Interiors   |   Posted on Dec 21, 2016 by kiki

ခရစ်စမတ်အိမ်တွင်းအလှဆင်နိုင်ဖို့ နည်းလမ်းကောင်းလေးများ


အိမ်လာမယ့် ဧည့်သည်တွေကို ပွဲတော်ရက်မှာ ဒီအချက်လေးများကို အသုံးပြုပြီး သင့်အိမ်ကို ချီးမွမ်းခန်းဖွင့်လိုက်ပါစေ။

Share this article

မကြာခင်ရောက်ရှိတော့မယ့် ခရစ်စမတ်ကာလလေးမှာ ကိုယ့်အိမ်ကို ရာသီပွဲတော်လေးနဲ့ ကိုက်ညီအောင် ပြင်ဆင်ချင်သူများအတွက် အဓိကကျမယ့် ပြင်ဆင်နည်းအချက်အလက်လေးများကို ဖော်ပြပေးလိုက်ပါတယ်။

1. စားပွဲကို အဓိကထားပါ။အကယ်၍များ သင့်အိမ်သို့ ပွဲတော်မှာ လာရောက်လည်ပတ်စားသောက်မယ့် သူငယ်ချင်း၊ဆွေမျိုးတွေဖိတ်ထားရင် အိမ်တွင်းပြင်ဆင်မှုမှာ ထမင်းစားစားပွဲပြင်ဆင်မှုကို အဓိကထားပြင်ဆင်ပေးရပါမယ်။ ပွဲတော်ရဲ့ အဓိကရာသီအရောင် အနီနဲ့ အစိမ်းကို သုံးမယ့်အစား ဒီနှစ်မှာ တစ်ခြားအရောင်တွေကို စမ်းသပ်ဖို့ အကြံပေးချင်ပါတယ်။ အဖြူ၊အနက် ဂရပ်ဖစ် စားပွဲခင်းများဖြစ်ဖြစ်၊ ပြင်သစ်ဒီဇိုင်း ခေတ်ဟောင်းအသွင်ပန်းကန်ပြားလေးများကလည်း စားပွဲအလှပြင်ဆင်မှုမှာ အတော်လေးရုပ်ထွက်လှစေပါလိမ့်မယ်။

2. ပန်းကန်ပြင်ဆင်မှုများအချိုပွဲအတွက် ပြင်ဆင်တော့မယ်ဆို သင့်မှာ ဘက်ဂျက်ကျန်သေးတယ်ဆိုရင်တော့ ကိတ်မုန့်အသေးတင်တဲ့စင်လေးတွေနဲ့ အလှဖြည့်ပါ။ ပန်းကန်တွေရွေးချယ်တဲ့နေရာမှာ အဖြူရောင် ပန်းကန်ပြားလေးတွေက ပိုအဆင့်တန်းမြင့်တဲ့အသွင်ဖြစ်စေပြီး အရောင်တစ်ရောင်တည်းထွက်စေပါတယ်။

3. ရိုးရှင်းနေပါစေ။တစ်အိမ်လုံးကို ခရစ်စမတ်အသွင်ဖြစ်အောင် နေရာတိုင်းလုပ်ပြဖို့မလိုပါဘူး။ အိမ်ကို ရှင်းရှင်းလင်းလင်းနဲ့ ပွဲတော်နဲ့လည်းကိုက်ညီအောင် ပြင်ဆင်နိုင်မယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်။ တစ်အိမ်လုံးကို အဖြူရောင် နံရံကပ်စက္ကူတွေကပ်ပြီး ကျူးလစ်ပန်းအဖြူ (မည်သည့်ပန်းအဖြူမဆို)ပန်းအိုးလေးများနဲ့ အခန်းထောင့်မှာ ပြင်ဆင်နိုင်သလို သင့်အိမ်ရဲ့တံခါးမှာ အစိမ်းရောင် ပန်းခွေသို့မဟုတ် ခရစ်စမတ်ကို ကောင်းကောင်းကြီးကိုယ်စားပြုနိုင်မယ့် ပန်းခွေလေးချိတ်ထားခြင်းကလည်း တစ်ခုလောက်နဲ့ အိမ်အလှပေါ်နိုင်ပါတယ်။

4. နံရံကပ်စက္ကူကို ပါကင်ထုတ်တဲ့နေရာမှာသုံးပါ။ဒါကအနည်းငယ်တော့ ရင်းနှီးရပေမယ့် သင့်မှာ အရေးတကြီး အထူးဧည့်သည်တွေကို လက်ဆောင်ပေးတော့မယ်ဆိုရင် ပါကင်ပေပါအစား နံရံကပ်စက္ကူကို သုံးလိုက်ပါ။ ပိုရွေးချယ်စရာများတဲ့အပြင်ပိုလည်းကျော့ရှင်းတဲ့ပုံထွက်စေပါလိမ့်မယ်။ နောက်တစ်ခုအားသာချက်က အလေးချိန်လည်းစီးတော့ ပါကင်ထုတ်တဲ့အခါ ပိုလေးလေးပင်ပင်ရှိစေတာပေါ့။

 

5. သဘာဝပုံစံပြင်ဆင်ပါ။သင့်ရဲ့ပြင်ဆင်မှုအတွက် စိတ်ကူးဥာဏ်ကွန့်မြူးတဲ့နေရာမှာ သဘာဝကျကျပြင်ဆင်မှုလေးများကို အတုယူပြင်ဆင်ပါ။ ထင်းရှူးသီးလေးတွေ၊ နံရံကပ်ပန်းအစစ်တွေကို ရာသီစာ သစ်သီးလေးများနဲ့ ရောနှောပြင်ဆင်လိုက်တာကလည်း စိတ်ကူးကောင်းလေးတစ်ခုဖြစ်ပါတယ်။

