Food & Travel   |   Posted on Oct 3, 2019 by Ja Seng Pan

Sedona Hotel Yangon ရှိ ပီနန်းအစားအသောက်ဝန်ဆောင်မှု


ပီနန်းမြို့မှ ဟော်ကာစားဖိုမှူးများက နာမည်ကျော် ပီနန်းအစားအသောက်များကို ပြင်ဆင်ချက်ပြုတ်ကာ ဝန်ဆောင်မှုပေးသွားမှာပဲ ဖြစ်ပါတယ်။

Share this article

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ နေ့ကမှ စတင်ကာ အောက်တိုဘာလ ၆ ရက်နေ့အထိ ပီနန်းမြို့မှ ဟော်ကာစားဖိုမှူးများက နာမည်ကျော် ပီနန်းအစားအသောက်များကို Sedona Hotel  Yangon ရှိ D’Cuisine စားသောက်ဆိုင်တွင် ပြင်ဆင်ချက်ပြုတ်ကာ ဝန်ဆောင်မှုပေးသွားမှာပဲ ဖြစ်ပါတယ်။

 

ပီနန်ကျွန်းမှ  ဟော်ကာစားဖိုမှူး ၄ ဦးဖြစ်တဲ့ Madam Cheah Siew Mooi , Mr Lee Eng Huat , Mr Toon Chin Wieu နဲ့ Madam Ong Saw Phaik တို့က နာမည်ကျော်ဟင်းလျာများဖြစ်တဲ့ Penang Laksa , Cendol , Ice Kacang , Fired Oyster Omelette and Ikan Panggang ( BBQ Fish ) တို့ကို ချက်ပြုတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

 

ပီနန်းကျွန်းစုမှ အစားအသောက်များဟာ မလေးရှားနိုင်ငံတွင် ဘုံဗိမာန်အဖြစ် တင်စားတဲ့နေရာတစ်ခုဖြစ်ပြီး တရုတ်၊ မလေးရှားနှင့် အိန္ဒိယအစားအသောက်များကို အဓိကထားရောင်းချတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ ပီနန်းကျွန်းစုနေရာဟာ အာရှမှာ ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံးအစားအသောက်များ စုဝေးနေတဲ့နေရာ တစ်ခုအဖြစ် CNN Travel မှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။

 

 

ပီနန်းဟော်ကာစားဖိုမှူးများက ဟော်ကာအစားအသောက်များကို လာရောက်ချက်ပြုတ်ပေးတဲ့ ဝန်ဆောင်မှုကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း Sedona Hotel Yangon မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူတွေ အကြိုက်တွေ့အောင်မြင်ခဲ့တဲ့အတွက် ယခုလို ဒုတိယအကြိမ် ချက်ပြုတ်ဝန်ဆောင်မှုပေးခြင်းပဲ ဖြစ်ပါတယ်။

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.