Celebrity Beauty   |   Posted on Mar 14, 2019 by Hnin Ei Ei Hlaing

နာမည်ကြီး CELEBRITY တွေအသုံးပြုနေတဲ့ SKINCARE PRODUCT များ


ဘယ် Product တွေကို သုံးလို့ အမြဲနုပျိုလှနေကြတာလဲဆိုတာ စိတ်ဝင်စားစရာပါပဲ

Share this article

အသားအရေကောင်းမွန်ပြီး ကြည်ကြည်လေးနဲ့ လှနေဖို့ဆိုတာ မိန်းကလေးတိုင်းဖြစ်ချင်ကြတာပါပဲ။

အသားအရေမကောင်းမွန်ပဲ ညစ်ညစ်ကြီးဖြစ်နေမယ်ဆိုရင် စိတ်ထဲမှာ ကိုယ့်မျက်နှာကို အလိုမကျဖြစ်တက်ပါတယ်။

အသားအရေ ကြည်ကြည်လေးဖြစ်ချင်တယ်ဆိုရင်တော့ မိမိမျက်နှာကို သေချာလေးထိန်းသိမ်းဖို့တော့လိုပါတယ်။

အနုပညာရှင်တွေဆိုရင်လည်း သူတို့ရဲ့ အသားအရေကို ကောင်းမွန်အောင် Skincare Product တွေအသုံးပြုပြီးထိန်းသိမ်းကြပါတယ်။

Celebrity တွေဖြစ်တဲ့အတွက် သူတို့ရဲ့ မျက်နှာအသားအရေကို ပိုပြီးဂရုစိုက်ကြရပါတယ်။

သူတို့အမြဲအသုံးပြုနေတဲ့ Skincare Product လေးတွေလည်းရှိပါတယ်။

သူတို့ ဘယ် Product လေးတွေအသုံးပြုပြီး ထိန်းသိမ်းလဲဆိုတာသိရအောင်၊

အသားအရေထိန်းသိမ်းဖို့ အတွက် ဘယ် Product ရွေးချယ်ရမလဲဆိုတာ သိရအောင် Celebrity တွေအသုံးပြုတဲ့ Skincare Product လေးတွေကိုပြောပြပေးပါမယ်။

 

Emma Watson

သူမက MV Organics Skincare ကိုအရမ်းကြိုက်နှစ်သက်ပါတယ်။

သူမရဲ့ အသားအရေက Sensitive Skin ဖြစ်တော့ ရေဓာတ်ဖြည့်ဖို့လိုအပ်ပါတယ်။

ဒီ Product က moisturiser ပါဝင်တာကြောင့် သူမက အရမ်းကိုကြိုက်နှစ်သက်ပါတယ်။

မျက်နှာပေါ်ကလိုအပ်တဲ့ ရေဓာတ်ကိုဖြည့်ပေးတယ်။

ပြီးတော့နှင်းဆီရနံ့ပါဝင်တာကြောင့် သုံးရတာအနံမွှေးမွှေးလေးနဲ့ သုံးရတာအဆင်ပြေစေပါတယ်။

 

Britney Spears

မိတ်ကပ်တွေအများကြီးလိမ်းရတဲ့သူမအတွက်တော့ မျက်နှာပေါ်ကမိတ်ကပ်တွေပြောင်ဖို့ကအရေးကြီးပါတယ်။

သူမက ပထမဆုံးမိတ်ကပ်တွေကို Remover နဲ့အရင်ဖျက်ပါတယ်။

နောက်ပြီးရင် Origins Pure Cleanser နဲ့  ထပ်သန့်စင်ပါတယ်။

သူမက Origins Pure Cleanser ကိုအသုံးပြုရတာအရမ်းကြိုက်ပါတယ်။

 

Jourdan Dunn

Supermodel တစ်ယောက်ဖြစ်တဲ့ Jourdan Dunn ကတော့ Pixi Glow Tonic Toner ကိုကြိုက်နှစ်သက်ပါတယ်။

Margot Robbie

သူမကတော့ 111Skin Bio Cellulose Facial Treatment Mask ကိုအသုံးပြုရတာကြိုက်နှစ်သက်သက်ပါတယ်။ 

Victoria Beckham

သူမကတော့ Lancer skincare product တွေရဲ့ Fan တစ်ယောက်ဖြစ်တာကြောင့် Lancer ကထွက်တဲ့ Product တွေကိုဆို အမြဲသုံးဖြစ်ပါတယ်။

Suki Waterhouse

သူမက ခရီးသွားတဲ့ အခါတွေဆို Weleda Skin Food ကိုအမြဲသုံးဖြစ်ပါတယ်။

Selena Gomez

သူမ အကြိုက်ဆုံး Beauty Product ကတော့ Aid Beauty’s Eye Duty Triple Remedy ကိုအကြိုက်ဆုံးပါပဲ။ မျက်ကွင်းညိုနေတာတွေကို သက်သာစေပါတယ်။

Editor: Hnin Ei EI Hlaing

 



Share this article

TOP 5 ARTICLES


Hair   |   Posted on May 21, 2019

ပုဝါတစ်ထည်နဲ့ HAIR LOOK အ...


Trends   |   Posted on May 21, 2019

2019 ရဲ့ Runway ပေါ်က Seou...


Fashion News   |   Posted on May 20, 2019

Fenty Beauty ပြီးတော့ lux...


Fashion News   |   Posted on May 17, 2019

Calvin Klein ရဲ့ New Camp...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.