Celebrity Beauty   |   Posted on Nov 26, 2019 by Ja Seng Pan

Netflix ရဲ့ နာမည်ကြီး Stranger Things Series ထဲက မင်သက်စရာကောင်းတဲ့ Beaut Look များ


မကြည့်ရသေးတဲ့သူတွေအတွက်တော့ Spoiler Alert နော်။

Share this article

Netflix ရဲ႕ အေအာင္ျမင္ဆုံး Series ထဲက တစ္ခုျဖစ္တဲ့ Stranger things က Season 1 မွကတည္းက ပရိတ္သတ္အားေပးမႈရခဲ့တာ အခု

Season 3 ထိေတာင္ ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။ Stranger things ရဲ႕ ထူးျခားတဲ့ဇာတ္လမ္းအသြားအလာေၾကာင့္ေကာ၊

ပါဝင္တဲ့သ႐ုပ္ေဆာင္ေတြရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြကပါ ေကာင္းလြန္းလို႔ ပရိတ္သတ္ေတြ သေဘာက်ႏွစ္ၿခိဳက္မႈကိုရရွိေနတာျဖစ္ပါတယ္။

Stranger Things ရဲ႕ အေျပာင္ေျမာက္ဆုံး ဖန္တီးမႈတစ္ခုျဖစ္တဲ့ 1980s ခုႏွစ္က Fashion ေတြ၊ Hairstyle ေတ၊ Setting ေတြက အားလုံးရဲ႕ အာ႐ုံကို အပီအျပင္ဖမ္းစားႏိုင္လြန္းတာကလည္း ျငင္းလို႔မရပါဘူး။ 

သူတို႔ရဲ႕ Makeover ေတြက စိတ္ဝင္စားစရာေကာင္းတာမို႔Stranger Things ခ်စ္သူေတြအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။

 

Fabulous Hair 



Stranger Things ဇာတ္လမ္းတြဲကို အေကာင္းဆုံးပံ့ပိုးမႈတစ္ခုျဖစ္ခဲ့တဲ့ Hairstyle ေတြက 80s ခုႏွစ္ကို ျပန္လည္လြမ္းဆြတ္ေစခဲ့တာအမွန္ပါ။ ေက်ာင္းမွာ Popular အျဖစ္ဆုံး ေကာင္ေလးျဖစ္တဲ့ Steve ရဲ႕ ဆံပင္စတိုင္က ခ်ာတိတ္ေလးေတြအတြက္ စံနမူနာတစ္ခုပဲ ျဖစ္ပါတယ္။ ‘ီပြေယာင္းေယာင္းဆံပင္ပုံစံအတြက္ Hair Styling တစ္သင္းလုံးက ေလ့လာမႈေတြ အမ်ားႀကီးလုပ္ခဲ့ရပါတယ္။ George Coloney နဲ႔ Bratt Pitt တို႔ ငယ္ငယ္တုန္းက High School ေက်ာင္းသားေတြရဲ႕ ဆံပင္ပုံစံေတြကို Inspire ယူထားၿပီး ျပဳလုပ္ထားခဲ့တာပဲျဖစ္ပါတယ္။ Steve ဇာတ္ေကာင္နဲ႔ အင္မတန္မွ လိုက္ဖက္လွၿပီး ၁၉၈၀ ခုႏွစ္က ခပ္ဆိုးဆိုး ခပ္ေခ်ေခ် ေကာင္ေလးအျဖစ္နဲ႔ တကယ့္ကို ခံစားမိမွာပါ။



