Hair   |   Posted on Nov 24, 2017 by Su Yi Htet Aung

ပြန်လည်နေရာယူလာကြဦးမယ့် ပိတ်သား ခေါင်းစည်းကြိုး ထူထူများ


ငယ်ငယ်က ခေတ်စားခဲ့တဲ့ ခေါင်းစည်းကြိုးထူထူလေးတွေကို မှတ်မိကြသေးလား။

Share this article

ဒါက ကြာခဲ့ပါပြီလို့ သင်ပြောကောင်းပြောနိုင်ပါတယ်။ဒါပေမယ့် ဒီအချိန်မှာ ငယ်ငယ်က ခေတ်စားခဲ့တဲ့ ခေါင်းစည်းကြိုးထူထူတွေ ပြန်နေရာယူလာတာကတော့ အမှန်တကယ်ပါပဲ။ဒီလို Scrunchie လို့ခေါ်တဲ့ ၈၀ခုနှစ်များနဲ့ ကျွန်မတို့ ဖြတ်သန်းခဲ့တဲ့ ၉၀ ခုနှစ်များဆီက မွေးပွခေါင်းစည်းကြိုးတွေ၊ပိတ်သားခေါင်းစည်းကြိုးတွေ ထူထူတွေကို Runway နဲ့ Celebrities တွေကြားမှာ ခပ်စိတ်စိတ်ဆိုသလို မြင်နေရပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းက Hailey Baldwin ဟာ ပိုနီတေးလ်မြင့်မြင့်ကို အဖြူဖောက် အပြာရောင် ခေါင်းစည်းကြိုး ထူထူနဲ့ စည်းထားခဲ့ပြီးတော့ သူမရဲ့ Mini Dress နဲ့ လိုက်ဖက်ညီအောင်
ပြင်ဆင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။သူတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။Selana Gomez က ခပ်မြင့်မြင့်သိမ်းပြီးနောက်မှာ ကျစ်ဆံမြီးကျစ်ထားတဲ့ဆံပင်မှာ အနက်ရောင်ခေါင်းစည်းကြိုးထူထူနဲ့ ရစ်ပတ်ပြင်ဆင်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။Bella Hadid ကိုဆိုရင်လည်း Nike ပွဲတစ်ခုမှာ ဆံပင်အပြောင်သိမ်းပြီး အဖြူရောင် ခေါင်းစည်းကြိုးထူနဲ့ စည်းထားတာ တွေ့နိုင်ပါတယ်။



Runway မှာဆိုရင်လည်း Mansur Gavriel spring 2018 show မှာ မော်ဒယ်လ်တွေက ပုံစံအမျိုးမျိုးနဲ့မတူညီတဲ့ Custom Scrunchie တွေကို ဆံပင်နောက်ဘက်မှာ ခပ်ပြေပြေ စည်းပြီး
လျှောက်လှမ်းလာတာကို တွေ့နိုင်ပါတယ်။Scrunchie တွေကို ကျွန်မတို့အနေနဲ့ ပေါ်လွင်အောင် ပြလို့ရသလို နောက်ဘက်မှာလည်း ချည်နှောင်လို့ ရပါတယ်။ Scrunchie တွေကို ရိုးရိုးရှင်းရှင်းနဲ့ သုံးမယ်ဆိုရင်တော့ ဆံပင်နောက်ဘက်မှာ ခပ်လျော့လျော့စည်းတာ၊ဘေးဘက်မှာ ကပိုကရိုစီးတာ၊ဆံပင်တစ်ဝက်ယူပြီး စည်းတာမျိုးတွေ လုပ်လို့ရပါတယ်။



Bun နဲ့ တွဲဖက်ပြီး Scrunchie တွေကို ပြချင်တဲ့အခါမှာတော့ ထိပ်နားမှာ Bun လေးထုံးပြီး စည်းလိုက်လို့ရသလို ဆံပင်တစ်ဝက်စည်းပြီး နောက်ဘက်မှာ ထုံးထားတဲ့ Bun မှာလည်း စည်းလို့ရပါတယ်။တစ်ဝက်စည်း Bun တွေရယ်၊Scrunchie တွေရယ်က ခပ်လျော့လျော့ ကောက်သားလှိုင်းတွေ ရှိတဲ့ဆံပင်တွေနဲ့ဆို ပိုလို့တောင် လိုက်ဖက်ပါသေးတယ်။လုံးဝအပြောင်သိမ်းပြီး Bun ထုံးတဲ့အခါမှာတော့ ခေါင်းစည်းကြိုးထူထူကို Bun မှာ စွပ်ချလိုက်ရုံနဲ့ Hair Accessory တစ်ခုဖြစ်သွားစေမှာပါ။နောက်ဆုံးမှာ သင်က ခေါင်းစည်းကြိုးထူထူ စည်းထားရလို့ ခေါင်းလေးတယ်ဆိုရင်တောင် လက်မှာ ပြောင်းဝတ်လိုက်ပြီး ဖက်ရှင်တစ်ခုအနေနဲ့ ထွင်လို့ရပါသေးတယ်။


Ref:popsugar.com

Editor:Su Yi Htet



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.