#Unicode
ပျော်ရွှင်တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားသူ။ သမီးလေးကေလေလေးရဲ့ ဖေဖေ။ ထက်မြက်တဲ့ အမျိုးသမီးရဲ့ ခင်ပွန်း။ အောင်မြင်တဲ့ လူငယ်လုပ်ငန်းရှင်တစ်ဦး။ သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာတွေက ဇနီးနဲ့ သမီးလေးအပေါ် နွေးထွေးမှုအပြည့်………..။ သူပြောပြတဲ့ ချစ်ခြင်းမေတ္တာအကြောင်း၊ မိသားစုအကြောင်း၊ အောင်မြင်နေတဲ့ လုပ်ငန်းခွင်အကြောင်းတွေကို သိရှိဖို့အတွက် ဒီလအတွက် MODA Man ကဏ္ဍအတွက် ရွေးချယ်ထားတဲ့ ကိုဥက္ကာငွေနဲ့ တွေ့ဆုံမှု့ကို ဖော်ပြပေးလိုက်ပါတယ်။
Q : မိသားစုဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်လဲ။
A : မိသားစုဆိုတာ အစ်ကို့အတွက်တော့ မရှိမဖြစ်ပေါ့။ ကေဘေဘေးလေးလဲရှိလာပြီဆိုတော့ ဘဝမှာ တစ်ယောက်တည်းဖြတ်သန်းရမယ့်အစား မိသားစုနဲ့ အတူတူဖြတ်သန်းရတော့ ပိုပြီးအဓိပ္ပါယ်ရှိပြီး ပျော်ရွှင်စရာကောင်းတယ်။
Q : အိမ်ထောင်ဘက်အတွက် အစ်ကိုက ဘယ်လိုခင်ပွန်းလို့ ကိုယ့်ကိုကိုယ်ထင်လဲ။
A : အစ်ကိုက ပျော်ပျော်နေတတ်တယ်။ အစ်မကို လည်းချစ်တယ်။ အစ်မက အေးအေးဆေးဆေးနေတတ်တယ်။ အဲ့ဒါကြောင့် အစ်ကိုတို့နှစ်ယောက်လိုက်ဖက်တယ်လို့ အစ်ကိုယူဆတယ်။ တစ်ယောက်နဲ့ တစ်ယောက်က နားလည်မှု အပြည့်အဝရှိတယ်။ အစ်ကိုတို့က ရန်ဖြစ်တာလည်းနည်းတယ်။ အဓိကကတော့ Mutual Respect နဲ့ Mutual understanding ကောင်းကောင်းရှိတဲ့အတွက်ကြောင့် ပျော်စရာကောင်းတဲ့ ယောကျာ်းအနေနဲ့ ကိုယ့်ကိုကိုယ်ယူဆတယ်။
Q : အစ်မကရော အစ်ကို့အတွက် ဘယ်လိုဇနီးမျိူးလဲ။
A : အစ်မက ကေဘေဘေးလေးကို အရမ်းချစ်တယ်။ သူက မိခင်စိတ်အရမ်းကြီးမားတဲ့ အမျိုးသမီးလို့ ကိုယ်ယူဆတယ်။ အဲ့ဒါကြောင့် ကံကောင်းတယ်လို့ ကိုယ့်ကိုကိုယ်ထင်တယ်။
Q : Successful man တစ်ယောက်အတွက် Life Partner က ဘယ်လောက်အထိအရေးကြီးတယ်လို့ ထင်လဲ။
A : ယောကျာ်းလေးတော်တော်များများက ဘယ်လောက်ပဲ လိမ္မာပါစေ အောင်မြင်ပြီဆိုရင် လွတ်တတ်တယ်လေ။ ဒါကြောင့် အိမ်ထောင်ရှိတယ်ဆိုရင် မိသားစုက ထိန်းထိန်းကွပ်ကွပ်လေးရှိမယ်လို့ အစ်ကိုထင်တယ်။ နောက်တစ်ခုကျတော့ ယောကျာ်းလေးတွေက comfort zone ထဲမှာ နေတတ်ကြတယ်။ Comfortable ဖြစ်တာကို ကြိုက်ကြတယ်။ မိသားစုရယ်လို့ ရှိလာပြီဆိုရင် ကိုယ့်မိသားစုအတွက် ကိုယ့်အမျိုးသမီးအတွက်ဆိုပြီးတော့ ပိုပြီးတော့ Motivation ရတယ်။ အစ်ကို့အမြင်မှာတော့ ဘယ်လိုအမျိုးသားပဲ ဖြစ်ဖြစ် Life Partner တစ်ယောက်တော့ လိုအပ်တယ်လို့ ထင်တယ်။
Q : ကိုယ့်ဇနီးကို ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့အချိန်က ဖြစ်ပေါ်ခဲ့တဲ့ခံစားချက်။
A : သူနဲ့က သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးလို့ စားသောက်ဆိုင်တစ်ခုမှာတွေ့တယ်။ တွေ့တွေ့ခြင်းပဲ ကြိုက်သွားကြတာပဲ။ ပျော်ဖို့ကောင်းပါတယ်။