Season 2 မွာ ေယာက်ၤားေလးတစ္ေယာက္အတြက္ ဆံပင္စတိုင္ကလည္း အေရးႀကီးတယ္ဆိုတာကို ျပသသြားတဲ့ Dustin ရဲ႕ Hair Style ကိုလည္း ခ်န္ထားလို႔မရပါဘူး။ 80s ရဲ႕ ေခတ္အစားဆုံး ဆံပင္ပုံစံကို အေကာင္းဆုံးပုံေဖာ္ႏိုင္ခဲ့လို႔ ပရိတ္သတ္ေတြရဲ႕ အားေပးမႈကို အျပည့္အဝရခဲ့တဲ့ Makeover တစ္ခုပဲျဖစ္ပါတယ္။ ေက်ာင္းကပြဲ (Snowball) ကိုသြားဖို႔ ခပ္မိုက္မိုက္ဆံပင္စတိုင္နဲ႔ ယုံၾကည္မႈအျပည့္ျဖစ္ေနတဲ့ Dustin တစ္ေယာက္ Steve ဆီက ဆံပင္ပုံသြင္းနည္းေတြကို သင္ယူခဲ့တာျဖစ္ပါတယ္။ Farrah Fawcett Hair Spray က Steve နဲ႔ Dustin တို႔အတြက္ မရွိမျဖစ္ပါ။ ဒီ Scene အတြက္ ဆံပင္ျပင္ဆင္မႈကို Heavy Gel ေတြအမ်ားႀကီးသုံးထား ၿပီး ပုံသြင္းရပါတယ္။ Blow Dry လုပ္ရတာျဖစ္ၿပီး ေခြေခြေကာက္ေကာက္ဆံပင္ေတြ ရရွိဖို႔ အရင္ေခတ္က ေကာက္တံေတြနဲ႔ လိပ္ခဲ့ရတာျဖစ္ၿပီး အခ်ိန္ေတာ္ေတာ္ယူခဲ့တယ္လို႔ ဆိုပါတယ္။


Season 3 မွာ အမ်ိဴးသမီးတစ္ေယာက္ရဲ႕ စြမ္းေဆာင္ရည္၊ အရည္အခ်င္းကို အျပည့္အဝျပသခဲ့တဲ့ Nancy ရဲ႕ ဆံပင္စတိုင္က 80s တုန္းက ႐ုံးသြား၊ ေက်ာင္းသြား မိန္းမပ်ိဴေလးျပင္ဆင္တဲ့ ေပါ့ေပါ့ပါးပါးဆံပင္ပုံစံပါ။ ဒီ Series ထဲမွာ သူမရဲ႕ ဆံပင္ထုံးဖြဲ႕မႈပုံစံမ်ိဴးစုံကို တစ္ဝႀကီးျမင္ရမွာပါ။ ခုေနာက္ပိုင္း ျပန္ေခတ္စားလာတဲ့ Hair Accessories ေတြထဲက တစ္ခု ျဖစ္တဲ့ ဖဲျပားေလးေတြကို အမ်ိဴးမ်ိဴးဆင္ယင္တာကို Vintage Mood နဲ႔ခံစားရမွာပါ။ Nancy ရဲ႕ Best Style အတြက္ ဆံပင္ေတြကို Natural Curl ေလာက္သာျပင္ဆင္ၿပီး Sweater ေလးနဲ႔ ွStranger Things အထာျပန္လည္ဖန္တီးႏိုင္တယ္ေနာ္။



Season 3 မွာ ဇာတ္ေကာင္အသစ္အေနနဲ႔ မိတ္ဆက္ေပးလိုက္တဲ့ Robin ရဲ႕ Hair Style ကလည္း ဆြဲေဆာင္မႈေကာင္းေနပါတယ္။ Starcourt Mall မွာ Steve နဲ႔ ေရခဲမုန႔္ေရာင္းတဲ့ Coworker အျဖစ္ပါဝင္ထားတာျဖစ္ပါတယ္။ မိန္းကေလးသိပ္မဆန္ပဲ ခ်စ္စရာေကာင္းတဲ့ ေပါ့ေပါ့ပါးပါး Chic Bob Hair Style ကို ေ႐ြးခ်ယ္ထားတာျဖစ္ပါတယ္။ ဒီဆံပင္ပုံစံအတြက္ Layer ခပ္မ်ားမ်ားနဲ႔ Blunt Cut ကို ဖန္တီးထားတာပါ။ ဆံပင္အရင္းကေန Natural Wave ေလးေတြျဖစ္ေနေအာင္ Waving Iron ကိုအသုံးျပဳထားပါတယ္။ Self confidence ရွိေပမယ့္ ေၾကာင္ေတာင္ေတာင္ႏိုင္လွတဲ့ Robin ရဲ႕ Character က ဒီျပင္ဆင္မႈနဲ႔ လိုက္ဖက္လြန္းမေနဘူးလား။

