Celebrity Beauty   |   Posted on Oct 19, 2018 by Ja Seng Pan

Running Man ရဲ့ Member ဖြစ်တဲ့ Song Ji Hyo ရဲ့ Beauty Secret


ဂျီဟိုရဲ့ လျှို့ ဝှက်ချက်တွေကို သိထားဖို့ တော့လိုမယ်နော်!

Share this article

အလုပ်များပေမယ့် အသားအရေကိုလည်း ထိန်းသိမ်းပါတယ်။

မိတ်ကပ်ကို ညဖက်ဖျက်ဖို့ ပျင်းနေတဲ့ အပျင်းလေးတွေ ဒီအချက်လေး လိုက်နာသင့်တယ်နော်။

 

သူမအနေနဲ့ Cleansing ကိုအဓိကထားပြီး လုပ်ဆောင်ပါတယ်။ Oily Skin ဖြစ်တဲ့ အတွက် Cleaning Water ကို အသုံးပြုပြီး ရိုက်ကူးရေးတွေ ပြီးတာနဲ့ Cleansing Water ကို Wet Tissue လေးနဲ့ မျက်နှာကို သန့် စင်လေ့ရှိပါတယ်။


အတွင်းစိတ်ထားလှနေဖို့ လဲ အရေးကြီးတယ်လို့ သူမအကြံပြုထားပါတယ်။ ဒီအချက်ကိုတော့ လက်မခံပဲနဲ့ ကို မနေနိုင်ဘူး။ ဘယ်နေရာပဲဖြစ်ဖြစ် အိပ်တတ်တဲ့ ဂျီဟိုက အိပ်ရေး၀၀ အိပ်ဖို့ လဲလိုပါတယ်လို့ ပြောပါတယ်။ အသားအရေကြည်လင်းပြိး တောက်ပစေတဲ့အတွက်ကြောင့်ပါ။ မိတ်ကပ်ကိုလဲ တတ်နိုင်သမျှ နည်းအောင် လိမ်းလေ့ရှိပြီး Sunscreen ကို ပုံမှန်လိမ်းလေ့ရှိပါတယ်။ Toner နဲ့ Lotion ကို အမြဲသုံးပြီး အပြင်သွားတိုင်း Skincare Product တွေကို Travel Kit လေးနဲ့ ယူသွားလေ့ရှိပါတယ်။

 




Variety Show ဆိုတဲ့အတိုင်း ကြမ်းကြမ်းရမ်းရမ်းတွေလုပ်ရတဲ့ အတွက် အသားအရေကို အရမ်းကို ဂရုစိုက်ရပါတယ်လို့ ပြောပါတယ်။ ထသွားထလာ အတွက် CC Cream ကို သုံးရသာကြိုက်ပြီး Lip Gloss တစ်ချောင်းတော့ သူမအိတ်ထဲမှာ အမြဲပါပါတယ်။ ၇ နာရီနောက်ပိုင်း စားတာကို ရှောင်ပြီး လေ့ကျင့်ခန်းအနေနဲ့  Cardio လုပ်ရတာကြိုက်ပါတယ်လို့ ပြောပါတယ်။

 

အဆီပါဝင်မှုများတဲ့ Product တွေကို ရှောင်ပြီး အမြဲ ခရီးတွေထွက်ရတဲ့ အတွက် အဆီပါတဲ့ Product တွေ သယ်သွားရင် ဖိတ်စင်လေ့ရှိတဲ့ အတွက် မသယ်သွားပဲ သူမရဲ့ Favourite Product ဖြစ်တဲ့ Oil Balm ကိုသာ ထည့်သွားလေ့ရှိပါတယ်။ အလွယ်တကူအသုံးပြုလို့ ရပြီး Deep Cleaning ဖြစ်တဲ့အတွက်ကြောင့်ပါ။ အချိန်အများကြီးမပေးနိုင်တဲ့အတွက် ကြောင့် သူမအနေနဲ့ Basic Skincare Step တွေကိုသာ မပိတ်မကွက် စွဲစွဲမြဲမြဲလုပ်တာဖြစ်ပါတယ်။

 




Editor : Hannah



Share this article

TOP 5 ARTICLES


People   |   Posted on Apr 12, 2019

ပင်လယ်ပျော် Thin Zar Wint...


Beauty Box   |   Posted on Apr 10, 2019

L’Oreal Paris ရဲ့ အထူး S...


Celebrity Beauty   |   Posted on Apr 9, 2019

"KILL THIS LOVE" MUSIC VI...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.