Q : Family တစ်ခုမှာ အိမ်ထောင်ဦးစီးအမျိုးသားတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်လဲ။
A : မရှိမဖြစ်ပေါ့။ ကိုယ့်အမျိုးသမီးဆိုရင် တော်တော်ထက်တဲ့ထဲမှာပါတယ်။ Independent ဖြစ်တယ်။ ဒါပေမယ့် ယောကျာ်းဆိုတာက သူတို့ကို ကာကွယ်ဖို့အတွက် Family တစ်ခုမှာ လိုအပ်တယ်လေ။ ခင်ပွန်းတစ်ယောက်က အိမ်ထောင်တစ်ခုမှာ မရှိမဖြစ်လိုအပ်တယ်လို့ အစ်ကိုထင်တယ်။ နွေးထွေးမှုလည်း ပေးနိုင်တယ်။ ကာကွယ်မှုလည်းပေးနိုင်တယ်။ လုံခြုံမှုလည်းပေးနိုင်တယ်။
Q : ယောကျာ်းတစ်ယောက်ရဲ့ ကြင်နာမှုကရော အိမ်ထောင်တစ်ခုကို ဘယ်လောက်အထိ အကျိူးသက်ရောက်မှုရှိတယ်လို့ ထင်လဲ။
A : အများကြီး အကျိုးသက်ရောက်မှုရှိတယ်။ ယေဘုယျအားဖြင့် အမျိုးသားတော်တော်များများက အေးအေးဆေးဆေးနေတတ်ကြတယ်။ ချစ်တာကို သိပ်မပြတတ်ကြဘူး။ ရုံးသွားတယ်။ အိမ်ပြန်တယ်။ မိသားစုကို အချိန်ပေးတာနည်းတယ်။ နွေးနွေးထွေးထွေးနေတတ်တဲ့ ယောကျာ်းဆိုရင်တော့ မိသားစုပိုပြီး နွေးထွေးတယ်လို့ အစ်ကိုထင်တယ်။ တချို့အဖေတွေဆိုလည်း အဲ့လိုပဲ ချစ်တာကို မပြတတ်ကြဘူး။ ဒါကြောင့် သားသမီးတွေနဲ့ အနေဝေးသွားကြတယ်လို့ အစ်ကို ထင်တယ်။ နွေးနွေးထွေးထွေးနေတတ်တယ်ဆိုရင် မိသားစုတွေ ပိုပြီးသာယာလှပမယ်လို့ ထင်ပါတယ်။
Q : အစ်ကိုနဲ့ အစ်မရဲ့ marriage journey ကို ဘယ်လိုလျှောက်ခဲ့ရလဲ။
A : အစ်တို့နှစ်ယောက်က စကြိုက်ကတည်းက တစ်ယောက်နဲ့ တစ်ယောက်က pressure သိပ်မပေးဘူး။ ယူမှာလား မယူဘူးလား သိပ်ပြီးမစဉ်းစားဖြစ်ဘူး။ Go with the Flow လေးသွားတယ်။ နှစ်ယောက်လုံး Serious ဖြစ်တဲ့အချိန်ကျတော့လည်း နှစ်ယောက်လုံးပြိုင်တူ Serious ဖြစ်တယ်။ အစ်မကို လက်ထပ်ခွင့်တောင်းပြီးတဲ့အချိန်ကျတော့ အစ်ကိုတို့နှစ်ယောက်လုံး အစစအရာရာ တိုင်ပင်ပြီး Plan လုပ်ထားတာပေါ့နော်။ မယူခင်တစ်နှစ်လောက်ကတည်းက အစ်ကိုတို့နှစ်ယောက်လုံး ကိုယ့်ပိုင်ဝင်ငွေရှိအောင် အလုပ်တူတူလုပ်တယ်။ အခု အလုပ်ကလည်း အောင်မြင်တယ်။ အစ်ကိုတို့နှစ်ယောက်က အစစအရာရာတိုင်ပင်ပြီး plan လုပ်ထားသလားတောင်ထင်ရတယ်။ အစစအရာရာအဆင်ပြေပါတယ်။
Q : အောင်မြင်ပျော်ရွှင်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နောက်ကွယ်မှာ သူတို့ကိုချစ်ခြင်းမေတ္တာအပြည့်အဝ ပေးထားတဲ့ ခင်ပွန်းကောင်းရှိနေတယ်လို့ ပြောကြတယ်။ ဒီအပေါ်အမြင်လေးပြောပြပေးပါဦး။
A : အစ်ကိုထင်တာတော့ အောင်မြင်တဲ့အမျိုးသားနောက်မှာလည်း အမျိုးသမီးကောင်းရှိသလို အောင်မြင်တဲ့ အမျိုးသမီးနောက်မှာလည်း အမျိုးသားကောင်းရှိတာပေါ့နော်။ လူတိုင်းက လွယ်လွယ်နဲ့ အောင်မြင်မှု့ကို မရတတ်ကြဘူးလေ။ အောင်မြင်တယ်ဆိုတာ ထက်မြက်ရမယ်။ ကြိုးစားရမယ်။ နေရာတစ်ခုကို ရပ်တည်နိုင်ရမယ်။ ကိုယ်က ယောကျာ်းပဲ ဖြစ်ဖြစ်၊ မိန်းမပဲ ဖြစ်ဖြစ် ကိုယ့်ကို နောက်ကနေ ပံ့ပိုးပေးတဲ့ လူက အပြည့်အဝ ပံ့ပိုးပေးရမယ်ပေါ့နော်။ အစ်ကိုထင်တာတော့ အစ်ကိုတို့နှစ်ယောက်က အလုပ်လည်း တူတူလုပ်နေကြတာဆိုတော့ နှစ်ဖက်လုံးအပြန်အလှန် Support လုပ်နေကြတာပေါ့။
