Skin   |   Posted on Jun 22, 2018 by Su Yi Htet Aung

Sensitive Skin တွေသိထားသင့်တဲ့ Skincare Tip များ


စန်းစန်းတင့်တို့ အရင်လိုငိုနေစရာမလိုတော့ဘူးနော်။

Share this article

Sensitive ဖြစ်တတ်အသားအရေပိုင်ရှင်တွေအတွက် အသားအရေထိန်းသိမ်းရတာအလွန်ခက်ခဲလှပါတယ်။ တစ်ယောက်နဲ့တစ်ယောက် Skin Type တွေ၊ Skin Concern တွေလည်းမတူကြတဲ့အတွက် Skincare Product ကိုရွေးချယ်စရာတစ်ခုဖြစ်စေပါတယ်။



မျက်နှာသစ်တဲ့အခါ

Sensitive Skin ပိုင်ရှင်တွေက မျက်နှာကိုအညစ်အကြေးတွေ သန့်ရှင်းစေဖို့ဆိုပြီး မျက်နှာသစ်တဲ့အခါ Deep Pore Cleanser သို့မဟုတ် Deep Clean Cleanser တွေကိုအသုံးပြုလေ့ရှိပါတယ်။ တကယ်တော့ ဒါတွေကမှားနေတဲ့ အယူအဆတွေပါ။ Sensitive Skin ပိုင်ရှင်တွေက မျက်နှာသစ်တဲ့အခါ Gentle Cleanser၊ PH Level ညှိပေးတဲ့ မျက်နှာသစ်ဆေးတွေကိုအသုံးပြုသင့်ပါတယ်။ မျက်နှာသစ်တဲ့အခါမှာလည်း စက်ဝိုင်းပုံသဏ္ဍာန်ကို ညင်သာစွာနှိပ်နယ်ပေးပြီးမျက်နှာကိုသုတ်တဲ့အချိန်မှာလည်း ဖွဖွလေးပုတ်ပြီး သုတ်ပေးပါ။


အစိုဓာတ်ဖြည့်ပေးပါ။


Sensitive ဖြစ်တဲ့အခါ မျက်နှာကခြောက်သွေ့ပြီး ယားယံတာတွေဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ အစိုဓာတ်ကုန်ခမ်းသွားလို့ဖြစ်ပြီး အစိုဓာတ်ဆိုတာ ရေဓာတ်နဲ့အဆီဓာတ် နှစ်မျိုးလုံးပါတာဖြစ်ပါတယ်။ အစိုဓာတ်ကိုပြန်လည်ဖြည့်တင်းဖို့ကတော့ Moisturizer ကောင်းကောင်းတစ်ခု မဖြစ်မနေလိုအပ်ပါတယ်။ ညဘက်အိပ်ခါနီးမှာလည်း အဆီလိမ်းပေးနိုင်ပါတယ်။


နေရောင်ခြည်မှကာကွယ်ပါ

နေရောင်ခြည်မှာပါတဲ့ UVA, UVB တို့ကမျက်နှာပြင်ရဲ့အတွင်းပိုင်းအထိပျက်စီးစေနိုင်တဲ့အတွက် Sunscreen ကိုအမြဲလိမ်းပေးဖို့လိုအပ်ပါတယ်။ Sensitive Skin တွေက Sunscreen ကိုမဖြစ်မနေလိမ်းသင့်ပြီး ဦးထုပ်၊ ထီးစတာတွေနဲ့ပါ ကာကွယ်သင့်ပါတယ်။ အကယ်၍များ နေလောင်ဒဏ်ကြောင့်အသားအရေပျက်စီးသွားတဲ့အခါ ရေခဲ ၊ သခွားသီး၊ ရှားစောင်းလက်ပတ်တို့ကို နေလောင်သွားတဲ့နေရာမှာလိမ်းပေးပါ။


မိတ်ကပ်ကိုသေချာရွေးချယ်ပါ။

Sensitive Skin တွေကတစ်ယောက်နဲ့တစ်ယောက်မတူကြတဲ့အတွက် တည့်မတည့်ကိုစမ်းသပ်ပြီးမှဝယ်ယူသင့်ပါတယ်။ လည်ပင်းသို့မဟုတ် လက်ဖမိုးပေါ်မှာအရင်တင်ပြီး ၂နာရီလောက်ကြာတဲ့အထိစောင့်ကြည့်သင့်ပါတယ်။ ကြားထဲမှာ အနီကွက်များထခြင်း၊ ယားယံခြင်းတွေဖြစ်ပေါ်လာရင်တော့ မ၀ယ်သင့်ပါဘူး။ မိတ်ကပ်ပစ္စည်းတွေရဲ့ ဘူးခွံအပေါ်မှာ Suitable for Sensitive Skin ဆိုတာလေးတွေကိုရွေးချယ်သင့်ပါတယ်။


သက်တမ်းကုန်ဆုံးသွားတဲ့ ပစ္စည်းတွေကိုအသုံးမပြုပါနဲ့။

ကုန်ပစ္စည်းတိုင်းမှာ သူ့ရဲ့သက်တမ်းတွေကိုရေးထားပါတယ်။ ဘူးခွံတွေပေါ်မှာ ၃လ၊ ၆လ၊ ၁၂လ၊ ၁၈လ အစရှိပြီးရေးထားပါတယ်။ ဒါကတော့ စတင်ပြီးအသုံးပြုတဲ့အချိန်မှစပြီး ဘူးခွံမှာရေးထားတဲ့သက်တမ်းအထိ အထားခံပါတယ်။ သဘာဝကုန်ကြမ်းတွေနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေကတော့ အနည်းဆုံး ၁လမှအများဆုံး ၆လ၊ ၁နှစ်လောက်အထိခံကြပါတယ်။ သက်တမ်းကုန်ဆုံးသွားတဲ့ပစ္စည်းတွေက မျက်နှာ အရေပြားပေါ်မှာ အဖုများကန်ထွက်တတ်ခြင်း၊ အနီကွက်များထတတ်ခြင်း၊ ယားယံတတ်ခြင်း၊ အရေပြားလန်ခြင်းတွေကိုဖြစ်ပေါ်စေပါတယ်။ Sensitive Skin တွေနဲ့ အထူးသတိထားသင့်ပါတယ်။

Editor: Thet Htar Lwin



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Jan 24, 2019

BLACKPINK FAN တွေအတွက် HI...


Sex & Relationships   |   Posted on Jan 19, 2019

ဂရိဝေါဟာရ သုံးလုံးနဲ့ ခွဲ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.