Health   |   Posted on Aug 30, 2019 by Yin Moe Shinn

စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ခရီးထွက်ကြစို့ 


နေ့ စဉ်ဘဝတွေကနေခဏရုန်းထွက်ပြီးစိတ်အပန်းဖြေမယ်ဆိုရင်ဘယ်လိုနေရာတွေကအဆင်ပြေဆုံးလဲ ?

Share this article

လာမယ့်ပိတ်ရက်တွေကိုအကျိုးရှိရှိအသုံးချဖို့ခရီးသွားကြရအောင်။ နေ့စဉ်အလုပ်တွေကြောင့်လူတိုင်းစိတ်ရောလူရောပင်ပန်းနေကြမှာအသေအချာပါ။ အဲဒီထဲမှာသေချာတာတစ်ခုကတော့စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုပါ။ ဟိုးအရင်အခြေအနေတွေထက်ပိုပြီးတိုးတက်လာလေလေ ပိုပြီးပင်ပန်းလာလေလေဖြစ်နေတဲ့လူသားတွေအနေနဲ့ နေ့စဉ်ကျင်လည်ရတဲ့ပတ်ဝန်းကျင်ကနေခဏတာရုန်းထွက်ဖို့ လိုပါတယ်။အဲဒီဘဝအမောတွေကို ဖြေဖျောက်ပေးနိုင်မယ့်အကောင်းဆုံးနည်းလမ်းကတော့

ခရီးသွားခြင်းဘဲဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါကျန်းမာစေမယ့်အကောင်းဆုံးနည်းလမ်းအဖြစ်ရှာဖွေတွေ့ရှိထားတဲ့ခရီးသွားခြင်းကအမှန်တကယ်သင့်ကိုပိုပြီးကျန်းမာစေမှာလား ? အမှန်တကယ်ဘဲသင့်မွန်းကျပ်မှုတွေကိုလျော့ကျစေမှာလား ? ဒီမေးခွန်းတွေရဲ့ အဖြေကိုကိုယ်တိုင်ရှာဖွေကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ဒီတော့လာမယ့်ပိတ်ရက်ရှည်လေးတွေကိုအကျိုးရှိရှိအသုံးချရာရောက်သလိုမွန်းကျပ်နေတဲ့သင့်စိတ်ကျန်းမာစေဖို့ ရယ်အတွက်ခရီးသွားခြင်းဆိုတဲ့ဆေးကိုရွေးချယ်ကြည့်ရအောင်နာ်။ ရောဂါဝေဒနာခံစားနေရသူအချို့အနေနဲ့ခရီးသွားခြင်းကရောဂါတစ်ဝက်သက်သာစေတယ်လို့ ရှာဖွေတွေ့ ရှိချက်တွေအရသိရပါတယ်။ ခရီးထွက်ခြင်းကစိတ်ဖိစီးမှုကိုလျော့ကျစေတဲ့အပြင်အသစ်သစ်သောညဏ်ရည်ကွန့် မြူးမှုကိုလည်းဖြစ်စေပါတယ်။

အကြံညဏ်ကောင်းတွေကိုထွက်စေတဲ့အတွက်သင့်အတွက်ခရီးသွားခြင်းကကြီးမားလေးနက်တဲ့သင့်အတွေးအခေါ်တွေအတွက်ကောင်းကောင်းအထောက်အကူဖြစ်စေမှာပါ။ စိတ်ပျော်ရွှင်ဖို့ ရည်ရွယ်တာမို့ စိတ်အနှောက်အယှက်ဖြစ်စေမယ့်ခရီးမျိုးကိုတော့ရှောင်ကျဉ်ရပါမယ်။ ခက်ခက်ခဲခဲ adventure ဆန်ဆန်ခရီးတွေကတစ်ချို့ လူတွေအတွက်စိတ်ခွန်အားရစေမှာမှန်ပေမယ့်ဒါကိုမရူးသွပ်သူတွေအတွက်ကတော့ပင်ပန်းစေမယ့်အပြင်စိတ်အပန်းဖြေရာမရောက်ဘဲပိုပင်စေမှာပါ။

ဒါကြောင့်ခရီးထွက်ဖို့ နေရာရွေးချယ်မှုကမှန်ကန်နေဖို့လိုပါတယ်။ ရှုခင်းလှလှလေးတွေ ၊ ပင်လယ် ၊ လေ ၊ တောင်တန်းစတဲ့နေရာတွေကသာသင့်ရဲ့ မကျန်းမာတဲ့စိတ်ကိုအမှန်တကယ်ကုစားပေးနိုင်မှာမို့ ဒီလို နေရာမျိုးကိုရွေးချယ်သင့်ပါတယ်။ ဘာကြောင့်လည်း ? နေ့ စဉ်တွေ့ မြင်နေကျရှုခင်းတွေ မြင်ကွင်းတွေကနေခဏရှုန်းထွက်ပြီးအသစ်သစ်သောရှုခင်းတွေကိုခံစားကြည့်စေချင်ပါတယ်။ အဲဒီအရာကသင့်စိတ်ကိုပိုပြီးလန်းဆန်းကျန်းမာစေတဲ့အ့ပြင်အဲဒီအခ်ျိန်တွေကထိုက်တန်တယ်လို့ ခံစားရမှာပါ။ လုံးဝကိုမတူညီတဲ့လေထုကသင့်ကိုစိတ်ကျေနပ်မှုအပြည့်အဝပေးမှာအသေအချာပါ။

ကျယ်ပြောလှတဲ့ပင်လယ်ကြီးကတော့မျက်စိတစ်ဆုံးရေပြင်ကျယ်ကြောင့်သင့်မွန်းကျပ်မှုတွေကိုပျေပျောက်စေမှာပါ။ တောင်တန်းတွေကတော့လွတ်လပ်မှုရဲ့ အရသာကိုပေးစွမ်းနိုင်မှာအသေအချာပါ။

မတူညီတဲ့နေရာဒေသရဲ့ မတူညီတဲ့မြင်ကွင်းတွေအပြင် မတူညီတဲ့ရိုးရာယဉ်ကျေးမှုအချို့ ကိုလည်းရှာဖွေနိုင်မှာမို့ ညီးညူနေတဲ့သင့်စိတ်တွေလန်းဆန်းတက်ကြွစေမယ့်အပြင်အတွေးအခေါ်ကောင်းတွေပါရစေမှာအမှန်ပါ။ ဒါကြောင့်သင့်ရဲ့ စိတ်မပျော်ရွှင်မှုတွေကိုဖယ်ရှားဖို့ လာမယ့်အားလပ်ရက်ရှည်မှာနေရာကောင်းလေးတွေကိုသွားရောက်လည်ပတ်ခြင်းနဲ့ စိတ်ကျန်းမာပြီးပျော်ရွှင်နိုင်ကြပါစေနော်။

Editor : Bo



Share this article

TOP 5 ARTICLES


Celebrity Beauty   |   Posted on Jan 20, 2020

အလှအပအတွက် Follow လုပ်ထား...


Parties & Events   |   Posted on Jan 20, 2020

နုပျိုလန်းဆန်းခြင်းနဲ့ လှ...


Celebrity Style   |   Posted on Jan 18, 2020

တော်ဝင်တဲ့အပြုံး ထည်ဝါတဲ့...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.