Q : အိမ်ထောင်ကျပြီးတဲ့ အမျိုးသမီးတွေရဲ့ အိမ်တွင်းမှုလုပ်ငန်းတွေမှာ အမျိုးသားတွေရဲ့ ကူညီမှုကို အစ်ကို ဘယ်လိုမြင်လဲ။
A : အစ်ကိုတို့နှစ်ယောက်လုံးက အလုပ်တူတူလုပ်ကြတာဆိုတော့ အိမ်မှုကိစ္စတွေကို သိပ်မလုပ်ဖြစ်ဘူး။ ဒါပေမယ့် ခရီးသွားတဲ့အခါကျရင်တော့ တစ်ယောက်နဲ့ တစ်ယောက် အတူတူလုပ်ဖြစ်ကြတယ်။ ဥပမာ ခရီးသွားလို့ တစ်ခုခုချက်စားကြမယ်ဆိုရင် အစ်ကိုကဟင်းချက်ဝါသနာပါတော့ အစ်ကိုက ဟင်းချက်တယ်။ ခိုင်က ပန်းကန်ဆေးပေးတယ်။ဈေးဝယ်ပေးတယ်။ တစ်ယောက်နဲ့တစ်ယောက် ညီတူညီမျှလေး ကူညီကြတယ်။ အခုလိုခေတ်ကြီးမှာ မိန်းမက အိမ်မှာပဲ နေရမယ်ဆိုတာ မရှိတော့ဘူးပေါ့နော်။ ကလေးနဲ့ဆိုလည်း ဒီတိုင်းပဲ။ နှစ်ယောက်လုံးက မောင်တစ်ထမ်း မယ်တစ်ရွက်တော့ လုပ်နေကြတာပဲပေါ့နော်။
Q : ဇနီးရဲ့ စိတ်ခံစားချက်က ကိုယ့်အတွက် ဘယ်လောက်အထိအရေးပါလဲ။
A : အိမ်ထောင်ရေးတစ်ခုမှာက ကိုယ်ပျော်အောင်ချည်းပဲ နေလို့မရဘူး။ အိမ်ထောင်ရေးဆိုတာက တစ်ယောက်စိတ်ကို တစ်ယောက်လေ့လာမယ်။ သူပျော်ရဲ့လား။ မပျော်ဘူးဆိုရင် ကိုယ်ဘာလုပ်ပေးနိုင်မလဲ အဲ့လိုလေးဂရုစိုက်ရမယ်ပေါ့နော်။ တစ်ယောက်ကတော့ အဆင်ပြေတယ်။ နောက်တစ်ယောက်ကတော့ စိတ်ညစ်နေတယ်ဆိုရင် ဒီအိမ်ထောင်ရေးက ကြာလာရင် အဆင်ပြေမှာမဟုတ်ဘူး။ ကိုယ်ပြောချင်တဲ့အဓိကအချက်ကတော့ အိမ်ထောင်ရေးတစ်ခုမှာ သူအဆင်ပြေရဲ့လား ကိုယ်အဆင်ပြေရဲ့လားဆိုတာ အမြဲတမ်း တိုင်တိုင်ပင်ပင်နေသင့်တယ်လို့ ထင်ပါတယ်။
Q : ကိုယ့်ကိုကိုယ် စကားလုံးတစ်လုံးနဲ့ ဖော်ပြပေးပါဆိုရင် ဘာဖြစ်မလဲ။ ဘာကြောင့်လဲ။
A : HAPPY လို့ ပြောလို့ရတယ်။ ပျော်ပျော်နေတတ်တယ်။ ပွင့်ပွင့်လင်းလင်းနေတတ်တယ်။ ဟန်မဆောင်တတ်ဘူး။ အရမ်းချစ်တတ်တယ်။
Q : အစ်ကို့တို့ရဲ့ Business life ကိုရော ဘယ်လိုတည်ဆောက်ထားလဲ။
A : အစ်ကိုတို့ရဲ့ နှစ်ဖက်မိဘက ပိုက်ဆံရှိသင့်သလောက်ရှိတယ်။ ဒါပေမယ့် အစ်ကိုတို့က ရည်မှန်းချက်ကြီးတယ်။ နှစ်ယောက်လုံးဖြစ်ချင်တာက အိမ်ထောင်ကျပြီးရင် မိဘဆီက ပိုက်ဆံပြန်တောင်းရမှာ အရမ်းကြောက်တယ်။ အစ်ကို သူ့ကို လက်ထပ်ခွင့်တောင်းပြီးကတည်းက အစ်ကိုတို့နှစ်ယောက် အလုပ်တစ်ခု အတူတူလုပ်ကြတယ်။ ကုမ္ပဏီတစ်ခုစထောင်တယ်။ အခုဆိုရင် ၄နှစ်လောက်ရှိပြီ။ MDS Fashion ဆိုတဲ့ စင်ကာပူ Brand ကို franchise အနေနဲ့ လုပ်တယ်။ လာမယ့် နိုဝင်ဘာဆို ဆိုင် ၅ဆိုင်ဖြစ်ပြီ။ ဒါ့အပြင် Convience store တွေ Supermarket တို့လို ဆိုင်တွေမှာ ပစ္စည်းတွေတင်တဲ့ စင်တွေအားလုံးက အစ်ကိုပဲ ရောင်းတာပေါ့။ ကုမ္ပဏီနာမည်က RBS Myanmar ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ရရင် ရသလိုတော့ ကိုယ့်မိဘအလုပ်ကိုလည်း ပြန်ကြည့်ပေးကြပါတယ်။
Q : MDS ရဲ့ အစကို ပြောပြပေးပါဦး။
