Style Note   |   Posted on Aug 22, 2019 by Yin Moe Shinn

nude color ကိုဘယ်လိုအရောင်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်ကြမလဲ?


မျက်လုံးအေးစေတဲ့ Nude color Classic Outfit လေးတွေ

Share this article

အရောင်လေးတွေအားလုံးကချစ်စရာကောင်းကြပါတယ်။ ဒါပေမယ့်ကိုယ့်ရဲ့ အသုံးအဆောင်အဝတ်အထည်တွေအနေနဲ့ ဝတ်ဆင်သုံးစွဲတဲ့အခါမှာတော့ အရောင်တွေကိုပါးနပ်စွာမတွဲစပ်နိုင်ရင်အဲဒီအရာကရုပ်ဆိုးစေမှာပါ။

အရောင်တွေအများကြီးထဲမှာမှဒီတစ်ခါပြောပြပေးချင်တာ Nude color တွေအကြောင်းပါ။ အရောင်ရယ်လို့ ပြောလို့ မရလောက်အောင်ဖျော့တော့နေတဲ့အရောင်လေးတွေကိုဖက်ရှင်ကျကျဘယ်လိုတွဲဖက်ဝတ်ဆင်မလဲဆိုတာကအဓိကကျတဲ့အချက်ပါ။ nude color ဆိုတာ skin color tone  အဖြုနဲ့ အသားရောင်ရောထားတွေကိုရည်ညွှန်းတာမို့ အဲလိုအရောင်ကို outfit အနေနဲ့ ဝတ်ဖို့ ရွေးချယ်တဲ့အခါအရောင်ဖျော့ဖျော့လေးကြောင့်ကိုယ့်အသွင်အပြင်ပါ မှိန်သွားမလား ပေါ်ပါ့မလားဆိုပြီး ခေါင်းမရှုပ်ရအောင် ဘယ်လိုတွဲဖက်ဝတ်ဆင်သင့်လည်းပြောပြပေးမယ်နော်။ အများစုဆယ်ကျော်သက်တွေကတော့ဒီလို nude color ကိုသိပ်ကြိုက်လေ့မရှိပါဘူး။ သူတို့ တွေကအရောင်လွင်လွင်လေးတွေကြိုက်တတ်ကြတာမို့  အခုပြောပြပေးမယ့် nude colorလေးက over 20 တွေအကြိုက်ဖြစ်မယ်လို့ ထင်ပါတယ်။ nude color ကိုဝတ်မယ်ဆိုရင်တော့သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့အရောင်တွေနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ color wheel ရဲ့  complementaryColor နဲ့ တွဲဖက်ဝတ်နိုင်သလို သင့်ဆံပင်အရောင် ဒါမှမဟုတ်မျက်လုံးအရောင်တွေနဲ့  တူတဲ့အရောင်ကိုလည်းရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ နောက်ပြီးသင့်အသားအရေကိုပိုလင်းစေမယ့် လိမ္မော် ၊ အနီ၊ ခရမ်း ၊ပန်းရောင်တို့ နဲ့ လည်းတွဲဖက်နိုင်သလို သင်ဆိုးမယ့်နှုတ်ခမ်းနီအရောင်နဲ့ တူတဲ့ top ကိုလည်း nude colorနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ သင်စိတ်သဘောကျတွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဘာလို့ လည်းဆိုတော့Nude color လို့ခေါ်တဲ့ earth color ဆိုတာမျက်လုံးအေးစေတဲ့အရောင်ဖြစ်ပြီးအမဲရောင်ရဲ့ လိုက်ဖက်မှုကဲ့သို့ အရောင်တော်တော်များများနဲ့လိုက်ဖက်စေမှာပါ။ Navy & nude လို့ဆိုကြသလိုအပြာရင့်ရောင်၊

ကြက်သွေးရောင် ၊ အမဲရောင် ၊ အဖြူရောင်တို့ နဲ့အများအားဖြင့်တွဲဖက်ဝတ်ဆင်တတ်ကြပါတယ်။ရင့်ကျတ်စပြုသူလေးတွေသဘောကျရွေးချယ်တတ်တဲ့အရောင်ဖြစ်ပြီးအမြင်အေးစေတဲ့အပြင် classic ဖြစ်တဲ့အရောင်လေးမို့ ရွေးချယ်ဝတ်သင့်တယ်လို့ ထင်ပါတယ်။ တွဲဖက်ဝတ်ဆင်ဖို့ စဉ်းစားရခက်နေသူတွေအနေနဲ့ လည်းသိသင့်တာလေးတွေသိရပြီမို့  nude color လေးနဲ့  classic outfit လေးတွေဝတ်ပြီးလှနိုင်ကြပါစေနော်။

 

 Editor :Bo



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.