Skin   |   Posted on Oct 18, 2019 by Ja Seng Pan

Nivea ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ NIVEA CELLular Day Cream SPF 30 နဲ့ Nivea Cellular Night Cream


အိုမင်းရင့်ရော်ခြင်းကို ကုစားပေးမယ့် Skincare ကိုလည်း ပုံမှန်အသုံးပြုပေးမယ်ဆိုရင်တော့ ဘာကိုမှ ကြောက်နေစရာမလိုတော့ဘူးနော်။

Share this article

ပျိုမေတို့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ခံစားရတာဟာ အလွန်ဆိုးဝါးတဲ့ အသားအရေပြဿနာတစ်ခုပါ။ အိုမင်းရင့်ရော်ခြင်းကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းအရာတွေကတော့ စိတ်ဖိစီးမှုများလွန်းခြင်း၊ အချိုဓာတ်လွန်ကဲစွာစားသုံးခြင်းနဲ့ အိပ်ရေးပျက်ခြင်းနဲ့ နေလောင်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း ကျန်းမာရေးနဲ့ ညီညွှတ်အောင်နေမယ်။ အိုမင်းရင့်ရော်ခြင်းကို ကုစားပေးမယ့် Skincare ကိုလည်း ပုံမှန်အသုံးပြုပေးမယ်ဆိုရင်တော့ ဘာကိုမှ ကြောက်နေစရာမလိုတော့ဘူးနော်။
ဒါကြောင့် အခုတစ်ခေါက်မှာ ပျိုမေတို့ကို NIVEA ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ အိုမင်းရင့်ရော်ခြင်းကို ကုစားပေးနိုင်မယ့် Product အကြောင်း မျှဝေပေးချင်ပါတယ်။ ဒီ Productဟာဆိုရင် မျက်နှာမှာရှိတဲ့ အရေးအကြောင်းများကိုသာမက အမဲစက်များကိုပါ ကုစားပေးနိုင်စွမ်းရှိပါတယ်။


 NIVEA လို့ ဆိုလိုက်တာနဲ့ ကျွန်မတို့ အမေ၊ အဘွားတွေလက်ထက်ကတည်းက စွဲစွဲမြဲမြဲသုံးလာတဲ့ Skin care product တစ်ခုဆိုတာ အားလုံးသိကြမှာပါ။
ကဲ ဒီတော့ NIVEA ရဲ့ Product အသစ်နှစ်မျိူးက အသားအရေအတွက် ဘာတွေကောင်းလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။
NIVEA CELLular Day Cream SPF 30 က အသားအရေ နုပျိူတင်းရင်းဖို့အတွက် အဓိကအရေးပါတဲ့ အသားအရေရဲ့ ကိုယ်ပိုင် Hyaluron ထုတ်လွှတ်မှုကို နှိုးဆွပေးပါတယ်။ ဒါ့အပြင် Hyaluron Cellular Filter Formula က အသားအရေရဲ့ Collagen ထုတ်လုပ်မှုကို ၂၄ % အထိမြှင့်တင်ပေးတာကြောင့် အချက်ချင်းသိသာရုံသာမက ရေရှည်အတွက်ပါ ကောင်းမွန်တဲ့ အသားအရေရလဒ်ကို ရရှိမှာပါ။ အသားအရေ ကောင်းမွန်စေရုံသာမက တင်းရင်းနုပျိုတဲ့ ရလဒ်ကိုပါ ရရှိခံစားရမှာ ဖြစ်ပါတယ်။
 Hyaluronic Acid က အစိုဓာတ်ကို ထိရောက်စွာ ဖြည့်တင်းပေးတာကြောင့် အရေးအကြောင်းများကို သိသိသာသာ လျော့နည်းစေပြီး အသားအရေကို ပိုးသားလေးလို နူးညံ့စေမှာဖြစ်ပါတယ်။ SPF 30 ပါဝင်တာကြောင့် နေလောင်ဒဏ်ကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပေါ့။
နောက်ထပ်တစ်မျိုးကတော့ NIVEA CELLular Night Cream ပါ။ NIVEA CELLular Night Cream က အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်ပေးတဲ့အပြင် အသားအရေအတွင်းပိုင်းမှာရှိတဲ့ ဆဲလ်တွေကို ပြန်လည် ပြုပြင်အားဖြည့်ပေးပါတယ်။ Nightcream လိမ်းတာက ပုံမှန် Skincare လုပ်တာထက် ပိုမိုထိရောက်တဲ့အတွက်ကြောင့် အသုံးပြုကြည့်ဖို့ Recommend ပေးချင်ပါတယ်။ NIVEA CELLular Night Cream ကိုညအိပ်ရာဝင်ခါနီးတိုင်း ပုံမှန်လိမ်းပေးမယ်ဆိုရင် နုပျိူတင်းရင်းပြီး တောက်ပတဲ့ အသားအရေကို ရရှိလာမှာ အသေအချာပါပဲ။




Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.