A : MDS ရဲ့ အစက အစ်မက MDS အကျီတွေကို ဟိုးအရင်ကတည်းက ဝတ်တယ်။ အရင်က အစ်ကို့မိဘအလုပ်နဲ့ အစ်ကိုက စင်ကာပူကို လတိုင်းနီးပါးသွားရတယ်။ သွားတိုင်းလည်း အစ်မက အမြဲ အစ်ကိုနဲ့လိုက်တယ်။ Shopping ထွက်တယ်။ တစ်ရက်ကျတော့ အစ်ကိုက သူဝတ်ထားတဲ့ အကျီကို ဈေးကြီးမယ်ထင်လို့ အရမ်းလည်းလှတော့ ဒီအကျီဘယ်လောက်ပေးရလဲ လို့ မေးလိုက်တဲ့အခါ အကျီနဲ့ စကပ်ပေါင်းမှ စင်ကာပူဒေါ်လာ ၁၀၀ တောင်မပြည့်ဘူးပေါ့။ ကြည့်လိုက်ရင်တော့ အကောင်းစားနဲ့ အရမ်းတူတယ်။ အဲ့တော့မှ အစ်မက ပြောတာ ဒါကို ရန်ကုန်မှာ လုပ်ချင်နေတာ ကြာပြီပေါ့။ ခိုင်ပြောနေတာတော့ ကြာပြီ။ အစ်ကိုတို့ ယောကျာ်းတွေက တစ်ခါတစ်လေ Attenction သိပ်မပေးတတ်ဘူး။ မှတ်တော့မှတ်မိတယ်ပေါ့။ အဲ့တော့ သူလုပ်ချင်တယ်ဆိုတော့ နှစ်ယောက်တိုင်ပင်ပြီး စလုပ်ဖြစ်ကြတယ်။ ကုမ္ပဏီစထောင်တာကအစ ကိုယ်တို့ တူတူလုပ်ခဲ့ကြတယ်။ ကုမ္ပဏီ Registration သွားတင်တော့ အစ်ကိုတို့နှစ်ယောက်တူတူသွားတင်ကြတယ်။ အစကတည်းက နှစ်ယောက်တည်း စခဲ့ကြတယ်။
Q : MDS ရဲ့ အောင်မြင်မှုက အစ်ကိုတို့နှစ်ယောက်ရဲ့ မှတ်တိုင်လို့ ပြောလို့ရလား။
A : ပြောလို့ရပါတယ်။
Q : နိုဝင်ဘာမှ အသစ်ဖွင့်မယ့် MDS Opening အကြောင်း ပြောပြပေးပါဦး။
A : နိုဝင်ဘာ ၂ရက်နေ့မှာ Junction Square ပထမထပ်မှာ ဖွင့်ပါတယ်။ အစ်ကိုတို့ရဲ့ ၅ ဆိုင်မြောက်ပေါ့။
Q : သမီးလေးကိုရော ဘယ်လိုချစ်ခြင်းမေတ္တာတွေနဲ့ ကြီးပြင်းစေချင်လဲ။ သမီးလေးအတွက် ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြပေးပါဦး။
A : သမီးလေးက ရုပ်ရော၊ စိတ်ရော အစ်ကိုနဲ့ တူတယ်။ ပျော်ပျော်နေတတ်တယ်။ ခိုင်က သိမ်မွေ့တယ်။ အေးအေးဆေးဆေးနေတတ်တယ်။ ပေါ့ပျက်ပျက်မနေတတ်ဘူး။ အစ်ကို့ရဲ့ character လေးတွေ ကေဘေဘေးမှာ တွေ့ရတယ်။ အစ်ကိုက စိတ်ညစ်စရာရှိရင်တောင်မှ အဲ့လိုစိတ်ညစ်စရာတစ်ခုကို တစ်ချိန်လုံးစဉ်းစားပြီး စိတ်ညစ်မခံဘူး။ အကောင်းပဲ စဉ်းစားတယ်။ ပျော်ဖို့က အဓိကပဲ။ ကေဘေဘေးက အစ်ကိုနဲ့တူတော့ အမေအရမ်းကပ်တယ်။ သူ့အမေမှ အမေပဲ။ ခိုင့်ကို အမြဲပြောတယ်။ အစ်ကိုနဲ့ ရုပ်ရော စိတ်ရောတူလို့ အမေကိုကပ်တာဆိုပြီး ခိုင့်ကို အမြဲစတယ်။ အစ်မက ကေဘေဘေးလေးကို ချစ်တာအရမ်းပြတယ်။ ကြီးလာရင်လည်း ကေဘေဘေးလေးက အစ်မကို ပွင့်ပွင့်လင်းလင်းတိုင်ပင်မယ်လို့ ထင်တယ်။ အစ်ကိုကတော့ ဖခင်တစ်ယောက်အနေနဲ့ ထိန်းသင့်တာထိန်းပေးရင်း အစ်မနဲ့ တူတူပြုစုပျိုးထောင်သွားမှာပါ။ နောက်တစ်ခုက သမီးကို ကိုယ့်အသိစိတ်နဲ့ ကိုယ်ဖြစ်စေချင်တယ်။ ပတ်ဝန်းကျင်းက ဘယ်လောက်ပြောပြော ကိုယ့်အသိစိတ်မရှိရင် လူက ပြင်လို့မရဘူး။ သူများပြောလို့ ခနလုပ်ရင်လုပ်လိုက်မယ်။ ကိုယ့်အသိစိတ်က မရှိဘူးဆိုရင် ပြင်လို့မရဘူး။ အစ်ကိုဖြစ်စေချင်တာကတော့ သူ့ကို ကိုယ့်အသိစိတ်လေးနဲ့ကိုယ် လိမ်လိမ်မာမာလေးရှိမယ့် အမျိုးသမီးကောင်းလေး ဖြစ်စေချင်တယ်။
Editor : Lin Lin
#Zawgyi
