Health   |   Posted on Aug 17, 2019 by Ja Seng Pan

စွန်းထင်းနေတဲ့ underwear တွေအတွက် နည်းလမ်း


Baking Soda နဲ့ အစွန်းချွတ်ကြမယ်

Share this article

ပျိုမေတို့အတွက် အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တဲ့ underwear တွေကို ဘယ်လိုလျှော်ကြမလဲ ဆိုတာပြောပြပေးချင်ပါတယ်။ ပျိုမေတို့ နေ့စဉ်ဝတ်နေတဲ့ underwear တွေကို သေချာမလျှော်ဖွတ်ရင် အရမ်းကို အန္တရာယ်များစေပါတယ်။ Period ကာလတွေမှာလဲ စွန်းထင်းတတ်တာမို့ လွယ်ကူပြီး ပိုးမွှားကင်းစင်နိုင်ဖို့ သဘာဝနည်းလမ်းနဲ့ သန့်စင်ကြမယ်နော်။

သွေးစွန်းနေတဲ့ အတွင်းခံတွေကို လျှော်မယ်ဆိုရင် စွန်းထင်းနေတဲ့နေရာကို Baking Soda ကို မိနစ်အနဲငယ်လောက် ထားပေးပါ။ ပြီးရင်တော့ လက် ဒါမှမဟုတ် Brush ဖြင့် ပွတ်တိုက်ပေးပါ။ Baking Soda ပြောင်တဲ့အထိ ပွတ်တိုက်လျှော်ပေးပါ။ ထို့နောက်ရေဆေးချလိုက်ပါ။ တခြားတစ်ဖက်ကိုလည်း ထိုနည်းအတိုင်းလုပ်ပေးပါ။ ရေအေးဖြင့် ဆေးချပြီးရင်တော့ ပုံမှန်လျှော်နေကျအတိုင်း ဆပ်ပြာဖြင့် လျှော်ဖွပ်လို့ ရပါပီ။

တစ်ခါတစ်ရံမှာ underwear အတွင်းမှာ ဆီးသွားတဲ့အခါကျန်တဲ့ အစွန်းလေးတွေ စွန်းနေတတ်ပါတယ်။ ဒီအစွန်းတွေကိုတော့ Baking Soda အနည်းငယ်ဖြူပြီး လက်ဖြင့် ပွတ်တိုက်ပေးပါ။ Baking Soda တွေ ပြောင်သွားပြီဆိုရင်တော့ ပုံမှန်အတိုင်းလျှော်လို့ရပါပီနော်။
သတိပြုရမှာတော့ underwear လျှော်တဲ့အခါ ရေအေးနဲ့သာ လျှော်ပေးရဖို့ပါ။ နေရောင်ကောင်းကောင်းရတဲ့ နေရာမှာလှမ်းပေးပြီးနောက် သန့်ရှင်းပြီး အသစ်အတိုင်းဖြစ်နေတဲ့ underwear တွေကို ပြန်လည်ရရှိမှာဖြစ်ပါတယ်။ ကဲ တစ်ကိုယ်သန့်ရှင်းရေးအတွက် underwear တွေကို စနစ်တကျနဲ့ သန့်သန့်ရှင်းရှင်းလေးဖြစ်အောင် စမ်းသပ်ကြည့်ရအောင်နော်။

 

Editor : Lin Lin 



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.