Eleven's Summer Scrunchie



Season 3 မွာ Eleven ရဲ႕ ျပင္ဆင္ျခယ္သမႈေတြက ေတာ္ေတာ္မ်ားမ်ား ေျပာင္းလဲသြားတာ သတိထားမိၾကမွာပါ။ ကာလာစုံဖက္ရွင္နဲ႔ သြက္သြက္လပ္လပ္ Eleven ကို တစ္မ်ိဴးဆန္းသစ္ၿပီး ျမင္ရမွာပါ။ Season 3 ရဲ႕ Episode 4 က Eleven ရဲ႕ Hair Accessory ျဖစ္တဲ့ အဝါေရာင္ Scrunchie ကို ရင္းႏွီးေနၾကမယ္လို႔ထင္ပါတယ္။ ဂုတ္ဝဲဆံပင္ေလးနဲ႔ Eleven က ဆံပင္ေတြကို Scrunchie နဲ႔အေပၚမွာ စုခ်ည္ထားတာျဖစ္ၿပီး Max ေကာ၊ Nancy ပါ ဒီ Scrunchie ေတြနဲ႔ ဆံပင္ကို အလွဆင္ထားတာကို ဒီ Series ထဲမွာေတြ႕ရမွာပါ။ ေပါ့ေပါ့ပါးပါးျဖစ္ၿပီး လူငယ္ဆန္လွတဲ့ Scrunchie ေတြက 80s ေခတ္တုန္းက မိန္းကေလးေတြရဲ႕ အႀကိဳက္ဆုံး Hair Accessories တစ္ခုျဖစ္ခဲ့ပါတယ္။ ခု ၂၀၁၉ မွာလည္း ျပန္ေခတ္စားေနတဲ့ Hair Accessories Trend ထဲက Scrunchie ေလးေတြလို႔လည္း ေျပာလို႔ရပါတယ္။ Eleven ရဲ႕ Summer Hair Style ေလးကို ကိုယ့္ကိုယ္တိုင္လည္း အလြယ္တကူ ျပန္လည္ပုံေဖာ္လို႔ရတယ္ေနာ္။

Karen's Dramatic Eye Makeup



Season 3 မွာ အမိုက္စား Pool Makeup ကို ျပသလိုက္တာကေတာ့ Mike Wheeler ရဲ႕ အေမျဖစ္သူ Karen ပါ။ ေရကူးကန္ Scene မွာ ေရကူးၿပီး ျပန္တက္လာတဲ့အခ်ိန္မွာေတာင္ ပ်ံ႕လြင့္တာမရွိတဲ့ Eye Makeup မို႔ အမ်ိဴးသမီးပရိတ္သတ္ေတြၾကားမွာ နာမည္ႀကီးလို႔ေနပါတယ္။ ဒီ Smudgeless Eye Makeup Look ကိုရဖို႔အတြက္ Primer အဆင့္မ်ားစြာခံရၿပီး Setting Spray အကူအညီလည္း အမ်ားႀကီးယူခဲ့ရပါတယ္။ Eye Makeup ေတြေနရာအႏွံ႔ မေပက်န္သြားရေအာင္ Waterproof Mascara ကို အသုံးျပဳထားပါတယ္။ အေရာင္ေတာက္ေတာက္ Eyeshadow ကိုအသုံးျပဳထားတာက 1985 ခုႏွစ္ရဲ႕ Summer Makeup Style ကို ေကာင္းေကာင္းႀကီး ပုံေဖာ္ထားႏိုင္ခဲ့ပါတယ္။ Product ေတာ္ေတာ္မ်ားမ်ားကို M.A.C သာအသုံးျပဳထားၿပီး ခပ္ထူထူျခယ္သထားပါတယ္လို႔ Makeup Artist Amy Forsynthe က မွ်ေဝထားပါတယ္။