ေပ်ာ္႐ႊင္တဲ့မိသားစုဘဝေလးကို တည္ေဆာက္ထားသူ။ သမီးေလးေကေလေလးရဲ႕ ေဖေဖ။ ထက္ျမက္တဲ့ အမ်ိဳးသမီးရဲ႕ ခင္ပြန္း။ ေအာင္ျမင္တဲ့ လူငယ္လုပ္ငန္းရွင္တစ္ဦး။ သာယာတဲ့ အိမ္ေထာင္တစ္ခုကို တည္ေဆာက္ထားတဲ့ သူ႔ရဲ႕ ခ်စ္ျခင္းေမတၱာေတြက ဇနီးနဲ႔ သမီးေလးအေပၚ ေႏြးေထြးမႈအျပည့္………..။ သူေျပာျပတဲ့ ခ်စ္ျခင္းေမတၱာအေၾကာင္း၊ မိသားစုအေၾကာင္း၊ ေအာင္ျမင္ေနတဲ့ လုပ္ငန္းခြင္အေၾကာင္းေတြကို သိရွိဖို႔အတြက္ ဒီလအတြက္ MODA Man က႑အတြက္ ေ႐ြးခ်ယ္ထားတဲ့ ကိုဥကၠာေငြနဲ႔ ေတြ႕ဆုံမႈ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။
Q : မိသားစုဆိုတာကို ဘယ္လိုအဓိပၸါယ္ဖြင့္ခ်င္လဲ။
A : မိသားစုဆိုတာ အစ္ကို႔အတြက္ေတာ့ မရွိမျဖစ္ေပါ့။ ေကေဘေဘးေလးလဲရွိလာၿပီဆိုေတာ့ ဘဝမွာ တစ္ေယာက္တည္းျဖတ္သန္းရမယ့္အစား မိသားစုနဲ႔ အတူတူျဖတ္သန္းရေတာ့ ပိုၿပီးအဓိပၸါယ္ရွိၿပီး ေပ်ာ္႐ႊင္စရာေကာင္းတယ္။
Q : အိမ္ေထာင္ဘက္အတြက္ အစ္ကိုက ဘယ္လိုခင္ပြန္းလို႔ ကိုယ့္ကိုကိုယ္ထင္လဲ။
A : အစ္ကိုက ေပ်ာ္ေပ်ာ္ေနတတ္တယ္။ အစ္မကို လည္းခ်စ္တယ္။ အစ္မက ေအးေအးေဆးေဆးေနတတ္တယ္။ အဲ့ဒါေၾကာင့္ အစ္ကိုတို႔ႏွစ္ေယာက္လိုက္ဖက္တယ္လို႔ အစ္ကိုယူဆတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္က နားလည္မႈ အျပည့္အဝရွိတယ္။ အစ္ကိုတို႔က ရန္ျဖစ္တာလည္းနည္းတယ္။ အဓိကကေတာ့ Mutual Respect နဲ႔ Mutual understanding ေကာင္းေကာင္းရွိတဲ့အတြက္ေၾကာင့္ ေပ်ာ္စရာေကာင္းတဲ့ ေယာက်ာ္းအေနနဲ႔ ကိုယ့္ကိုကိုယ္ယူဆတယ္။
Q : အစ္မကေရာ အစ္ကို႔အတြက္ ဘယ္လိုဇနီးမ်ိဴးလဲ။
A : အစ္မက ေကေဘေဘးေလးကို အရမ္းခ်စ္တယ္။ သူက မိခင္စိတ္အရမ္းႀကီးမားတဲ့ အမ်ိဳးသမီးလို႔ ကိုယ္ယူဆတယ္။ အဲ့ဒါေၾကာင့္ ကံေကာင္းတယ္လို႔ ကိုယ့္ကိုကိုယ္ထင္တယ္။
Q : Successful man တစ္ေယာက္အတြက္ Life Partner က ဘယ္ေလာက္အထိအေရးႀကီးတယ္လို႔ ထင္လဲ။
A : ေယာက်ာ္းေလးေတာ္ေတာ္မ်ားမ်ားက ဘယ္ေလာက္ပဲ လိမၼာပါေစ ေအာင္ျမင္ၿပီဆိုရင္ လြတ္တတ္တယ္ေလ။ ဒါေၾကာင့္ အိမ္ေထာင္ရွိတယ္ဆိုရင္ မိသားစုက ထိန္းထိန္းကြပ္ကြပ္ေလးရွိမယ္လို႔ အစ္ကိုထင္တယ္။ ေနာက္တစ္ခုက်ေတာ့ ေယာက်ာ္းေလးေတြက comfort zone ထဲမွာ ေနတတ္ၾကတယ္။ Comfortable ျဖစ္တာကို ႀကိဳက္ၾကတယ္။ မိသားစုရယ္လို႔ ရွိလာၿပီဆိုရင္ ကိုယ့္မိသားစုအတြက္ ကိုယ့္အမ်ိဳးသမီးအတြက္ဆိုၿပီးေတာ့ ပိုၿပီးေတာ့ Motivation ရတယ္။ အစ္ကို႔အျမင္မွာေတာ့ ဘယ္လိုအမ်ိဳးသားပဲ ျဖစ္ျဖစ္ Life Partner တစ္ေယာက္ေတာ့ လိုအပ္တယ္လို႔ ထင္တယ္။
Q : ကိုယ့္ဇနီးကို ပထမဆုံးအႀကိမ္ေတြ႕ဆုံခဲ့တဲ့အခ်ိန္က ျဖစ္ေပၚခဲ့တဲ့ခံစားခ်က္။
A : သူနဲ႔က သူငယ္ခ်င္းတစ္ေယာက္မိတ္ဆက္ေပးလို႔ စားေသာက္ဆိုင္တစ္ခုမွာေတြ႕တယ္။ ေတြ႕ေတြ႕ျခင္းပဲ ႀကိဳက္သြားၾကတာပဲ။ ေပ်ာ္ဖို႔ေကာင္းပါတယ္။
Q : Family တစ္ခုမွာ အိမ္ေထာင္ဦးစီးအမ်ိဳးသားတစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာကို ဘယ္လိုအဓိပၸါယ္ဖြင့္ခ်င္လဲ။
