Celebrity Style   |   Posted on Sep 17, 2019 by Ja Seng Pan

ခပ်မိုက်မိုက် Fashion တွေနဲ့ အမြဲလန်းနေတဲ့ အဆိုတော်များ


အဆိုပိုင်းသာမက ဖက်ရှင်ပိုင်းမှာပါ တမူထူးခြားကြပါတယ်။

Share this article

နိုင်ငံတကာမှာ အဆိုတော်တွေဟာ အဆိုပိုင်းသာမက ဖက်ရှင်ပိုင်းမှာပါ တမူထူးခြားကြပါတယ်။ အသံပါဝါကောင်းကောင်းနဲ့ ဖက်ရှင်ပိုင်းမှာပါ အမိုက်စားဖြစ်တဲ့ အမျိုးသမီးအဆိုတော်တွေအကြောင်းကို ပြောပြပေးမယ်နော်။

 

Lady Gaga

အသံပါဝါကောင်းကောင်းနဲ့ ဖက်ရှင်ကျတဲ့ အမျိုးသမီးအဆိုတော့ တစ်ဦးလို့ပြောလိုက်တာနဲ့ Lady Gaga ကတော့ မပါမဖြစ် အမျိုးသမီးအဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ‘The Fame’ Music Album ကို စတင်မိတ်ဆက်ခဲ့ရာကနေ သူမရဲ့ အဆိုပိုင်နိုင်မှုကြောင့် နာမည်ကျော်ကြားလာခဲ့ပါတယ်။ သူမရဲ့ အသံပါဝါ၊ ခပ်မိုက်မိုက် ဖက်ရှင်တွေကြောင့် သူမဟာ နာမည်ကြီးအမျိုးသမီးအဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

 

Adele

လွှမ်းမိုးနိုင်တဲ့ အသံပါဝါကောင်းကောင်းနဲ့ ကျော်ကြားတဲ့ အမျိုးသမီးအဆိုတော်တစ်ဦးကတော့ Adele ပဲ ဖြစ်ပါတယ်။ သူမရဲ့ အသံဟာဆိုရင် နားထောင်တဲ့လူတွေကို ကြက်သီးထစေလောက်အောင် ဆွဲဆောင်နိုင်တဲ့ အသံပိုင်ရှင်ပါ။ ဒါတင်မကသေးပါဘူး။ Fashion ပိုင်းမှာဆိုရင်လည်း Adele ဟာ သူမရဲ့ ပြည့်ပြည့်တင်းတင်း ခန္ဓာကိုယ်နဲ့ လိုက်ဖက်အောင် ဖက်ရှင်ကျကျ ဝတ်ဆင်တတ်သူလည်း ဖြစ်ပါတယ်။

 

Beyonce

အသက် ၁၅ နှစ်လောက်မှာ ပထမဆုံး Music Album ကို ထုတ်ဝေနိုင်ခဲ့တာကတော့ Beyonce ပါ။ သူမဟာ အဆိုပိုင်းမှာ ထူးချွန်ရုံသာမက သူမရဲ့ ဖက်ရှင်တွေကို ကြည့်မယ်ဆိုရင်လည်း Powerful ဖြစ်နေတာကို မြင်တွေ့နိုင်မှာပါ။

 

Ariana Grande

ဆယ်ကျော်သက် အဆိုတော်တစ်ဦးဖြစ်တဲ့ Ariana Grande ဟာ Time Magazine မှာ the most influential people in the world အဖြစ်ဖော်ပြခံခဲ့ရသူတစ်ဦးလဲ ဖြစ်ပါတယ်။ သူမဟာ ငယ်ရွယ်နုပျိုမှုနဲ့အညီ သူမရဲ့ ဝတ်စားဆင်ယင်မှုတွေဟာလည်း အမြဲ ချစ်စရာကောင်းပြီး Style ကျနေပါတယ်။

Editor : Lin Lin



Share this article

TOP 5 ARTICLES


Skin   |   Posted on Jan 22, 2020

NIVEA မှ NIVEA Floral Whi...


Celebrity Beauty   |   Posted on Jan 20, 2020

အလှအပအတွက် Follow လုပ်ထား...


Parties & Events   |   Posted on Jan 20, 2020

နုပျိုလန်းဆန်းခြင်းနဲ့ လှ...


Celebrity Style   |   Posted on Jan 18, 2020

တော်ဝင်တဲ့အပြုံး ထည်ဝါတဲ့...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.