Editor: Pan JN

Unicode 

Netflix ရဲ့ အအောင်မြင်ဆုံး Series ထဲက တစ်ခုဖြစ်တဲ့ Stranger things က Season 1 မှကတည်းက ပရိတ်သတ်အားပေးမှုရခဲ့တာ အခု Season 3 ထိတောင် ရောက်လာခဲ့ပြီဖြစ်ပါတယ်။ Stranger things ရဲ့ ထူးခြားတဲ့ဇာတ်လမ်းအသွားအလာကြောင့်ကော၊ ပါဝင်တဲ့သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေကပါ ကောင်းလွန်းလို့ ပရိတ်သတ်တွေ သဘောကျနှစ်ခြိုက်မှုကိုရရှိနေတာဖြစ်ပါတယ်။ Stranger Things ရဲ့ အပြောင်မြောက်ဆုံး ဖန်တီးမှုတစ်ခုဖြစ်တဲ့ 1980s ခုနှစ်က Fashion တွေ၊ Hairstyle တေ၊ Setting တွေက အားလုံးရဲ့ အာရုံကို အပီအပြင်ဖမ်းစားနိုင်လွန်းတာကလည်း ငြင်းလို့မရပါဘူး။ MODA Magazine ရဲ့ စက်တင်ဘာလ Beauty ကဏ္ဍမှာ Stranger Things Series ထဲက Beauty Moment တွေကို ကျွန်မကိုယ်တိုင်ကိုက Stranger Things Fan ဖြစ်နေတာရော ထူးထူးခြားခြားလေးပါဖြစ်သွားအောင် တင်ဆက်ပေးခဲ့ပါတယ်။ သူတို့ရဲ့ Makeover တွေက စိတ်ဝင်စားစရာကောင်းတာမို့ မိတ်ကပ်ပြင်ရတာကြိုက်တဲ့ မောင်လေး၊ ညီမလေးတွေကော Stranger Things ချစ်သူတွေအတွက်ပါ ပျော်ပျော်ကြီး ဖော်ပြပေးလိုက်ရပါတယ်။ နောက်တစ်ခုသတိပေးချင်တာက Spoiler Alert မို့ မကြည့်ရသေးရင် တာဝန်မယူဘူးနော်။

Fabulous Hair




Stranger Things ဇာတ်လမ်းတွဲကို အကောင်းဆုံးပံ့ပိုးမှုတစ်ခုဖြစ်ခဲ့တဲ့ Hairstyle တွေက 80s ခုနှစ်ကို ပြန်လည်လွမ်းဆွတ်စေခဲ့တာအမှန်ပါ။ ကျောင်းမှာ Popular အဖြစ်ဆုံး ကောင်လေးဖြစ်တဲ့ Steve ရဲ့ ဆံပင်စတိုင်က ချာတိတ်လေးတွေအတွက် စံနမူနာတစ်ခုပဲ ဖြစ်ပါတယ်။ ‘ီပွယောင်းယောင်းဆံပင်ပုံစံအတွက် Hair Styling တစ်သင်းလုံးက လေ့လာမှုတွေ အများကြီးလုပ်ခဲ့ရပါတယ်။ George Coloney နဲ့ Bratt Pitt တို့ ငယ်ငယ်တုန်းက High School ကျောင်းသားတွေရဲ့ ဆံပင်ပုံစံတွေကို Inspire ယူထားပြီး ပြုလုပ်ထားခဲ့တာပဲဖြစ်ပါတယ်။ Steve ဇာတ်ကောင်နဲ့ အင်မတန်မှ လိုက်ဖက်လှပြီး ၁၉၈၀ ခုနှစ်က ခပ်ဆိုးဆိုး ခပ်ချေချေ ကောင်လေးအဖြစ်နဲ့ တကယ့်ကို ခံစားမိမှာပါ။



