Hair   |   Posted on Feb 17, 2018 by Su Yi Htet Aung

Spring Runways ကနေ ပြန်လည် နမူနာယူနိုင်မယ့် အလှမပျက်တဲ့ Gym Hairstyle များ


Gym ဆော့တဲ့အခါ ဆံပင်အမြဲစီးထားနေရလို့ မလှမှာ မစိုးရိမ်ရတော့ဘူးလေ။

Share this article

ကျွန်မတို့မိန်းကလေးများအတွက်တော့ ဆံပင်လေးတွေက ပုံကျနေမှ၊သေသပ်နေမှ၊အဆီပြန်မနေမှ နေရတာ စိတ်ချမ်းသာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေတာပါ။နေ့စဉ်ပြင်ဆင်မှုမှာ ကျွန်မတို့အနေနဲ့ ဆံပင်ကို အမျိုးမျိုး လုပ်ယူဖန်တီးလို့ ရတယ်ဆိုပေမယ့်လို့ Gym သွားတဲ့အခါတော့ ဆံပင်ကို စည်းသွားရတာ၊Bun ထုံးရတာတွေပဲ အမြဲလိုလို တွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့် Gym မှာ လှုပ်ရှားနေတဲ့ ကိုယ့်ရဲ့ စည်းချက်တွေနဲ့ အညီ ဆံပင်လေးတွေကပါ Performance အနေနဲ့ ပါဝင်လိုက်မယ်ဆိုရင် သင့်ရဲ့ Motivation ကို ပိုမြှင့်တင်ပေးနိုင်သလို ဘယ်သူနဲ့မှ မတူတဲ့ ပြင်ဆင်မှုတစ်ခုအဖြစ်လည်း ပြောင်းသွားနိုင်တယ်လေ။ဒါကြောင့် Spring Runways ရဲ့ Hair Style တွေထဲက Gym သွားတဲ့ ကောင်မလေးတွေအတွက် သင့်တော်မယ့် ကောင်းနိုးရာရာ ဆံပင်ပုံစံတွေကို တစ်စုတစ်စည်းတည်း ဖော်ပြပေးချင်ပါတယ်။Gym မှာ ဆံပင်ပုံစံ ခပ်မိုက်မိုက်လေးနဲ့ အများကြားထဲ ပေါ်လွင်နေမှာ အသေအချာပဲမို့ အချိန်ပေးပြီး ပြင်ဆင်ကြည့်လိုက်ပါဦးနော်။


High Pony

Gym ဆော့တဲ့အခါ မိန်းကလေးတွေကတော့ ဆံပင်စည်းလေ့ရှိကြတာပါပဲ။ဒါပေမယ့် ဒီပိုနီတေးလ်က ဖြစ်သလို စုစည်းလိုက်တာမျိုးမဟုတ်ဘဲ ဆံပင်တွေအကုန်လုံးကို ထိပ်နားမှာ ခပ်မြင့်မြင့်စည်းလိုက်တဲ့ ပုံစံဖြစ်ပါတယ်။Ariana Grande ဆီမှာ အမြဲလိုလို မြင်တွေ့နေရတဲ့ ဒီခပ်မြင့်မြင့် ပိုနီတေးလ်ကို စည်းလိုက်ခြင်းအားဖြင့် ဆံပင်တွေလည်း သေသပ်သွားတယ်။ပြီးရင် ဆံပင်တွေအကုန်လုံးကို ထိပ်နားမှာစည်းထားတာဆိုတော့ တော်ရုံတန်ရုံ ဆံပင်ကိစ္စကြောင့် စိတ်မရှုပ်ရတော့ဘူးပေါ့။


Ballet Bun

သင်ထုံးနေကျ ခပ်ပွပွ လျော့တိလျော့ရဲ Messy Bun လိုမျိုးမဟုတ်ဘဲ ထိပ်နားကို အပြောင်သိမ်းပြီး ဘဲလေးကချေသည်တွေလို စုထုံးထားတဲ့ Bun မျိုးက ဆံပင်တွေ အောက်ကို ပြန်ကျလာမှာ မစိုးရိမ်ရသလို တင်းတင်းရင်းရင်းရှိလို့ ပိုလှုပ်ရှားလို့ကောင်းတာ အမှန်ပါ။


