Style Note   |   Posted on Jan 30, 2018 by Elijah htang

မြင်သူတကာငေး Shirt ဖက်ရှင်လေး


သိပ်ကိုအမြင်လှပြီး ဆွဲဆောင်မှုရှိတဲ့ နွေဦးရာသီ Shirt ဖက်ရှင်တွေကို လွယ်ကူစွာ ဝတ်ဆင်လိုက်ကြရအောင်နော်။

Share this article

အေးမြခြင်းတွေက တစစ ကုန်ဆုံးလာပြီး နွေးဦးရဲ့ နေခြည်နွေးနွေးလေးကလည်းဖြာကျလာပြီလေ။ အဲဒီလို နွေးထွေးတဲ့ ရာသီဥတုနဲ့အတူကိုယ်တွေ ရဲ့ အပြင်ခြုံအနွေးထည်တွေကလည်း ခေါက်သိမ်းရမယ့် အချိန် ရောက်လို့လာပြီ။ ဖက်ရှင်ကျတဲ့ အနွေးထည်တွေမရှိပဲနဲ့ လှပတဲ့ နွေးဦးမှာ စတိုင်တွေ ထူးခြားနေဖို့ ဘာတွေကိုများ ဝတ်ဆင်ရမလဲ။ ဖက်ရှင်ချစ်သူတွေ ကို ဘယ်တော့မှ စိတ်မပျက်စေရတဲ့ မြင်သူတကာငေးစေမယ့် ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်မယ့် Shirt ဖက်ရှင်လေးတွေရှိပါတယ်။ Shirt အင်္ကျီတွေက ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာဆို ယုံကြည်မှုအပြည့်တဲ့ အသွင်တစ်ခုကို ပေးစွမ်းနိုင်ပြီး လှပစေတယ်။ Shopping ထွက်အချိန်နဲ့ ကိုယ့်ရဲ့ Day off အချိန်မှာလည်း အဲဒီ Shirt ဖက်ရှင်တွေဟာ သိပ်ကိုအမြင်လှပြီး ဆွဲဆောင်မှုရှိတယ်လေ။ ပြီးတော့ Shirt တွေဟာ ဂျင်းဘောင်းဘီအတိုအရှည်တွေ ၊ ချည်သားဘောင်းဘီတွေ ၊ စတိုင်ဘောင်းဘီတွေ ၊ စကပ်တွေနဲ့ လွယ်ကူစွာ တွဲဖက်ဝတ်ဆင်လို့ရတယ်နော်။အခုပြထားတဲ့ ပုံလေးတွေကို လေ့လာလိုက်ရအောင်နော်။ သူတို့လို ဝတ်ပြီး ကိုယ်တွေရဲ့ အလှတရားတွေကို ဖော်ထုတ်လိုက်ကြမယ်လေ။

Editor : Min Chit Paing



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on May 21, 2018

Billboard Music Awards ဂီ...


Celebrity News   |   Posted on May 21, 2018

Royal Wedding က Meghan Ma...


Celebrity News   |   Posted on May 21, 2018

Prince Harry နဲ့ Meghan M...


Parties & Events   |   Posted on May 21, 2018

အမျိုးသမီးများအကြားရေပန်း...


Style Note   |   Posted on May 21, 2018

White buttoned-down shirt...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.