Sex & Relationships   |   Posted on Oct 26, 2016 by Elijah htang

ချစ်မှုရေးရာ ထူးဆန်းလက္ခဏာ


လူသားနဲ့မကင်းနိုင်တဲ့ အချစ်ကိစ္စအတွက် လေ့လာထားတာက ပိုတယ်မရှိပါဘူး။ကမ္ဘာတစ်လွှားမှာ ဖြစ်ပေါ်နေတဲ့ ချစ်ခြင်းရဲ့ထူးဆန်းထွေလာကိစ္စများကို ဗဟုသုတရှုထောင့်ကနေ တင်ပြထားပါတယ်။

Share this article

အချစ်ဆိုတဲ့အရာဟာ ကုန်စင်အောင် ရှင်းပြလို့မရပေမယ့် နှလုံးသားချင်း ထပ်တူကျမှ ခံစားလို့ရတာမျိုးဖြစ်ပါတယ်။ အချစ်ကို ဘာသာစကားအမျိုးမျိုးနဲ့အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုသည့်တိုင်အောင် ကုန်ဆုံးမှာမဟုတ်ပါဘူး။ အချစ်ရဲ့ထူးခြားလက္ခဏာများကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြလိုက်ပါတယ်။

(၁) သစ္စာမဲ့သူတွေဟာ IQ နိမ့်သူများ
တကယ်တမ်းတော့ ကိုယ့်ချစ်သူအပေါ် သစ္စာမဲ့သူများဟာ ဥာဏ်ရည်နိမ့်ပါးသူများဖြစ်ပါတယ်လို့ စစ်တမ်းတစ်ရပ်အရသိရပါတယ်။ ငါးစိမ်းမြင် ငါးကင်ပစ်ဖို့ပဲ တွေးတောနေကြပြီး ကိုယ့်ဘဝလက်တွဲဖော်ရွေးချယ်တော့မယ်ဆိုရင် အတိတ်မှ အရိပ်မဲကြီးက ခြောက်လှန့်နေပြီး တစ်သတ်လုံးဒုက္ခရောက်တတ်ပါတယ်။

(၂) ဘယ်ဘက်နားမှာ ပန်းပန်ရင်
အမေရိကန်နိုင်ငံ ဟာဝိုင်အီမှာဆိုရင် မိန်းကလေးတွေ ဘယ်ဘက်နားမှာ ပန်းပန်ထားတယ်ဆိုရင် သူမဟာ Single မဟုတ်ပါဘူးလို့ ပြောတာပါတဲ့ ။ ကဲ . . တကယ်လို့ ဟာဝိုင်အီကို ရောက်ခဲ့ရင်တော့ ဘယ်ဘက်နားမှာ ပန်းပန်ထားတဲ့ အမျိုးသမီးကို မချဉ်းကပ်လေနဲ့။

(၃) လက်သူကြွယ်က လက်ညှိုးထက်ပိုရှည်
အမျိုးသားတစ်ယောက်ဟာ လက်သူကြွယ်က လက်ညှိုးထက်ပိုရှည်နေမယ်ဆိုရင်တော့ သူတို့ဟာ ပုံမှန်အတိုင်းလိင်ဆက်ဆံဖို့ (လှေကြီးထိုး) ပိုအားသန်ကြသူများ ဖြစ်ကြပါတယ်လို့ သုတေသနတစ်ရပ်အရ သိရပါတယ်။ ကဲ . . ကိုယ့်ကောင်လေးရဲ့ လက်ချောင်းလေးတွေကို တိုင်းကြည့်ကြဦးနော်။

(၄) Happy New Year နောက်အပတ် တနင်္ဂနွေ
နှစ်တစ်နှစ်ရဲ့ပထမဆုံး တနင်္ဂနွေနေ့ဟာ သမီးရည်းစားစုံတွဲတွေ ချိန်းတွေ့မှုအများဆုံးဖြစ်တဲ့နေပါလို့ Online Dating ဝက်ဘ်ဆိုက်တွေရဲ့အချက်အလက်အရ သိရပြန်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘယ်နေ့ဖြစ်မလဲ ။ Valentines’ Day ဖြစ်မယ်ထင်ပါတယ်။

(၅) ယောက်ျားလေးတွေဟာ အသက်၂ဝမတိုင်ခင် အသည်းကွဲ
ယောက်ျားလေးတွေဟာ ဆယ်ကျော်သက်အရွယ်မှာတင် အသည်းကွဲလေ့ရှိကြတယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ မိန်းကလေးတစ်ယောက်ကြောင့် အသည်းကွဲဖူးထားတဲ့ ယောက်ျားလေးတစ်ယောက်ဟာ နောက်ရည်းစားတွေ ထည်လဲတွဲနေတတ်ကြပြီး ရည်းစားဆိုတာ အကြောပြေဆေးလောက်ပဲ သဘောထားသွားတတ်ကြပါတယ်။

(၆) မျက်နှာပေးက ခန္ဓာကိုယ်ထက် ပိုဆွဲဆောင်နိုင်
နှစ်လိုဖွယ်မျက်နှာထားဟာ တောင့်တင်းတဲ့ခန္ဓာကိုယ်ပိုင်ရှင်ထက်တောင် ဆန့်ကျင်ဘက်လိင်ကို ပိုမိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်လို့ စစ်တမ်းကောက်ကူမှုတစ်ရပ်အရ သိရပြန်ပါတယ်။ ပြုံးရွှင်နေတဲ့မျက်နှာထားဟာ ဆန့်ကျင်ဘက်လိင်အတွက် ယစ်မူးစေတဲ့ဆေးတစ်ခွက်ပဲဖြစ်ပါတယ်။

(၇) ဒီဇင်ဘာလနှင့်ဇွန်လဟာ ပန်းဦးချွေတဲ့လ

အမေရိကန်နိုင်ငံမှာ သမီးရည်းစားတွေအတွက် ဒီဇင်ဘာလနှင့်ဇွန်လဟာ သာမန်လတွေထက် ပိုပြီးတော့ အပျိုရည်ပျတ်ကြပါတယ်။ ဗဟုသုတအနေနဲ့ မိန်းကလေးအများစုဟာ အသက်၁၇နှစ်အရွယ်မှာတင် အပျိုစင်ဘဝဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။

(၈) ရည်းစားသက်တမ်း ၃လနှင့်၅လကြား
ရည်းစားသက်တမ်း ၃လနှင့်၅လကြားမှာ သမီးရည်းစားတွေ လမ်းအခွဲဆုံးကာလဖြစ်ပါတယ်။ ရည်းစားသက်တမ်း ကြာရှည်လာတာနှင့်အမျှ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိလာကြပြီး ရေရှည်လက်တွဲလာကြပါတယ်။

 

 



Share this article

TOP 5 ARTICLES


Fashion News   |   Posted on Mar 24, 2017

2017 CFDA ဆုပေးပွဲရဲ့ စကာ...


Health & Fitness   |   Posted on Mar 24, 2017

အရေးပေါ်သန္ဓေတားဆေး သောက်တေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.