Parties & Events   |   Posted on Oct 4, 2018 by Ja Seng Pan

ဆန်းသစ်တဲ့နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Vivo V11/ V11i မိတ်ဆက်ပွဲအခမ်းအနား


Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို စက်တင်ဘာ ၂၅၊ ၂၀၁၈ တွင် မြန်မာတစ်နိုင်ငံလုံးကို မိတ်ဆက်ခဲ့သည်

Share this article

Vivo မှ Product အသစ်တစ်ခုဖြစ်သည့် Vivo V11/ V11i မိတ်ဆက်ပွဲကို Melia Hotel ရန်ကုန်မြို့ တွင် ကျင်းပပြုလုပ်ခဲ့တယ်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI နည်းပညာသုံး Vivo စမတ်ဖုန်းအသစ်တွင် မည်သည့်ရှုခင်းတွင်မဆို အခြေအနေ အခိုက်အတန့်မရွေး ပြီးပြည့်စုံသော ဓာတ်ပုံများကို ရိုက်ယူနိုင်မည့် AI ကင်မရာ ပါရှိသည့်အပြင် AI နည်းပညာသည် ပို၍စမတ်ကျပြီး ပိုမိုရိုးရှင်း  သော လူနေမှုဘဝပုံစံ ကို ပေးစွမ်းနိုင်ပါသည်။ Vivo V11 စမတ်ဖုန်းသစ်သည် Starry Night နှင့် Nebula fusion ရောင်စုံ အရောင်များနှင့် တွဲဖက်ထားသော နောက် ဆုံးပေါ် ဒီဇိုင်းနည်းပညာ အသစ် Halo FullViewTM Display ပါရှိပြီး သုံးစွဲသူ များမှ အကောင်းဆုံးနှင့် အဆင့်မြင့်ဆုံး စမတ်ဖုန်း အတွေ့အကြုံ ပေးစွမ်းနိုင်ရန် 3D ဖုန်းကိုယ်ထည်ကို  ပြုလုပ်ပေးထားပါ သည်။ ကျော့ရှင်းသပ်ရပ်ပြီး စတိုင်ကျသော ဒီဇိုင်းပုံစံရှိသည့်အပြင် In-Display လက်ဗွေနှိပ် နည်းပညာကိုပါ ပေါင်းစပ် ထည့်သွင်း ဖန်တီးထားသည့် V series အနက် ပထမဦးဆုံး စမတ်ဖုန်းဖြစ်ပြီး biometric လုံခြုံမှုအပိုင်းနည်းပညာအပိုင်းတွင် ဆက်လက်ဦးဆောင် နေခြင်းလည်း ဖြစ်ပါသည်။

အဆိုပါပွဲကို Vivo Brand Ambassador တစ်ဦးဖြစ်သည့် ၀ိုင်းစုခိုင်သိန်း နှင့် နာမည်ကျော်အနုပညာရှင်များဖြစ်ကြသည့် ဇေယျ၊ Alice Ong၊ ပိုးကြာဖြူ၊ နန်းစန္ဒလှထွန်း အပြင် အခြားနာမည်ကြီးမော်ဒယ်လ်များတက်ရောက်ခဲ့ကြပါသည်။ ဒါ့အပြင် ဖိတ်ကြားထားသည့် Media များလဲ စုံစုံလင်လင်တက်ရောက်ခဲ့ကြတာတွေ့ ရပါသည်။ ပွဲအခမ်းအနားကို နေ့ လည် ၂ နာရီဝန်းကျင်ခန့် စတင်ခဲ့ကာ ညနေငါးနာရီခန့် တွင် အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါသည်။ ပွဲအခမ်းအနား ပုံရိပ်တွေကို ပြန်လည်ခံစားလို့ ရအောင် မျှဝေပေးလိုက်ပါသည်။

Editor : Hannah



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကငြ...



အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.