Makeup   |   Posted on Sep 16, 2019 by Ja Seng Pan

ပါးပါးကြည်ကြည်လေးနဲ့ လှစေမယ့် Natural Makeup Look


မိတ်ကပ်ထူထူကြီးလိမ်းရတာ မကြိုက်ဘူးဆိုရင်တော့….

Share this article

ပျိုမေတို့ ရုံးသွား ကျောင်းသွားရင်ပဲ ဖြစ်ဖြစ် ထသွားထလာပဲ ဖြစ်ဖြစ် မိတ်ကပ်ထူထူကြီးလိမ်းရတာ မကြိုက်ဘူးဆိုရင်တော့ ပါးပါးကြည်ကြည်လေးနဲ့ လှစေမယ့် Natural Makeup Look လေးအကြောင်းကို ပြောပြပေးမယ်နော်။

အရင်ဦးဆုံးကတော့ သင့်အသားအရေ ရေဓာတ်ဖြည့်ပေးဖို့အတွက် Moisturize လိမ်းပါ။

မျက်နှာပေါ်မှာရှိတဲ့ အမဲစက်နဲ့ ဝက်ခြံတွေကို ဖုံးပေးနိုင်ဖို့ Conceal လိမ်းပေးပါ။

ပြီးရင်တော့ ပုံမှန်အတိုင်း Foundation နဲ့ Powder လိမ်းပေးပါ။ ဒီနေရာမှာ တစ်ခုအကြံပေးချင်တာက Natural Makeup Look ကို လိမ်းမှာဖြစ်တဲ့အတွက် airy liquid foundation နဲ့ Powder ကိုသာ လိမ်းဖို့ အကြံပေးချင်ပါတယ်။ Two Way တွေဟာ ထူထူလေးဖြစ်တတ်တာမို့ လိမ်းခြယ်တဲ့ Look ပြောင်းသွားနိုင်တာကြောင့်ပါ။

 

Eyeshadow ခြယ်တဲ့အခါမှာလည်း ကာလာရွေးချယ်မှုက အရေးကြီးပါတယ်။ အရောင်တောက်တောက်ကိုမရွေးချယ်ဘဲ Natural Look ဆိုတဲ့အတိုင်း မိမိအသားအရောင်နဲ့ လိုက်ဖက်မယ့် အရောင်ဖျော့ဖျော့လေးတွေကို ရွေးချယ်ပေးဖို့လိုအပ်ပါတယ်။

 

နှုတ်ခမ်းနီအရောင်ရွေးချယ်တဲ့အခါ Nude Lip ကို ရွေးချယ်ရပါမယ်။ အရေးကြီးဆုံးအချက်ကတော့ Eyeliner မဆွဲရပါဘူး။ Eyeliner ဟာ Natural Look နဲ့ မလိုက်ဖက်တာကြောင့်ပဲ ဖြစ်ပါတယ်။ Mascara ကိုတော့ ခပ်ပါးပါးလေးကော့လေးနိုင်ပါတယ်။

 

ကဲ ဒီတော့ ကြည်ကြည်လင်လင်လေးနဲ့ မိတ်ကပ်လိမ်းထားမှန်းမသိသာအောင် လှနိုင်ဖို့ Natural Makeup Look လေးကို ဖော်ပြပေးလိုက်ပြီဆိုတော့ ပျိုမေတို့လည်း အလွယ်တကူ ပြင်ဆင်နိုင်ပြီနော်။

Editor : Lin Lin



Share this article

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.