A : မရွိမျဖစ္ေပါ့။ ကိုယ့္အမ်ိဳးသမီးဆိုရင္ ေတာ္ေတာ္ထက္တဲ့ထဲမွာပါတယ္။ Independent ျဖစ္တယ္။ ဒါေပမယ့္ ေယာက်ာ္းဆိုတာက သူတို႔ကို ကာကြယ္ဖို႔အတြက္ Family တစ္ခုမွာ လိုအပ္တယ္ေလ။ ခင္ပြန္းတစ္ေယာက္က အိမ္ေထာင္တစ္ခုမွာ မရွိမျဖစ္လိုအပ္တယ္လို႔ အစ္ကိုထင္တယ္။ ေႏြးေထြးမႈလည္း ေပးႏိုင္တယ္။ ကာကြယ္မႈလည္းေပးႏိုင္တယ္။ လုံၿခဳံမႈလည္းေပးႏိုင္တယ္။
Q : ေယာက်ာ္းတစ္ေယာက္ရဲ႕ ၾကင္နာမႈကေရာ အိမ္ေထာင္တစ္ခုကို ဘယ္ေလာက္အထိ အက်ိဴးသက္ေရာက္မႈရွိတယ္လို႔ ထင္လဲ။
A : အမ်ားႀကီး အက်ိဳးသက္ေရာက္မႈရွိတယ္။ ေယဘုယ်အားျဖင့္ အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားက ေအးေအးေဆးေဆးေနတတ္ၾကတယ္။ ခ်စ္တာကို သိပ္မျပတတ္ၾကဘူး။ ႐ုံးသြားတယ္။ အိမ္ျပန္တယ္။ မိသားစုကို အခ်ိန္ေပးတာနည္းတယ္။ ေႏြးေႏြးေထြးေထြးေနတတ္တဲ့ ေယာက်ာ္းဆိုရင္ေတာ့ မိသားစုပိုၿပီး ေႏြးေထြးတယ္လို႔ အစ္ကိုထင္တယ္။ တခ်ိဳ႕အေဖေတြဆိုလည္း အဲ့လိုပဲ ခ်စ္တာကို မျပတတ္ၾကဘူး။ ဒါေၾကာင့္ သားသမီးေတြနဲ႔ အေနေဝးသြားၾကတယ္လို႔ အစ္ကို ထင္တယ္။ ေႏြးေႏြးေထြးေထြးေနတတ္တယ္ဆိုရင္ မိသားစုေတြ ပိုၿပီးသာယာလွပမယ္လို႔ ထင္ပါတယ္။
Q : အစ္ကိုနဲ႔ အစ္မရဲ႕ marriage journey ကို ဘယ္လိုေလွ်ာက္ခဲ့ရလဲ။
A : အစ္တို႔ႏွစ္ေယာက္က စႀကိဳက္ကတည္းက တစ္ေယာက္နဲ႔ တစ္ေယာက္က pressure သိပ္မေပးဘူး။ ယူမွာလား မယူဘူးလား သိပ္ၿပီးမစဥ္းစားျဖစ္ဘူး။ Go with the Flow ေလးသြားတယ္။ ႏွစ္ေယာက္လုံး Serious ျဖစ္တဲ့အခ်ိန္က်ေတာ့လည္း ႏွစ္ေယာက္လုံးၿပိဳင္တူ Serious ျဖစ္တယ္။ အစ္မကို လက္ထပ္ခြင့္ေတာင္းၿပီးတဲ့အခ်ိန္က်ေတာ့ အစ္ကိုတို႔ႏွစ္ေယာက္လုံး အစစအရာရာ တိုင္ပင္ၿပီး Plan လုပ္ထားတာေပါ့ေနာ္။ မယူခင္တစ္ႏွစ္ေလာက္ကတည္းက အစ္ကိုတို႔ႏွစ္ေယာက္လုံး ကိုယ့္ပိုင္ဝင္ေငြရွိေအာင္ အလုပ္တူတူလုပ္တယ္။ အခု အလုပ္ကလည္း ေအာင္ျမင္တယ္။ အစ္ကိုတို႔ႏွစ္ေယာက္က အစစအရာရာတိုင္ပင္ၿပီး plan လုပ္ထားသလားေတာင္ထင္ရတယ္။ အစစအရာရာအဆင္ေျပပါတယ္။
Q : ေအာင္ျမင္ေပ်ာ္႐ႊင္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ေနာက္ကြယ္မွာ သူတို႔ကိုခ်စ္ျခင္းေမတၱာအျပည့္အဝ ေပးထားတဲ့ ခင္ပြန္းေကာင္းရွိေနတယ္လို႔ ေျပာၾကတယ္။ ဒီအေပၚအျမင္ေလးေျပာျပေပးပါဦး။
A : အစ္ကိုထင္တာေတာ့ ေအာင္ျမင္တဲ့အမ်ိဳးသားေနာက္မွာလည္း အမ်ိဳးသမီးေကာင္းရွိသလို ေအာင္ျမင္တဲ့ အမ်ိဳးသမီးေနာက္မွာလည္း အမ်ိဳးသားေကာင္းရွိတာေပါ့ေနာ္။ လူတိုင္းက လြယ္လြယ္နဲ႔ ေအာင္ျမင္မႈ႕ကို မရတတ္ၾကဘူးေလ။ ေအာင္ျမင္တယ္ဆိုတာ ထက္ျမက္ရမယ္။ ႀကိဳးစားရမယ္။ ေနရာတစ္ခုကို ရပ္တည္ႏိုင္ရမယ္။ ကိုယ္က ေယာက်ာ္းပဲ ျဖစ္ျဖစ္၊ မိန္းမပဲ ျဖစ္ျဖစ္ ကိုယ့္ကို ေနာက္ကေန ပံ့ပိုးေပးတဲ့ လူက အျပည့္အဝ ပံ့ပိုးေပးရမယ္ေပါ့ေနာ္။ အစ္ကိုထင္တာေတာ့ အစ္ကိုတို႔ႏွစ္ေယာက္က အလုပ္လည္း တူတူလုပ္ေနၾကတာဆိုေတာ့ ႏွစ္ဖက္လုံးအျပန္အလွန္ Support လုပ္ေနၾကတာေပါ့။