Track Star Braids

ကျစ်ဆံမြီးတွေကလည်း မပါမဖြစ်ပဲလေ။ရှေ့နားမှာ ဆံပင်ကို အလယ်ခွဲ၊ဒါမှမဟုတ် ဘေးခွဲ ခွဲလိုက်ပြီး ဘေးနှစ်ဖက်မှာ ကျစ်ဆံမြီးကျစ်ထားတာကလည်း သင့်ကို မြင်တွေ့ရဆန်းစေပါတယ်။ကျစ်ဆံမြီးကို နှစ်ဖက်ချရတာ ရှုပ်တယ်လို့ ခံစားရနေရင် တစ်ချောင်းတည်း ကျစ်ပြီး နောက်မှာ ချထားလိုက်ပါ။ပြီးရင်တော့ Gym ဆော့တဲ့အခါ ပတ်တဲ့ နဖူးစည်းတို့၊ဘီးကုပ်တို့နဲ့ အလှဆင်လိုက်ရုံပေါ့။


Twisted

နောက်တစ်မျိုးကတော့ နောက်မှာ ကျစ်ထားတဲ့ ကျစ်ဆံမြီးကို ပြန်ခေါက်ပြီး ခေါင်းစည်းကြိုးနဲ့ စည်းတဲ့နည်းပါ။ဒီနည်းက တကယ်ကို လွယ်ကူရိုးရှင်းပါတယ်။သင့်အနေနဲ့ ရှေ့ဆံပင်တွေကို အပြောင်သိမ်းလိုက်ပြီး
နောက်မှာ ကျစ်ဆံမြီးကျစ်ပြီး ပြန်ခေါက်စည်းလိုက်ရုံပါပဲ။ဘယ်လိုပဲဖြစ်ဖြစ် ဆံပင်ကို ဒီတိုင်းကြီး စည်းထားတာထက် စာရင်တော့ ပိုမိုက်တာ အမှန်ပဲနော်။


Cross Cornrows

ဆံပင်စည်းရတာရော၊ထုံးရတာရော မကြိုက်တဲ့သူတွေအနေနဲ့ ငါးရိုးကျစ်ဆံမြီးလို ခပ်သေးသေးကျစ်ဆံမြီးကျစ် လို့ ရပါတယ်။ဒီလို အမြှောင်းလေးတွေ ဖော်ပြီး ကျစ်လိုက်ခြင်းအားဖြင့် အမြင်ဆန်းစေသလို သင့်မျက်နှာကိုလည်း ပိုရှင်းသွားစေပါတယ်။ဒါ့အပြင် Gym ဆော့ပြီးတာနဲ့ ချွေးအရမ်းထွက်လို့ ခေါင်းလျှော်ရခြင်း ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး မျက်နှာသေးသွယ်တဲ့သူတွေနဲ့ ပိုလိုက်ဖက်ပါတယ်။


Low Pony

ဒီဆံပင်ပုံစံကတော့ ပခုံးတိ ဆံပင်ခပ်တိုတို ညှပ်ထားတဲ့ ကောင်မလေးတွေနဲ့ ပိုလိုက်တဲ့ ပုံစံပါ။ဆံပင်တွေ အကုန်လုံးကို စုပြီးစည်းလိုက်ဖို့လည်း အဆင်မပြေတော့ မှီသလောက်ဆံပင်လေးတွေကို ခပ်လျော့လျော့စည်းလိုက်ခြင်းအားဖြင့် ဆံပင်တိုနဲ့ လှုပ်ရှားရတာထက်စာရင် ပိုအဆင်ပြေပါတယ်။အဖျားနားလေးတွေက ၀ဲဝဲလေးကျနေပြီး သင့်အနေနဲ့ ဒီဆံပင်ပုံစံကို Gym မှာတင် မဟုတ်ဘဲ အပြင်မှာပါ ပြန်အသုံးချလို့ရပါတယ်။

Editor:Su Yi Htet

 



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.