6. လူလုပ်သစ်ပင်လေးများကို အသုံးပြုဖို့ ၀န်မလေးပါနဲ့။ကျွန်မတို့လိုအပူပိုင်းနိုင်ငံတွေအတွက် ခရစ်စမတ်သစ်ပင်အစစ်ဆိုတာ ရနိုင်ဖို့အင်မတန်ခဲယဉ်းပါတယ်။ ရှော့ပင်းစင်တာတွေမှာ ရနိုင်တဲ့ လူလုပ်ခရစ်စမတ်သစ်ပင်တွေက သစ်ပင်အစစ်ထက် ပိုပြီး ပုံဖော်ရတာ၊ ဆိုဒ်ရွေးချယ်နိုင်တာ၊ နေရာရွှေ့ရတာလွယ်ကူတာမို့ သင့်ဧည့်ခန်းရဲ့ခရစ်စမတ်အပြင်အဆင်အတွက် ဒီလူလုပ်ခရစ်စမတ်သစ်ပင်လေးတွေကို ရဲရဲကြီးအသုံးချပါ။ အနံ့အတွက်ဆိုရင်ကော ...။ အမွှေးဖယောင်းတိုင်လေးတွေ (အနားမှာတော့ မထွန်းနဲ့ပေါ့နော်)က ကောင်းကောင်းကြီး ကူညီပေးပါလိမ့်မယ်။

7. ကိုယ်နှစ်သက်တဲ့ အရာတွေနဲ့သာ ပြင်ဆင်ပါ။

အိမ်တွင်းပြင်ဆင်မှုတွေဟာ အရမ်းခမ်းနားပြီး လှပနေပေမယ့်လည်း ပြင်ဆင်ထားတဲ့အရာတိုင်းမှာ သင့်စိတ်ကြိုက်အမှတ်အသားတစ်ခုမှမပါရင် ဒီပြင်ဆင်မှုက ဘာအဓိပ္ပါယ်မှမရှိနိုင်ပါဘူး။ ဒါကိုအကြံပေးထားတဲ့ အိမ်တွင်းပြင်ဆင်မှု ဒီဇိုင်နာ Alassandrea Branca က "ကျွန်မခင်ပွန်းရဲ့နာမည်အဆုံးအဓိပ္ပါယ်က ဂျာမန်လိုဆို ဇီးကွက်ငယ်လေးလို့အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ခရစ်စမတ်သစ်ပင်အလှချိတ်တဲ့ ပစ္စည်းတွေကို ဇီးကွက်နဲ့ပက်သက်တဲ့ ပစ္စည်းလေးများဖြင့်သာ ရွေးချယ်အလှဆင်ခဲ့ပါတယ်" လို့ဆိုပါတယ်။ ပွဲတော်ရက်မှာ သင်ချစ်တဲ့သူတွေနဲ့ သင်နှစ်သက်တဲ့ ပစ္စည်းတွေကြားထဲမှာ ရှိနေရတာ ချီးမွမ်းခြင်းတစ်ခုပါပဲ။

8. လက်ဆောင်စင်လေးပြုလုပ်ပါ။အလှဆင်ထားတဲ့စင်တွေက ဓါတ်ပုံရိုက်တဲ့နေရာမှာ နောက်ခံကောင်းကောင်းတစ်ခုအဖြစ် အထောက်အပံ့ပေးပါတယ်။ သင့်အိမ်မှာအလှဆင်စင်ရှိတယ်ဆိုရင် ဒါလေးကို ပွဲတော်theme လေးကိုက်ညီအောင် ပြင်ဆင်ပါ။ ဒါမှမဟုတ် စာအုပ်စင်ဆိုရင်လည်း ပွဲတော်ကိုယ်စားပြု အလှဆင်ပစ္စည်းလေးတွေအနည်းငယ်ထည့်သွင်းပြင်ဆင်တာကလည်း စိတ်ကူးကောင်လေးတစ်ခုပါပဲ။ စင်ပေါ်တင်အလှသစ်ပင်အသေးလေးတွေ၊ လက်ဆောင်ပုံးလေးတွေ၊ သကြားလုံးထည့်ထားတဲ့ခွက်လေးတွေကလည်း အလှဆင်နိုင်တဲ့နည်းလမ်းအချို့ဖြစ်ပါတယ်။

9. မထင်မှတ်တဲ့နေရာလေးများကို အံ့အားသင့်စေလိုက်ပါ။အိမ်တွင်းတစ်ခုလုံးကို ပြင်ဆင်တာ ပြည့်စုံတယ်ဆိုပေမယ့် အချိန်ရသေးရင် သင့်ခြံဝန်းထဲကိုလည်း အလှပြင်ပေးပါဦးလို့။ သူတို့ကိုထူးထူးခြားခြားသိပ်လုပ်ပေးစရာမလိုပါဘူး။ မီးသီးကြိုးလေးတွေနဲ့ပဲဖြစ်ဖြစ်၊ ဖယောင်းတိုင်လေးတွေနဲ့ အိမ်အပြင်ကို ပြင်ဆင်လိုက်ခြင်းက အိမ်နီးချင်းတွေရဲ့ ချီးကျူးသံတွေကို ကြားရပါလိမ့်မယ်။

ref; internet

 



Share this article

TOP 5 ARTICLES


makeup   |   Posted on Feb 20, 2017

Fifty Shades Darkerထဲက An...


makeup   |   Posted on Feb 19, 2017

New York Fashion Week ရဲ့...


makeup   |   Posted on Feb 18, 2017

Beauty and the Beast ဇာတ်...


trend report   |   Posted on Feb 17, 2017

နယူးယောက်ခ် Hip Hop ယဉ်ကေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.