Season 2 မှာ ယောင်္ကျားလေးတစ်ယောက်အတွက် ဆံပင်စတိုင်ကလည်း အရေးကြီးတယ်ဆိုတာကို ပြသသွားတဲ့ Dustin ရဲ့ Hair Style ကိုလည်း ချန်ထားလို့မရပါဘူး။ 80s ရဲ့ ခေတ်အစားဆုံး ဆံပင်ပုံစံကို အကောင်းဆုံးပုံဖော်နိုင်ခဲ့လို့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရခဲ့တဲ့ Makeover တစ်ခုပဲဖြစ်ပါတယ်။ ကျောင်းကပွဲ (Snowball) ကိုသွားဖို့ ခပ်မိုက်မိုက်ဆံပင်စတိုင်နဲ့ ယုံကြည်မှုအပြည့်ဖြစ်နေတဲ့ Dustin တစ်ယောက် Steve ဆီက ဆံပင်ပုံသွင်းနည်းတွေကို သင်ယူခဲ့တာဖြစ်ပါတယ်။ Farrah Fawcett Hair Spray က Steve နဲ့ Dustin တို့အတွက် မရှိမဖြစ်ပါ။ ဒီ Scene အတွက် ဆံပင်ပြင်ဆင်မှုကို Heavy Gel တွေအများကြီးသုံးထား ပြီး ပုံသွင်းရပါတယ်။ Blow Dry လုပ်ရတာဖြစ်ပြီး ခွေခွေကောက်ကောက်ဆံပင်တွေ ရရှိဖို့ အရင်ခေတ်က ကောက်တံတွေနဲ့ လိပ်ခဲ့ရတာဖြစ်ပြီး အချိန်တော်တော်ယူခဲ့တယ်လို့ ဆိုပါတယ်။



Season 3 မှာ အမျိူးသမီးတစ်ယောက်ရဲ့ စွမ်းဆောင်ရည်၊ အရည်အချင်းကို အပြည့်အဝပြသခဲ့တဲ့ Nancy ရဲ့ ဆံပင်စတိုင်က 80s တုန်းက ရုံးသွား၊ ကျောင်းသွား မိန်းမပျိူလေးပြင်ဆင်တဲ့ ပေါ့ပေါ့ပါးပါးဆံပင်ပုံစံပါ။ ဒီ Series ထဲမှာ သူမရဲ့ ဆံပင်ထုံးဖွဲ့မှုပုံစံမျိူးစုံကို တစ်ဝကြီးမြင်ရမှာပါ။ ခုနောက်ပိုင်း ပြန်ခေတ်စားလာတဲ့ Hair Accessories တွေထဲက တစ်ခု ဖြစ်တဲ့ ဖဲပြားလေးတွေကို အမျိူးမျိူးဆင်ယင်တာကို Vintage Mood နဲ့ခံစားရမှာပါ။ Nancy ရဲ့ Best Style အတွက် ဆံပင်တွေကို Natural Curl လောက်သာပြင်ဆင်ပြီး Sweater လေးနဲ့ ှStranger Things အထာပြန်လည်ဖန်တီးနိုင်တယ်နော်။



Season 3 မှာ ဇာတ်ကောင်အသစ်အနေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ Robin ရဲ့ Hair Style ကလည်း ဆွဲဆောင်မှုကောင်းနေပါတယ်။ Starcourt Mall မှာ Steve နဲ့ ရေခဲမုန့်ရောင်းတဲ့ Coworker အဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ မိန်းကလေးသိပ်မဆန်ပဲ ချစ်စရာကောင်းတဲ့ ပေါ့ပေါ့ပါးပါး Chic Bob Hair Style ကို ရွေးချယ်ထားတာဖြစ်ပါတယ်။ ဒီဆံပင်ပုံစံအတွက် Layer ခပ်များများနဲ့ Blunt Cut ကို ဖန်တီးထားတာပါ။ ဆံပင်အရင်းကနေ Natural Wave လေးတွေဖြစ်နေအောင် Waving Iron ကိုအသုံးပြုထားပါတယ်။ Self confidence ရှိပေမယ့် ကြောင်တောင်တောင်နိုင်လှတဲ့ Robin ရဲ့ Character က ဒီပြင်ဆင်မှုနဲ့ လိုက်ဖက်လွန်းမနေဘူးလား။