Q : အိမ္ေထာင္က်ၿပီးတဲ့ အမ်ိဳးသမီးေတြရဲ႕ အိမ္တြင္းမႈလုပ္ငန္းေတြမွာ အမ်ိဳးသားေတြရဲ႕ ကူညီမႈကို အစ္ကို ဘယ္လိုျမင္လဲ။
A : အစ္ကိုတို႔ႏွစ္ေယာက္လုံးက အလုပ္တူတူလုပ္ၾကတာဆိုေတာ့ အိမ္မႈကိစၥေတြကို သိပ္မလုပ္ျဖစ္ဘူး။ ဒါေပမယ့္ ခရီးသြားတဲ့အခါက်ရင္ေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ အတူတူလုပ္ျဖစ္ၾကတယ္။ ဥပမာ ခရီးသြားလို႔ တစ္ခုခုခ်က္စားၾကမယ္ဆိုရင္ အစ္ကိုကဟင္းခ်က္ဝါသနာပါေတာ့ အစ္ကိုက ဟင္းခ်က္တယ္။ ခိုင္က ပန္းကန္ေဆးေပးတယ္။ေဈးဝယ္ေပးတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ညီတူညီမွ်ေလး ကူညီၾကတယ္။ အခုလိုေခတ္ႀကီးမွာ မိန္းမက အိမ္မွာပဲ ေနရမယ္ဆိုတာ မရွိေတာ့ဘူးေပါ့ေနာ္။ ကေလးနဲ႔ဆိုလည္း ဒီတိုင္းပဲ။ ႏွစ္ေယာက္လုံးက ေမာင္တစ္ထမ္း မယ္တစ္႐ြက္ေတာ့ လုပ္ေနၾကတာပဲေပါ့ေနာ္။
Q : ဇနီးရဲ႕ စိတ္ခံစားခ်က္က ကိုယ့္အတြက္ ဘယ္ေလာက္အထိအေရးပါလဲ။
A : အိမ္ေထာင္ေရးတစ္ခုမွာက ကိုယ္ေပ်ာ္ေအာင္ခ်ည္းပဲ ေနလို႔မရဘူး။ အိမ္ေထာင္ေရးဆိုတာက တစ္ေယာက္စိတ္ကို တစ္ေယာက္ေလ့လာမယ္။ သူေပ်ာ္ရဲ႕လား။ မေပ်ာ္ဘူးဆိုရင္ ကိုယ္ဘာလုပ္ေပးႏိုင္မလဲ အဲ့လိုေလးဂ႐ုစိုက္ရမယ္ေပါ့ေနာ္။ တစ္ေယာက္ကေတာ့ အဆင္ေျပတယ္။ ေနာက္တစ္ေယာက္ကေတာ့ စိတ္ညစ္ေနတယ္ဆိုရင္ ဒီအိမ္ေထာင္ေရးက ၾကာလာရင္ အဆင္ေျပမွာမဟုတ္ဘူး။ ကိုယ္ေျပာခ်င္တဲ့အဓိကအခ်က္ကေတာ့ အိမ္ေထာင္ေရးတစ္ခုမွာ သူအဆင္ေျပရဲ႕လား ကိုယ္အဆင္ေျပရဲ႕လားဆိုတာ အၿမဲတမ္း တိုင္တိုင္ပင္ပင္ေနသင့္တယ္လို႔ ထင္ပါတယ္။
Q : ကိုယ့္ကိုကိုယ္ စကားလုံးတစ္လုံးနဲ႔ ေဖာ္ျပေပးပါဆိုရင္ ဘာျဖစ္မလဲ။ ဘာေၾကာင့္လဲ။
A : HAPPY လို႔ ေျပာလို႔ရတယ္။ ေပ်ာ္ေပ်ာ္ေနတတ္တယ္။ ပြင့္ပြင့္လင္းလင္းေနတတ္တယ္။ ဟန္မေဆာင္တတ္ဘူး။ အရမ္းခ်စ္တတ္တယ္။
Q : အစ္ကို႔တို႔ရဲ႕ Business life ကိုေရာ ဘယ္လိုတည္ေဆာက္ထားလဲ။
A : အစ္ကိုတို႔ရဲ႕ ႏွစ္ဖက္မိဘက ပိုက္ဆံရွိသင့္သေလာက္ရွိတယ္။ ဒါေပမယ့္ အစ္ကိုတို႔က ရည္မွန္းခ်က္ႀကီးတယ္။ ႏွစ္ေယာက္လုံးျဖစ္ခ်င္တာက အိမ္ေထာင္က်ၿပီးရင္ မိဘဆီက ပိုက္ဆံျပန္ေတာင္းရမွာ အရမ္းေၾကာက္တယ္။ အစ္ကို သူ႔ကို လက္ထပ္ခြင့္ေတာင္းၿပီးကတည္းက အစ္ကိုတို႔ႏွစ္ေယာက္ အလုပ္တစ္ခု အတူတူလုပ္ၾကတယ္။ ကုမၸဏီတစ္ခုစေထာင္တယ္။ အခုဆိုရင္ ၄ႏွစ္ေလာက္ရွိၿပီ။ MDS Fashion ဆိုတဲ့ စင္ကာပူ Brand ကို franchise အေနနဲ႔ လုပ္တယ္။ လာမယ့္ ႏိုဝင္ဘာဆို ဆိုင္ ၅ဆိုင္ျဖစ္ၿပီ။ ဒါ့အျပင္ Convience store ေတြ Supermarket တို႔လို ဆိုင္ေတြမွာ ပစၥည္းေတြတင္တဲ့ စင္ေတြအားလုံးက အစ္ကိုပဲ ေရာင္းတာေပါ့။ ကုမၸဏီနာမည္က RBS Myanmar ျဖစ္ပါတယ္။ ဒါေပမယ့္ အခ်ိန္ရရင္ ရသလိုေတာ့ ကိုယ့္မိဘအလုပ္ကိုလည္း ျပန္ၾကည့္ေပးၾကပါတယ္။
Q : MDS ရဲ႕ အစကို ေျပာျပေပးပါဦး။
