Art & Books   |   Posted on Oct 1, 2019 by Ja Seng Pan

Personal Brand တည်ဆောက်လိုသူတွေအတွက် The Brand in You Seminar


စာအုပ်မိတ်ဆက်ပွဲနဲ့အတူ The BRAND in YOU Public Seminar ကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

Share this article

Personal Brand တည်ဆောက်လိုသူတွေအတွက် The Brand in You စာအုပ်လေးကို ထွက်ရှိလာတော့မှာ ဖြစ်တာကြောင့် ဒီစာအုပ်မိတ်ဆက်ပွဲနဲ့အတူ The BRAND in YOU Public Seminar ကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီ Seminarရဲ့ ရည်ရွယ်ချက်ကတော့ Personal and Professional Brand တည်ဆောက်ခြင်း၏ အရေးပါပုံနှင့် အကျိုးကျေးဇူးကို နားလည်သဘောပေါက်စေရန်၊ နယ်ပယ်အသီးသီးမှ အောင်မြင်သော ပုဂ္ဂိုလ်များ၏ Brand Image တည်ဆောက်ခြင်း အတွေ့အကြုံများကို လေ့လာနိုင်စေရန်နဲ့ ခိုင်မာသော Brand တည်ဆောက်ခြင်းဖြင့် နာမည်ကောင်းရှိသော Professional များဖြစ်လာပြီး နိုင်ငံ၏ Image & Brand ကမ္ဘာ့အလယ်မှာ တိုးတက်လာစေရန် အတွက်ပဲ ဖြစ်ပါတယ်။

 

မိမိတို့အနေနဲ့ Personal brand ကို တည်ဆောက်ရာမှာ သူများနဲ့ ယှဉ်ပြိုင်စရာမလိုဘဲ အများရဲ့ ထင်မြင်ယူဆချက်ထက် မိမိကိုယ်တိုင်ရဲ့ တန်ဖိုး၊ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ ကိုက်ညီတဲ့ ပုံရိပ်မျိုးကိုတည်ဆောက်ပြီး ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်၊ လူမှုအသိုင်းအဝိုင်းထဲမှာ မိမိတို့ ရှင်သန်လိုတဲ့ ပုံစံကို အကောင်းဆုံးပုံဖော်ဖန်တီးယူရမှာပဲ ဖြစ်ပါတယ်။

Seminar အတွင်းမှာ စာရေးဆရာဒေါက်တာ ဖြိုးသီဟက ဆောင်ရွက်ပေးခဲ့ပြီး Panelist များအဖြစ် မွန်ပြည်နယ်  ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ Maple Group of Companies ၏ CEO ဒေါ်ဝင်းအိခိုင်၊ Yangon Book Plaza ရဲ့ Founder စာရေးဆရာ မြေမှုန်လွင်၊ တကိုယ်တော်ပရဟိတသမားများကွန်ယက်ဥက္ကဌ မခင်နှင်းကြည်သာ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမယ်လိုဒီတို့ ပါဝင်တဲ့ The BRAND in YOU ဆိုတဲ့ စကားဝိုင်းအစီအစဉ်လေးကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

 

ဆက်လက်ပြီး အောက်တိုဘာလ ၂ရက်နေ့မှာ ထွက်ရှိလာမယ့် Brand in you စာအုပ်လေးမှာဆိုရင်လည်း ပုံရိပ်နဲ့ Personal Brand ကို တည်ဆောက်ချင်တဲ့၊ အသေးစိတ် စနစ်တကျ လေ့လာချင်တဲ့ သူတွေအတွက် လက်စွဲစာအုပ်တစ်အုပ်ဖြစ်အောင် ပြည့်ပြည့်စုံစုံ ထည့်သွင်းထားပြီး Personal Brand ကို တည်ဆောက်နိုင်ဖို့ နည်းစနစ်တွေကို အရှင်းလင်းဆုံး၊ အလွယ်ကူဆုံးဖြစ်အောင် ဖေါ်ပြထားပါတယ်။ လေ့ကျင့်ခန်းတွေ၊ မိမိကိုယ်ကို ပြန်လည် ဆန်းစစ်မှုတွေ၊ မှတ်စုအဖြစ်ကိုယ့်ကိုယ်ကို သုံးသပ်နိုင်တဲ့ နည်းစနစ်လေးတွေ ပါဝင်တာကြောင့် တကယ်တမ်း ဖတ်ကြည့်ပြီး လိုက်လုပ်မယ်ဆိုရင် Image နဲ့ Personal Branding ကို အကောင်းဆုံးတည်ဆောက်ဖို့ ကူညီပေးနိုင်မယ့် စာအုပ်လေးပဲ ဖြစ်ပါတယ်။

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.