Hair   |   Posted on Mar 13, 2018 by Su Yi Htet Aung

ပြန်လည် ခေတ်စားလာဦးမယ့် 90s Snap Clip လေးများ


ကျွန်မတို့ငယ်ငယ်က ညှပ်ဖူးတဲ့ ဖိညှပ်ကလစ်လေးတွေက နေရာပြန်ယူလာပါပြီ။

Share this article

ဒီနေ့ခေတ်မှာ 90 နှစ်များဆီက ဆံပင်ပုံစံတွေက ပြန်အသက်ဝင်လာပြီဖြစ်သလို 90 ခုနှစ်များဆီက Hair Accessories တွေကလည်း ပြန်ခေတ်စားလာပြန်ပါပြီ။Fall Runway ရဲ့ Alexander Wang ပွဲမှာဆိုရင် Claw Clip တွေကို ပြန်သုံးထားတာ တွေ့ရသလို Prabal Gurung ပွဲမှာဆိုရင် နောက်ကို လှန်ဖြီးတဲ့ ဘီးကုပ်တွေကို ပြန်အသုံးချထားတာ မြင်နိုင်ပါတယ်။ဒီအသုံးအဆောင်တွေဟာ 90 နှစ်များဆီကတည်းက
ခေတ်စားခဲ့တဲ့ Hair Accessories တွေချည်းပါပဲ။


အဲဒီလို 90’s Accessories တွေထဲကမှ ဖိပြီး ညှပ်လိုက်ရတဲ့ Snapclip တွေဟာ တကယ်တော့ ကျွန်မတို့ ငယ်ငယ်တည်းက ခေတ်စားခဲ့တဲ့ ကလစ်လေးတွေဖြစ်ပါတယ်။ညှပ်မယ့်အခါ ကလစ်လေးကို ခွာ၊
ဆံပင်လေးထည့် ပြီးမှ ဖိညှပ်လိုက်ရတဲ့ ကလစ်လေးတွေကို မိန်းကလေးတော်တော်များများ အမှတ်ရကြမှာပါ။အချိန်ကြာလာတာနဲ့အမျှ ခေတ်ရေစီးကြောင်းနောက်မှာ ကျန်ခဲ့ရာကနေ နောက်ပိုင်းမှာတော့ အထာကျတဲ့ကောင်မလေးတွေ၊Influencerတွေ၊Runway Show တွေကနေ တစ်ဆင့် ပြန်လည်ပြီးရေပန်းစားလာတယ်လို့ ဆိုရင်လည်း မမှားပါဘူး။


ဥပမာအားဖြင့် ပြောရမယ်ဆိုရင် 2016 မှာတုန်းက Solange ဟာ CFDA Awards ပွဲမှာ Snap Clip တွေကိုဆံပင်ရှေ့နားမှာ ခပ်များများ ညှပ်လာခဲ့ဖူးသလို Miley Cyrus ဟာလည်း James Corden ရဲ့ Carpool Karaoke မှာ ပါဝင်ခဲ့တုန်းက ပုလဲ Snap Clip ကို ပန်ဆင်ထားခဲ့ပါတယ်။အခုဆိုရင်လည်း ကျွန်မတို့ ငယ်ငယ်က ညှပ်ခဲ့ဖူးတဲ့ Snap Clipလေးတွေကို များမကြာမီ Instagram မှာ ခဏခဏ မြင်တွေ့ရဦးမှာ ဖြစ်ပြီးတော့ Celebrity တွေကြားမှာပါ နောက်တစ်ကြိမ် ထပ်မံ ရေပန်းစားလာဦးမယ်လို့ မျှော်လင့်ရပါတယ်။


ဒီလို Snap Clip လေးတွေကို ဖက်ရှင်ကျကျ လိုက်ဖက်အောင်ညှပ်မယ်ဆိုရင် ဆံပင်ရဲ့ တစ်ဖက်တည်းမှာပဲ စုပြီး ညှပ်လိုက်တာမျိုး၊တစ်ချောင်းတည်းမဟုတ်ဘဲ ခပ်များများလေး ညှပ်ပေးတာမျိုး၊ဆံပင်ကို အလယ်ခွဲပြီး ဘေးတစ်ဖက်ဆီမှာ တစ်ချောင်းချင်းခွဲညှပ်တာမျိုး ဖန်တီးလို့ရပါတယ်။


ကဲ..သူများတွေ မလုပ်သေးခင် Snap Clip လေးတွေကို ပြန်စမ်းကြည့်လိုက်တော့နော်။

Ref:elle.co.uk

Editor:Su Yi Htet



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on May 21, 2018

Billboard Music Awards ဂီ...


Celebrity News   |   Posted on May 21, 2018

Royal Wedding က Meghan Ma...


Celebrity News   |   Posted on May 21, 2018

Prince Harry နဲ့ Meghan M...


Parties & Events   |   Posted on May 21, 2018

အမျိုးသမီးများအကြားရေပန်း...


Style Note   |   Posted on May 21, 2018

White buttoned-down shirt...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.