Film & Music   |   Posted on Dec 26, 2016 by Elijah htang

မယ်အောင်ဒင်ဇာတ်ဝင်တေးသီချင်းနဲ့တင် ပရိသတ်များရယ်မောပျော်ရွှင်ရမည့် ကိုကြီးကွီးတို့၏မာယာ


ဝါရင့်သရုပ်ဆောင်ကြီးများ၏ဟာသဇာတ်ရုပ်မျိုးစုံတို့နှင့် ကိုကြီးကွီးတို့၏ မာယာ

Share this article

နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ဖြန့်ချီပြီး၊ ဒါရိုက်တာ ရာဇ၀င်ကို ရိုက်ကူးမည့် ၀ါရင့် သရုပ်ဆောင်များ၏ ပီပြင်သော ဟာသဇာတ်ကွက်များ နှင့် ကိုကြီးကွီးတို့၏ မာယာ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာမှီအချိန်တွင် ရုံတင်ပြသတော့မည်ဖြစ်သည်။ အဆိုပါဇာတ်ကားကြီးတွင် ၀ါရင့်သရုပ်ဆောင် အနုပညာရှင်များဖြစ်သည့် ရဲအောင်၊ ခန့်စည်သူ၊ ရာဇာနေ၀င်း၊ ဗေလုဝ၊ အောင်မင်းခန့်၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ ၀ါဝါအောင်၊ သွန်းဆက်၊ မျိုးမျိုးခိုင်၊ ဦးတိမ်ညွှန့်၊ ရွှေအိုးနှင့် ဟာသလူရွှင်တော်များစွာတို့ ပါဝင်သရုပ်ဆောင်ထားကြောင်းသိရသည်။

ကိုကြီးကွီးတို့၏မာယာ ဇာတ်ကားကြီးတွင် ပါဝင်သည့် ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်သည့် မယ်အောင်ဒင် တေးသီချင်းကြောင့်လည်း ပရိသတ်ကြီး ရယ်မောပျော်ရွှင်ဖွယ် ရသများကိုခံစားရမည်ဖြစ်ပြီး၊ ဇာတ်လမ်းအမျိုးအစားအနေဖြင့် မိမိ၏ခင်ပွန်းသည်ကို ဆက်ဆက်ထိမခံချစ်ကြသည့် အိမ်ထောင်ရှင်အမျိုးသမီးများ၏ ခံစားချက်များကိုအခြေခံ ရိုက်ကူးထားခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

EDITOR: SOE SOE



Share this article

TOP 5 ARTICLES


Fashion News   |   Posted on Mar 24, 2017

2017 CFDA ဆုပေးပွဲရဲ့ စကာ...


Health & Fitness   |   Posted on Mar 24, 2017

အရေးပေါ်သန္ဓေတားဆေး သောက်တေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.