Style Note   |   Posted on Oct 8, 2019 by Ja Seng Pan

ပိတ်ရက်မှာ ခရီးသွားမယ့်ပျိုမေတို့အတွက် Outfit လေးတွေ


ခရီးသွားဖို့ ပြင်ဆင်ထားကြတဲ့ ပျိုမေတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ အမိုက်စားဖြစ်စေမယ့် outfit လေးတွေကို ဖော်ပြပေးမယ်နော်။

Share this article

 မကြာခင်မှာလဲ သီတင်းကျွတ်ကာလကို ရောက်တော့မယ်။ ပိတ်ရက်ရှည်တွေလည်း လာတော့မယ်ဆိုတော့ ခရီးသွားဖို့ ပြင်ဆင်ထားကြတဲ့ ပျိုမေတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ အမိုက်စားဖြစ်စေမယ့် outfit လေးတွေကို ဖော်ပြပေးမယ်နော်။

 

ခရီးသွားတဲ့အခါ လေးလံတဲ့ အဝတ်အစားတွေက သင့်ကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမှာပါ။ အပန်းဖြေခရီးထွက်တာနဲ့ မတူဘဲ Fashion show သွားတဲ့ ဝတ်စုံမျိုးဖြစ်နေရင်တော့ သိပ်ပြီးအဆင်မပြေလှပါဘူးနော်။ ဒါကြောင့် ဘောင်းဘီအတို၊ ရှပ်အကျီၤနဲ့ Shoe အပါးလေးက သင့်ကို ပြည့်စုံစေမှာပါ။

 

ဘယ်တော့မှ မရိုးဘဲ မိမိုက်နေတဲ့ Fashion ကို ဝတ်ဆင်ချင်တယ်ဆိုရင်တော့ Jean နဲ့ ရှပ်အကျီၤဖက်ရှင်ပဲ ဖြစ်ပါတယ်။ လွတ်လပ်ပေါ့ပါးပြီး Free style ဖြစ်တဲ့အပြင် Travel mood အပြည့်ရစေမယ့် Fashion ပါ။

 

ပေါ့ပါးတဲ့ဂါဝန်တစ်ထည်ကလည်း သင်ခရီးသွားတဲ့အခါ သက်သောင့်သက်သာဖြစ်မှုကို ခံစားရမှာပါ။

 

ချည်သားဘောင်းဘီတွေကို ရွေးချယ်ခြင်းကလည်း သင့်ရဲ့ ခရီးစဉ်တစ်လျှောက်အတွက် Comfort ဖြစ်စေမှာပါ။

ကဲ ဒီတော့ ပျိုမေတို့လည်း မိမိတို့ သွားမယ့်ခရီးအလိုက် သက်သောင့်သက်သာနဲ့ ဖက်ရှင်ကျစေမယ့် အဝတ်အစားလေးတွေ ရွေးချယ်နိုင်ပါတယ်နော်။

Editor : Lin Lin



Share this article

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.