Hair   |   Posted on Sep 20, 2019 by Ja Seng Pan

New York Fashion Week မှာ ပြင်ဆင်ပြသခဲ့တဲ့ Hairstyle များ


လာမယ့် Spring/ summer မှာ ခေတ်စားလာမယ့် Design တွေကို Preview အနေနဲ့ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Share this article

 

ဒီတစ်ခေါက်မှာတော့ New York Fashion Week မှာ ပြင်ဆင်ပြသခဲ့တဲ့ Hairstyle တွေကို ဖော်ပြပေးသွားပါမယ်နော်။ ဒီ Hairstyle တွေဟာ လာမယ့် Spring/ summer မှာ ခေတ်စားလာမယ့် Design တွေကို Preview အနေနဲ့ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ဘယ်လို style တွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်နော်။

 

 

Pearl Stickers

မိန်းကလေးဆန်ပြီး သပ်သပ်ရပ်ရပ်လေးနဲ့ လှနေစေမယ့် Style ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလည်း ဖြစ်တဲ့အတွက် summer နဲ့ လိုက်ဖက်မှာ အသေအချာပါပဲ။

 

Low-Slung Messy Bun

ကပိုကရိုနဲ့ ဖက်ရှင်ကျကျစတိုင်လ်တစ်မျိုးပါ။ ဆံပင်တွေကို လျော့ရဲရဲ ချည်နှောင်ပြီး ကျန်နေတဲ့ ဆံပင်တွေကို ကလစ်လေးနဲ့ ဖွဖွလေး ပြန်ထုံးထားတဲ့ style တစ်မျိုးပါ။ အလုပ်လုပ်တဲ့အမျိုးသမီးတွေအတွက် ချည်နှောင်ရလွယ်ကူမယ့် ဖက်ရှင်ပါ။

 

Combed-Back Waves

ဒီပုံစံလေးကတော့ ၁၉၄၀ လောက်တုန်းက လွှမ်းမိုးခဲ့တဲ့ style လေးဖြစ်ပါတယ်။ အခုထိလည်း မရိုးသေးသလို လာမယ့် ၂၀၂၀ မှာလည်း ပြန်လည်ခေတ်စားလာမယ့် Style လေးတစ်ခုပဲ ဖြစ်ပါတယ်။

 

Whip Braids

အရိုးရှင်းဆုံးနဲ့ ဖက်ရှင်ကျစေမယ့် style ပါ။ ပိုနီတေးချည်နှောင်ပြီး ကျစ်ဆံမြီးပြန်ကျစ်ထားတဲ့ ပုံစံမျိုးပါ။ အပြောင်သိမ်းတဲ့ ပုံစံမျိုးနဲ့ လိုက်ဖက်တဲ့ မျက်နှာပိုင်ရှင်ဆိုရင်တော့ ဒီပုံစံလေးက လိုက်ဖက်နေမှာပါနော်။

 

Hair Scarves

Scarf နဲ့ ပေါင်းစပ်ပြီး ချည်နှောင်တဲ့ Design ပါ။ Summer Trend တစ်ခုအဖြစ် ခေတ်စားလာမယ့် စတိုင်လ်တစ်ခုလည်း ဖြစ်ပါတယ်။ ကမ်းခြေသွားမယ့် သူတွေအတွက်လည်း အကြိုက်တွေစေမယ့် Hair Design လေးပါ။

Editor : Lin Lin



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကငြ...



အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.