Health   |   Posted on Jan 18, 2018 by Moe Thandar Lwin

စိတ်ညစ်တဲ့အခါ စားစရာ


စိတ်ညစ်နေရင် အစားစားတဲ့နည်းနဲ့ ဖြေရှင်းလိုက်ပါ

Share this article

လူသားတွေဟာ အမြဲတမ်းတော့ မပျော်ရွှင်နိုင်ကြပါဘူး။ ဒါဟာ သင်ရော၊ ကျွန်မတို့ရော လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မပျော်ရွှင်ပဲ စိတ်ညစ်ကြရတဲ့အချိန်တွေကိုရော ကျွန်မတို့ ဘယ်လိုဖြတ်သန်းသွားကြရင် ကောင်းမလဲ။ အစားသမားတွေကတော့ အစားစားရင်းဖြတ်သန်းတာ အကောင်းဆုံးပါပဲ။ စိတ်ညစ်တဲ့အချိန်မှ စားသုံးရင် စိတ်ကိုအပန်းပြေပြီး Stress တွေကို တိုက်ထုတ်ပေးနိုင်တဲ့ အစားအစာတွေရှိပါတယ်။

Salmon

Omega 3 နဲ့ အဆီပြည့်ဝစွာပါဝင်တဲ့ ဆယ်မွန်ငါးကတော့ သင့်ရဲ့ကိုယ်ခန္ဓာထဲက စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ နောက်ပြီးတော့ ဆယ်မွန်ငါးက အရသာရှိပြီး အစားကြိုက်သူတွေ တန်ဖိုးထားကြတဲ့အရာဖြစ်တဲ့အတွက်ကြောင့် ဆယ်မွန်ငါးစားခြင်းဟာ သင့်ကို ပျော်ရွှင်မှုပေးနိုင်မှာပါ။ တစ်လနှစ်ခါလောက် ဆယ်မွန်ငါးကို ပုံမှန်စားပေးမယ်ဆိုရင်တော့ သင့်ရဲ့ ကိုယ်ခန္ဓာနဲ့ ဥာဏ်ရည်ကို အထူးကောင်းမွန်စေမှာပါ။ နောက်ပြီးတော့ စားချင်စဖွယ် ချက်ပြုတ်နည်း အမျိုးမျိုးလည်း ရှိတာကြောင့် အကျိုးရော အရသာရော ရှိတဲ့ အစားအစာတစ်မျိုးပါနော်။

Dark Chocolate

ချောကလက်အခါးဟာ သင့်ရဲ့ စိတ်ဖိစီးမှု level ကိုသာမက သင့်ရဲ့ ဟော်မုန်းအပြောင်းအလဲကိုပါ ထိန်းညှိပေးနိုင်တာကို တွေ့ရပါလိမ့်မယ်။ ချောကလက်အခါးကိုစားလိုက်ခြင်းအားဖြင့် ဦးနှောက်ထဲမှာရှိတဲ့ Serotonin ကို မြင့်တက်စေပြီး အဲဒီ့လိုမြင့်တက်လာခြင်းကြောင့် သင့်ရဲ့ စိတ်ဖိစီးမှုက လျှော့ကျသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မှတ်ထားရမှာတစ်ခုက ချောကလက်တိုင်းဟာ ဒီလိုအကျိုးကျေးဇူးကို မပေးနိုင်ပါဘူး။ ချောကလက်အခါးတစ်မျိုးတည်းကသာ သင့်ကို ကူညီနိုင်တယ်ဆိုတာကိုလည်း မမေ့လိုက်ပါနဲ့ဦး။

Green Vegetable

စိတ်ရောကိုယ်ရော ပင်ပန်းပြီး အရမ်းကိုကျဉ်းကျပ်လာပြီလို့ ခံစားနေရပြီဆိုရင် အကောင်းဆုံးအကြံတစ်ခုရှိပါသေးတယ်။ ဒါကတော့ လက်ဆတ်ပြီးသန့်ရှင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးဖို့ပါပဲ။ ဟင်းသီးဟင်းရွက်တွေ အစုံသုတ်ထားတဲ့ Salad တစ်ပွဲကို စားလိုက်မယ်ဆိုရင် သင် အရင်ကထက်တော့ စိတ်လက်ပေါ့ပါးလာမှာပါ။ နောက်ပြီး မျက်လုံး၊ အာရုံကြောတွေကိုပါ အထောက်အကူပြုတဲ့အတွက်ကြောင့်မို့လို့ သင့်ရဲ့ တစ်နေ့စာ အစာစားသောက်ချိန်တစ်ခုမှာတော့ ဒီလို ဟင်းသီးဟင်းရွက်တွေကို တစ်ကြိမ် သို့မဟုတ် တစ်ကြိမ် ပါဝင်အောင် ထည့်သွင်းစားသုံးစေချင်ပါတယ်။

Turkey & Blueberry

ဒီနှစ်ခုကို တစ်ဆက်တည်းတွဲပြောလိုက်တယ်ဆိုတာဟာ မြန်မာနိုင်ငံမှာလည်း အစားနည်းတဲ့အစားအစာဖြစ်နေလို့ပါ။ ဆယ်မွန်ငါးကတောင် ဂျပန်စားသောက်ဆိုင်တွေရောက်ရင် အလွယ်တကူ မှာယူစားသုံးလေ့ရှိကြပေမယ့် ကြက်ဆင်သားနဲ့ Blueberry ကိုတော့ သိပ်စားလေ့စားထမရှိကြပါဘူး။ တကယ်တော့ ဒီအစားအစာနှစ်ခုကလည်း သင့်ရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်နှလုံးအတွက် အများကြီး အထောက်အကူပြုနေပါတယ်။ ဒါကြောင့် Blueberry ကို ဥာဏ်ပညာနဲ့တောင် တင်စားကြတာပါနော်။

အစားအသောက်နဲ့ ကုသတာက ဆေးဝါးနဲ့ကုသတာထက် ပိုပြီး ဘေးကင်းစေပါတယ်။ ဆယ်မွန်ငါး၊ ကြက်ဆင်သားနဲ့ Blueberry ဟာ သင်တို့အတွက် အလှမ်းဝေးနေတယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး။ သိပ်စိတ်ပျက်ညစ်ညူးလာပြီး ရာသီဥတုမသာယာတဲ့နေ့တွေမှာ ချောကလက်အခါးကို သရေစာအဖြစ်စားပေးပြီး မနက်စာ သို့မဟုတ် နေ့လည်စာထဲမှာ ဟင်းသီးဟင်းရွက်တွေ သုတ်ထားတဲ့ အသုတ်တစ်ပွဲကို စားပေးမယ်ဆိုလည်း အဆင်ပြေနေပါပြီ။

 

Editor : Moethae Say



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on May 21, 2018

Billboard Music Awards ဂီ...


Celebrity News   |   Posted on May 21, 2018

Royal Wedding က Meghan Ma...


Celebrity News   |   Posted on May 21, 2018

Prince Harry နဲ့ Meghan M...


Parties & Events   |   Posted on May 21, 2018

အမျိုးသမီးများအကြားရေပန်း...


Style Note   |   Posted on May 21, 2018

White buttoned-down shirt...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.