Eleven's Summer Scrunchie



Season 3 မှာ Eleven ရဲ့ ပြင်ဆင်ခြယ်သမှုတွေက တော်တော်များများ ပြောင်းလဲသွားတာ သတိထားမိကြမှာပါ။ ကာလာစုံဖက်ရှင်နဲ့ သွက်သွက်လပ်လပ် Eleven ကို တစ်မျိူးဆန်းသစ်ပြီး မြင်ရမှာပါ။ Season 3 ရဲ့ Episode 4 က Eleven ရဲ့ Hair Accessory ဖြစ်တဲ့ အဝါရောင် Scrunchie ကို ရင်းနှီးနေကြမယ်လို့ထင်ပါတယ်။ ဂုတ်ဝဲဆံပင်လေးနဲ့ Eleven က ဆံပင်တွေကို Scrunchie နဲ့အပေါ်မှာ စုချည်ထားတာဖြစ်ပြီး Max ကော၊ Nancy ပါ ဒီ Scrunchie တွေနဲ့ ဆံပင်ကို အလှဆင်ထားတာကို ဒီ Series ထဲမှာတွေ့ရမှာပါ။ ပေါ့ပေါ့ပါးပါးဖြစ်ပြီး လူငယ်ဆန်လှတဲ့ Scrunchie တွေက 80s ခေတ်တုန်းက မိန်းကလေးတွေရဲ့ အကြိုက်ဆုံး Hair Accessories တစ်ခုဖြစ်ခဲ့ပါတယ်။ ခု ၂၀၁၉ မှာလည်း ပြန်ခေတ်စားနေတဲ့ Hair Accessories Trend ထဲက Scrunchie လေးတွေလို့လည်း ပြောလို့ရပါတယ်။ Eleven ရဲ့ Summer Hair Style လေးကို ကိုယ့်ကိုယ်တိုင်လည်း အလွယ်တကူ ပြန်လည်ပုံဖော်လို့ရတယ်နော်။

Karen's Dramatic Eye Makeup



Season 3 မှာ အမိုက်စား Pool Makeup ကို ပြသလိုက်တာကတော့ Mike Wheeler ရဲ့ အမေဖြစ်သူ Karen ပါ။ ရေကူးကန် Scene မှာ ရေကူးပြီး ပြန်တက်လာတဲ့အချိန်မှာတောင် ပျံ့လွင့်တာမရှိတဲ့ Eye Makeup မို့ အမျိူးသမီးပရိတ်သတ်တွေကြားမှာ နာမည်ကြီးလို့နေပါတယ်။ ဒီ Smudgeless Eye Makeup Look ကိုရဖို့အတွက် Primer အဆင့်များစွာခံရပြီး Setting Spray အကူအညီလည်း အများကြီးယူခဲ့ရပါတယ်။ Eye Makeup တွေနေရာအနှံ့ မပေကျန်သွားရအောင် Waterproof Mascara ကို အသုံးပြုထားပါတယ်။ အရောင်တောက်တောက် Eyeshadow ကိုအသုံးပြုထားတာက 1985 ခုနှစ်ရဲ့ Summer Makeup Style ကို ကောင်းကောင်းကြီး ပုံဖော်ထားနိုင်ခဲ့ပါတယ်။ Product တော်တော်များများကို M.A.C သာအသုံးပြုထားပြီး ခပ်ထူထူခြယ်သထားပါတယ်လို့ Makeup Artist Amy Forsynthe က မျှဝေထားပါတယ်။

Editor: Pan JN

 

 



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကျင...


Celebrity Style   |   Posted on Dec 12, 2019

အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.