Interiors   |   Posted on Dec 19, 2016 by Elijah htang

NEW YORK ရှိ DERON WILLIAM ရဲ့ ကွန်ဒိုအခန်းကျယ်ကို ADELE ဌားရမ်း


Adele ကတော့ ရွေးချယ်ရာမှာ အိမ်ခြံအကြီးကြီးတွေကို အလွန်ပဲနှစ်သက်တယ်ဆိုတာ New York ခရီးစဉ်မှာ ဌားရမ်းနေထိုင်တဲ့ကွန်ဒိုကို ကြည့်လိုက်ရင်သိနိုင်ပါတယ်။

Share this article

စက်တင်ဘာတုန်းက Madison Square Garden ခရီးစဉ်မှာ  British အဆိုတော်သူမအနေနဲ့ ဘက်စကတ်ဘောသမား Deron Williams ရဲ့ ကွန်ဒိုအကြီးကြီးမှာ ၃ ပတ်လောက်ဌားနေခဲ့ပါတယ်။ Williams အနေနဲ့ 35 North Moore လမ်းရှိ အိမ်ရဲ့အပေါ်ဆုံးအထပ် (penthouse) ကို လွန်ခဲ့တဲ့ သြဂုတ်လက ဒေါ်လာ ၃၃.၅ မီလီယံနဲ့ ဈေးခေါ်ထားပေမယ့် အခုတော့ ဒေါ်လာ ၂၈ မီလီယံနဲ့ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ Luxury Listings NYC မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဌားရမ်းလို့လည်းရနိုင်ပြီး တစ်လကို ဒေါ်လာ ၆၀,၀၀၀ ခန့်ကျသင့်မှာဖြစ်ကာ ပရိဘောဂ အစုံအလင်ပါဝင်ပါတယ်။

အကျယ်အဝန်းအနေဖြင့် အတွင်းပိုင်း ၇,၂၀၀ စတုရန်းပေ၊ အပြင်ပိုင်း ၂,၇၀၀ စတုရန်းပေရှိပြီး အမေရိကန်ရှိ ပုံမှန်အိမ်အကျယ်အဝန်းဟာ ၂,၅၀၀ စတုရန်းပေထက်လျော့နည်းတယ်ဆိုတော့ အဲ့နေရာက ပုံမှန်အိမ်ထက်ကို ကျယ်ဝန်းတယ်လို့ ဆိုရမှာပါ။

အထဲမှာ မီးလင်းဖို၊ များပြားလှသော နေရာထိုင်ခင်းများ (တိုက်ခန်းနေရာ ၂ ခု ပေါင်းစပ်ခြင်းကြောင့် ယခုလိုအကျယ်အဝန်းကောင်းမွန်တာပါ)၊ ပြတင်းမှန်အကြီးကြီးတွေ၊ မြင့်မားတဲ့မျက်နှာကျက်၊ ဘားနေရာ၊ မီဒီယာခန်း၊ ဝိုင်ခန်းစတာတွေအပြင် လုံခြုံရေးကင်မရာတွေလည်း တပ်ဆင်ထားပါတယ်။

ဒီနှစ် မေလမှာလည်း Adele က Bevely Hills အိမ်ဂေဟာကို ဒေါ်လာ ၉.၅ မီလီယံနဲ့ဝယ်ခဲ့တာ ဆိုတော့လည်း Williams နေရာမှာ ဌားနေတယ်မထူးဆန်းတော့ပါဘူး။

REF: ELLE



Share this article

TOP 5 ARTICLES


makeup   |   Posted on Feb 20, 2017

Fifty Shades Darkerထဲက An...


makeup   |   Posted on Feb 19, 2017

New York Fashion Week ရဲ့...


makeup   |   Posted on Feb 18, 2017

Beauty and the Beast ဇာတ်...


trend report   |   Posted on Feb 17, 2017

နယူးယောက်ခ် Hip Hop ယဉ်ကေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.