A : MDS ရဲ႕ အစက အစ္မက MDS အက်ီေတြကို ဟိုးအရင္ကတည္းက ဝတ္တယ္။ အရင္က အစ္ကို႔မိဘအလုပ္နဲ႔ အစ္ကိုက စင္ကာပူကို လတိုင္းနီးပါးသြားရတယ္။ သြားတိုင္းလည္း အစ္မက အၿမဲ အစ္ကိုနဲ႔လိုက္တယ္။ Shopping ထြက္တယ္။ တစ္ရက္က်ေတာ့ အစ္ကိုက သူဝတ္ထားတဲ့ အက်ီကို ေဈးႀကီးမယ္ထင္လို႔ အရမ္းလည္းလွေတာ့ ဒီအက်ီဘယ္ေလာက္ေပးရလဲ လို႔ ေမးလိုက္တဲ့အခါ အက်ီနဲ႔ စကပ္ေပါင္းမွ စင္ကာပူေဒၚလာ ၁၀၀ ေတာင္မျပည့္ဘူးေပါ့။ ၾကည့္လိုက္ရင္ေတာ့ အေကာင္းစားနဲ႔ အရမ္းတူတယ္။ အဲ့ေတာ့မွ အစ္မက ေျပာတာ ဒါကို ရန္ကုန္မွာ လုပ္ခ်င္ေနတာ ၾကာၿပီေပါ့။ ခိုင္ေျပာေနတာေတာ့ ၾကာၿပီ။ အစ္ကိုတို႔ ေယာက်ာ္းေတြက တစ္ခါတစ္ေလ Attenction သိပ္မေပးတတ္ဘူး။ မွတ္ေတာ့မွတ္မိတယ္ေပါ့။ အဲ့ေတာ့ သူလုပ္ခ်င္တယ္ဆိုေတာ့ ႏွစ္ေယာက္တိုင္ပင္ၿပီး စလုပ္ျဖစ္ၾကတယ္။ ကုမၸဏီစေထာင္တာကအစ ကိုယ္တို႔ တူတူလုပ္ခဲ့ၾကတယ္။ ကုမၸဏီ Registration သြားတင္ေတာ့ အစ္ကိုတို႔ႏွစ္ေယာက္တူတူသြားတင္ၾကတယ္။ အစကတည္းက ႏွစ္ေယာက္တည္း စခဲ့ၾကတယ္။
Q : MDS ရဲ႕ ေအာင္ျမင္မႈက အစ္ကိုတို႔ႏွစ္ေယာက္ရဲ႕ မွတ္တိုင္လို႔ ေျပာလို႔ရလား။
A : ေျပာလို႔ရပါတယ္။
Q : ႏိုဝင္ဘာမွ အသစ္ဖြင့္မယ့္ MDS Opening အေၾကာင္း ေျပာျပေပးပါဦး။
A : ႏိုဝင္ဘာ ၂ရက္ေန႔မွာ Junction Square ပထမထပ္မွာ ဖြင့္ပါတယ္။ အစ္ကိုတို႔ရဲ႕ ၅ ဆိုင္ေျမာက္ေပါ့။
Q : သမီးေလးကိုေရာ ဘယ္လိုခ်စ္ျခင္းေမတၱာေတြနဲ႔ ႀကီးျပင္းေစခ်င္လဲ။ သမီးေလးအတြက္ ဖခင္တစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာကို ေဖာ္ျပေပးပါဦး။
A : သမီးေလးက ႐ုပ္ေရာ၊ စိတ္ေရာ အစ္ကိုနဲ႔ တူတယ္။ ေပ်ာ္ေပ်ာ္ေနတတ္တယ္။ ခိုင္က သိမ္ေမြ႕တယ္။ ေအးေအးေဆးေဆးေနတတ္တယ္။ ေပါ့ပ်က္ပ်က္မေနတတ္ဘူး။ အစ္ကို႔ရဲ႕ character ေလးေတြ ေကေဘေဘးမွာ ေတြ႕ရတယ္။ အစ္ကိုက စိတ္ညစ္စရာရွိရင္ေတာင္မွ အဲ့လိုစိတ္ညစ္စရာတစ္ခုကို တစ္ခ်ိန္လုံးစဥ္းစားၿပီး စိတ္ညစ္မခံဘူး။ အေကာင္းပဲ စဥ္းစားတယ္။ ေပ်ာ္ဖို႔က အဓိကပဲ။ ေကေဘေဘးက အစ္ကိုနဲ႔တူေတာ့ အေမအရမ္းကပ္တယ္။ သူ႔အေမမွ အေမပဲ။ ခိုင့္ကို အၿမဲေျပာတယ္။ အစ္ကိုနဲ႔ ႐ုပ္ေရာ စိတ္ေရာတူလို႔ အေမကိုကပ္တာဆိုၿပီး ခိုင့္ကို အၿမဲစတယ္။ အစ္မက ေကေဘေဘးေလးကို ခ်စ္တာအရမ္းျပတယ္။ ႀကီးလာရင္လည္း ေကေဘေဘးေလးက အစ္မကို ပြင့္ပြင့္လင္းလင္းတိုင္ပင္မယ္လို႔ ထင္တယ္။ အစ္ကိုကေတာ့ ဖခင္တစ္ေယာက္အေနနဲ႔ ထိန္းသင့္တာထိန္းေပးရင္း အစ္မနဲ႔ တူတူျပဳစုပ်ိဳးေထာင္သြားမွာပါ။ ေနာက္တစ္ခုက သမီးကို ကိုယ့္အသိစိတ္နဲ႔ ကိုယ္ျဖစ္ေစခ်င္တယ္။ ပတ္ဝန္းက်င္းက ဘယ္ေလာက္ေျပာေျပာ ကိုယ့္အသိစိတ္မရွိရင္ လူက ျပင္လို႔မရဘူး။ သူမ်ားေျပာလို႔ ခနလုပ္ရင္လုပ္လိုက္မယ္။ ကိုယ့္အသိစိတ္က မရွိဘူးဆိုရင္ ျပင္လို႔မရဘူး။ အစ္ကိုျဖစ္ေစခ်င္တာကေတာ့ သူ႔ကို ကိုယ့္အသိစိတ္ေလးနဲ႔ကိုယ္ လိမ္လိမ္မာမာေလးရွိမယ့္ အမ်ိဳးသမီးေကာင္းေလး ျဖစ္ေစခ်င္တယ္။
Editor : Lin Lin