Trends   |   Posted on May 28, 2016 by kiki

နယူးယောက်ခ်ဖက်ရှင်လမ်းမထက်မှ ရင်သတ်ရှုမောဖွယ်အပိုင်းအစ ၁၁ ခု


လာ....နယူးယောက်ခ်ကိုအလည်သွားကြရအောင်။

Share this article

နယူးယောက်ခ်ဖက်ရှင်လမ်းမထက်မှ ဒီဇိုင်းမျာျးဟာ ကျွန်မတို့အားလုံးကို အမြဲတမ်းရင်ခုန်စရာအဖြစ်အပျက်တွေကို ပြုလုပ်ပေးလေ့ရှိပါတယ်။ ကျွန်မခိုင်းနှိုင်းလိုက်တာ အရမ်းတရားလွန်သွားသလား....။ ဖက်ရှင်ချစ်သူတစ်ယောက်အနေနဲ့ ဒီလိုခံစားချက်မျိုးကို နားလည်လိမ့်မယ်ထင်ပါတယ်။ သူတို့တွေရဲ့ ရင်သပ်ရှုမောဖွယ်ဒီဇိုင်းများကို မကြာခင်ကျင်းပမယ့် ကော်ဇော်နီပွဲများထက်မှ ဆယ်လီများဆီမှာ ပြန်တွေ့လေ့ရှိတာကြောင့် ဒီလိုဖက်ရှင်ပွဲတွေကနေ အနုပညာရှင်များနောက်ပွဲမှာ ဘယ်လိုဝတ်စားနိုင်သလဲဆိုတာကိုပါ ခန့်မှန်းသိနိုင်ပါတယ်။

ခုပြောပြမယ့်ဒီဇိုင်းများက မကြာသေးခင်ကမှ ကျင်းပပြီးသွားတဲ့ New York Fashion Week မှာ ပြသအောင်မြင်မှုအများစဆုံးရခဲ့တဲ့ဒီဇိုင်းများဖြစ်ပါတယ်။ နယူးယောက်ခ်ဒီဇိုင်းများဆိုတဲ့အတိုင်း ဒီဇိုင်းထည်များမှာ လင်းလင်းလက်လက်၊ ပျိုးပျိုးပျက်ပျက်၊ အရောင်တောက်တောက်တွေကို ထည့်သွင်းဖော်ပြထားပြီး ၀တ်ဆင်လျှောက်ပြခဲ့တဲ့ မော်ဒယ်တစ်ဦးချင်းဆီကနေ နယူးယောက်ခ်ရဲ့ အငွေ့အသက်တွေကို ခံစားရပါတယ်။ သူတို့တွေက ခေတ်ဆန်ခြင်းကို တော်ဝင်ဆန်ခြင်းနဲ့တွဲစပ်ထားတယ်။ ဆွဲဆောင်မှုရှိခြင်းကို နူးညံ့စွာနှစ်လိုဖွယ်ရှိခြင်းနဲ့ ဖော်ပြထားတယ်။ ဂါဝန်ရှည်တစ်ထည်ချင်းစီမှာ မတူညီတဲ့ခံစားချက်တွေ၊ မတူညီတဲ့တင်ပြခြင်းတွေကြောင့် ခုပြောပြမယ့် အပိုင်းအစ ၁၁ ခုသည် အကောင်းတစ်ကာ့အကောင်းဆုံးတွေထဲကမှ ရွေးထုတ်ထားတာဖြစ်ပါတယ်။



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.