ကြည့်လို့ မိတ်ကပ်ပြင်ဆင်မှုမျိုး ဖြစ်တဲ့ အတွက်

MODA Girl တွေရဲ့ Makeup Look တွေကို ပြောပြပေးပါမယ်။

ကလေးတစ်ယောက်လို အပြုံးလေးတွေနဲ့ Cute Type မိတ်ကပ် Look လေးကိုပြင်ဆင်ထားပါတယ်။ မျက်ခုံးမွှေးကိုတော့ သဘာဝဆန်ဆန်ပဲဆွဲထားပြီး

မျက်ခွံတစ်ခုလုံးကို အညိုရောင် ခြယ်ပြီး Eyeliner ကို ပါးပါးလေးကိုဆွဲထားပါတယ်။ပါးမို့မို့လေးနဲ့ ချစ်စရာကောင်းနေအောင် လိမ္မော်ရောင်မကျ ပန်းရောင်မကျ အရောင်လေးကိုပါးပေါ်တင်ပေးထားပါတယ်။ နှုတ်ခမ်းနီကိုလည်း မျက်လုံးပြင်ဆင်မှုနဲ့လိုက်ဖက်အောင် အရောင်တောက်တောက်မဆိုးဘဲ Nude Color လေးနဲ့ ဆိုတော့ လူငယ်ဆန်ဆန်ချစ်စရာကောင်းစေပါတယ်။ အခုရောက်ရှိနေတဲ့ ဆောင်းရာသီနဲ့လည်းလိုက်ဖက်ပါတယ်။

ဆံပင်ကိုပါ နှစ်ဖက်ခွဲပြီး မြင့်မြင့်လေး စည်းကာ အလိပ်အလိပ်လေးတွေနဲ့ ပိုပြီးချစ်ဖို့ ကောင်းစေပါတယ်။

ဒီ MODA Girl လေးကိုတော့ ယုံကြည်မှုရှိတဲ့ ကောင်မလေးတစ်ယောက်လိုပြင်ဆင်ပေးထားပါတယ်။

မျက်လုံးကိုတော့ Smokey Eye ကိုမှ အညိုဘက်ရောက်တဲ့ အရောင်မျိုး ခြယ်ထားပြီး ရှိပြီးသား နှာတံလေးကို ထပ်ပေါ်သွားအောင် နှာတံကိုဖော်ပေးထားပါတယ်။ နှာတံဖော်မယ်ဆို  မိမိမှာရှိပြီး အညိုရောင် Highlight နဲ့ ဖော်ပေးလို့ရပါတယ်။ တချို့ ကျနှာတံဖော်တာ သဘောမကျကျပေမယ့် ရှိပြီးသားကိုပိုပေါ်သွားအောင်ဖော်ပေးသင့်ပါတယ်။ မိတ်ကပ်ပြင်ဆင်မှုနဲ့ အတူ အနီရောင် နှုတ်ခမ်းနီကိုပါဆိုးပေးထားတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေတဲ့ မိန်းကလေးတစ်ယောက်ကို မြင်နေရသလိုပါပဲ။

အနီရောင် Dress လေးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ အတွက် ဒီ မိတ်ကပ်ပြင်ဆင်မှုက Night Out တို့ Party တို့နဲ့ ပိုလိုက်ဖက်ပါတယ်။

Jean Skirt အဖြူလေးနဲ့ T-shirt အမဲ လေးကို တွဲဖက်ဝင်ဆင်ထားတော့ လူငယ်ဆန်ပြီး ချစ်စရာကောင်းစေပါတယ်။

မိတ်ကပ်ပြင်ဆင်မှုကတော့ အခုခေတ် မိန်းကလေးတော်တော်များများ ပြင်နေကြပုံစံမျိုးကို ပြင်ဆင်ထားပါတယ်။

သဘာဝဆန်တဲ့ မျက်ခုံးမွှေးနဲ့ အတူ မျက်ခွံတစ်ခုလုံးကိုလည်း အညိုရောင် တစ်ရောင်ထဲကိုပဲ ခြယ်ပြီး Eyeliner ကိုတော့ Wing ပုံစံမျိုးဆွဲထားပါတယ်။ Eyeliner မဆွဲတတ်ရင်တော့ Eyeshadow တစ်ခုထဲကိုပဲ အပြည့်ခြယ်တာကလည်း ရိုးရိုးလေးနဲ့ အဆင်ပြေပါတယ်။ နှုတ်ခမ်းကိုလည်း Nude Color လေးနဲ့ တွဲဖက်ထားပါတယ်။ ဒီပြင်ဆင်မှုမှာတော့ အေးအေးလေးနဲ့ Nude ဘက်ကို သွားတဲ့ ပြင်ဆင်မှုဆိုနေတော့ ဘာအ၀တ်အစား၊ ဘယ်အရောင်နဲ့ မဆိုလိုက်ဖက်တဲ့ ပြင်ဆင်မှုပါ။ ကိုယ့်မှာ ရှိပြီးသားတွေနဲ့ လည်းပြင်လို့ရပါတယ်။

Editor: Hnin Ei Ei Hlaing



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.