hair   |   Posted on Dec 24, 2016 by kiki

ဆံပင်ကိုမျက်လုံးတွေနဲ့အလှဆင်ထားတဲ့ Janelle Monae


Janelle Monaeရဲ့ဆံပင်စတိုင်လ်အသစ်ကတော့ တကယ်အမိုက်စားပါပဲ

Share this article

Janae Monaeဟာ အရည်အချင်းတွေ အများကြီး ရှိတဲ့အမျိုးသမီးတစ်ယောက်ပါ။သူမဟာ တကယ်ကို အံ့အားသင့်စရာ အဆိုတော်တစ်ယောက်ဖြစ်ပြီး Dancerနဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။အသစ်ထွက်ရှိမယ့် သူမရဲ့ဇာတ်ကားသစ် “Hidden Figures”အတွက်  Press Tourလုပ်နေစဉ်အတွင်းမှာ Janelle ဟာ ပရိသတ်တွေကို ဖမ်းစားနိုင်မယ့် ဆံပင်ပုံစံအသစ်နဲ့ ပွဲထွက်ခဲ့ပါတယ်။သူမရဲ့ဆံပင်မှာ မျက်လုံးတွေ တပ်ထားတဲ့ပုံစံဟာ သူမရဲ့ ၀တ်စုံနဲ့တကယ်ကို လိုက်ဖက်နေခဲ့တာပါ။Janelleဟာ သူမရဲ့Instagramမှာ ဆံပင်ပုံစံအသစ်ရဲ့ ပုံကိုတင်ထားခဲ့ပါတယ်။

 

သူမရဲ့ထူးခြားဆန်းပြားတဲ့ ဒီဆံပင်ပုံစံကို ထွင်ပေးတဲ့လူကတော့ နာမည်ကျော် ဆယ်လီတို့ရဲ့ Hairstylistဖြစ်သူ Nikki Nelmsပါ။Nikkiက Janelleရဲ့ ဆံပင်ကို ပြင်ပေးနေတဲ့ဗီဒီယိုကို တင်ထားခဲ့ပြီး Janelleက “ကျွန်မရှင် တို့ကို မြင်ရတယ် ကျွန်မခေါင်းပေါ်မှာ ဒီမျက်လုံးတွေရှိတယ် ရှင်တို့ကို မြင်နေရတယ်”လို့ အရွန်းဖောက်ခဲ့ပါတယ်။

Janelleရဲ့ မျက်လုံးတွေနဲ့ဆံပင်ပုံစံအလန်းစားဟာ  ဒီနှစ်ရဲ့ကော်ဇောနီလျှောက်လမ်းပေါ်က အလှအပကြယ်ပွင့်တစ်သိုက်ကြားမှာ ရေပန်းစားသွားတာ မယုံကြည်နိုင်စရာပါ။တကယ်ကို ထူးခြားတဲ့ပုံစံပါပဲ။

www.teenvogue.com

SuYiHtet



Share this article

TOP 5 ARTICLES


Film & Music   |   Posted on Aug 19, 2017

(1950) ကဖက်ရှင်တွေကို Mil...


Sex & Relationships   |   Posted on Aug 18, 2017

ex ကို ပြန်လက်မခံသင့်တော့...


makeup   |   Posted on Aug 18, 2017

Highlighter တွေအကြောင်း သ...


Celebrity News   |   Posted on Aug 18, 2017

St. Tropez မှာ အားလပ်ရက်က...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.