ဒီတစ်ခါတော့ပျိုမေလေးတွေနဲ့ နေ့ စဉ်ထိတွေ့ နေရတဲ့ မိတ်ကပ်နဲ့ ပတ်သတ်ပြီးသတိမထားမိဘဲမေ့လျော့နေလောက်မယ်ထင်တဲ့အကြောင်းအရာလေးကိုပြောပြပေးချင်ပါတယ်။နေ့ တိုင်း ရုံး ၊ ကျောင်း စသဖြင့်သွားနေရတဲ့အချိန်တိုင်းလိမ်းနေရတဲ့မိတ်ကပ်လေးကစနစ်ကျရဲ့ လား ? အရမ်းလှတဲ့မျက်နှာလေးတွေကို ကိုယ်တိုင်ပြင်ဆင်နေကြတဲ့နေ့ စဉ်မိတ်ကပ်လိမ်းပုံအဆင့်ဆင့်တွေထဲက အဓိကအရေးတဲ့ အောက်ခံမိတ်ကပ် Foundationအကြောင်းပြောပြချင်ပါတယ်။ လိမ်းပုံလိမ်းနည်းတစ်ယောက်နဲ့ တစ်ယောက်သိထားတာခြင်းမတူကြတဲ့ထဲက သိကိုသိထားသင့်တဲ့အချက်လေးတွေဘဲပြောပြပေးမှာပါနော်။ ဒါမှနည်းစနစ်မှန်မှန်နဲ့ လိမ်းပြီးကြာရှည်ခံတဲ့မိတ်ကပ် Look လေးကိုရရှိမှာပါ။ဒါဆိုစပြောလိုက်ရအောင်နော် အရင်ဆုံးသင့်အသားအရေအရောင်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ်အရောင်ကိုရွေးချယ်တတ်ဖို့ လိုပါတယ်နော်။ ကိုယ့်မူလအသားရောင်နဲ့ ကွဲထွက်မနေဖို့ ကအဓိကပါဘဲ နောက်ပြီးသင့်ရဲ့ သန့် စင်ပြီးခါစမျက်နှာပေါ်မှာချက်ချင်းမိတ်ကပ်မလိမ်းသင့်ပါဘူးနော်။ တကယ်ဆို Skin care အနေနဲ့ အဆင့်ဆင့်လိမ်းခြယ်သင့်ပေမယ့် အဲလို မလိမ်းနိုင်ရင်တောင်အောက်ခံကို Moisturizer တစ်မျိုးမျိုးကိုမဖြစ်မနေလိမ်းသင့်ပါတယ်ြ့ပီးရင်တော့အဲဒီ moisturizer ခြောက်တဲ့အထိစောင့်ပြီးမှ Primer ကိုလိမ်းပါ။ အခုဆိုအလှအပစိတ်ဝင်စားကြတဲ့ပျိုမေတိုင်းကဒီလိုလေးတွေဝယ်ထားကြမှာအသေအချာပါ။။ နောက်တစ်ခုအရေးကြီးတဲ့အရာလေးကတော့ Foundation makeup ကိုအရမ်းအများကြီးမလိမ်းဖို့ ပါ။ တော်တော်များများကမျက်နှာမှာရှိတဲ့အပြစ်အနာအဆာလေးတွေကိုပါဖုံးနိုင်ဖို့ မိတ်ကပ်တွေကိုအများကြီးလိမ်းလေ့ရှိကြပါတယ်။ အဲ့တာကလွဲမှားနေတဲ့အချက်ပါလို့ ပြောချင်ပါတယ်။ ဘာကြောင့်နဲ့ မှမိတ်ကပ်ကိုအများကြီးမလိမ်းမိစေနဲ့ နော်။ မျက်နှာအနှံ့ မိတ်ကပ်အနည်းငယ်ကိုအစက်လေးတွေချပြီးလိမ်းပေးရပါမယ်။ ပြီးရင်တော့ blender လိုအရာလေးတွေနဲ့ မျက်နှာပြင်အလယ်ကနေစပြီးဖြန့် ဆွဲပြီးလိမ်းပေးပါ။ အဖုလေးတွေ အမာရွတ်လေးတွေရှိနေလို့ အဲ့နေရာမှာမိတ်ကပ်ကိုပြုံမထားမိစေနဲ့ နော်ကြည့်ရဆိုးစေလို ပါ။ အဲ့လို အရာလေးတွေကို ဖုံးအုပ်ပေးနိုင်မယ့် Concealer လိုအရာနဲ့ သာသေ ချာဖုံးအုပ်
ပေးပါ။အဲဒီ concealer ကလည်းအရောင်လေးတွေနဲ့ မို့ ဘယ်လိုအရောင်လေးတွေကဘာအတွက်သုံးသင့်လည်းပြောပြပေးမယ်နော်။ များသောအားဖြင့်မိန်းကလေးအများစုရဲ့ မျက်နှာလေးတွေကဝက်ခြံလောက်သာပေါက်လေ့ရှိကြတာမို့ ဝက်ခြံအတွက်ဆို အဝါရောင်သန်းနေတဲ့ concealer ကိုသုံးသင့်ပါတယ်။အနီစက်လေးတွေကိုအုပ်ချင်တယ်ဆိုရင်တော့ အစိမ်းရောင် concealer လေးကိုသုံးရမှာပါ။ သေချာနှံ့ နေအောင် Blend ပြီးရင်တော့အသားအရေနဲ့ တစ်ထပ်တည်းကျနေတဲ့မိတ်ကပ်လိမ်းခြယ်မှုကိုအပြစ်အနာအဆာမရှိရနိုင်မှာပါ။ ဘာလို့  Blender သုံးစေချင်တာလည်းဆိုတော့ချက်ချင်းဆေးကြောပြီးရင်တောင်ချက်ချင်းပြန်ညစ်ပတ်သွားနိုင်တဲ့လက်နဲ့ မလိမ်းစေချင်လို့ ပါ။ မျက်နှာကလည်းအနုဆုံးနေရာမို့ ဂရုစိုက်သင့်ပါတယ်နော်။ပြီးရင်တော့အဲဒီမိတ်ကပ်သားကြာရှည်ခံစေဖို့ compact powder ကိုသေချာလေးပုတ်ပြီးလိမ်းပေးနိုင်သလိုတစ်ချို့ ကလည်း Brush လေးနဲ့ ဘဲလိမ်းပါတယ်။ အဲဒီ powder ကလည်းအများကြီးထူပိန်းနေအောင်လိမ်းဖို့ မလိုပါဘူးနော်။ နောက်ဆုံးမှာတော့မိတ်ကပ်ကြာရှည်ခံဖို့ နဲ့ နေလောင်ဒဏ်ကာကွယ်နိုင်ဖို့ SPF ပါတဲ့ Setting spray လေးကိုဖြန်းပေးရပါမယ်။ ဒါဆိုရင်တော့ပုံမှန်မျက်နှာကိုတိုက်ရိုက်မိတ်ကပ်တင်ပြီးအထူ ကြီးလိမ်းတာထက်စာရင်ပိုပြီးညက်ညက်ညောညောနဲ့ ကြာရှည်ခံမှာပါ။ တနေကုန်မိတ်ကပ်ပျက်သွားမှာစိတ်မပူချင်ဘူးဆိုရင်တော့ဒီလွယ်ကူတဲ့နည်းလမ်းလေးအတိုင်းသေချာလိမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Editor : Bo