Opinions   |   Posted on Mar 13, 2019 by May Shoon

Taylor Swift ပြောပြတဲ့အသက် ၃၀ မပြည့်ခင်သင်ယူခဲ့ရတဲ့ သင်ခန်းစာများ


Taylor ရဲ့ ဘ၀သင်ခန်းစာတွေ ထဲကနေ မိန်းကလေးတွေအတွက် စိတ်ခွန်အား တစ်စုံတစ်ရာတော့ရရှိစေမှာပါ

Share this article

ပြီးခဲ့တဲ့ ဒီဇင်ဘာလကပဲ အသက် ၂၉ နှစ်ပြည့်သွားတဲ့ Taylor Swift ကသူမ လာမယ့်နှစ်မှာ အသက်သုံးဆယ်ပြည့်တော့မှာ ဖြစ်သလို နောက်အသစ်အသစ်သော Experience တွေ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ဖို့ အသင့်ပါပဲလို့ ဆိုပါတယ်။ “ ကျွန်မကိုယ်ကျွန်မ တစ်ခါတစ်လေ အသက်သုံးဆယ်ပြည့်တော့မယ်ဆိုတာကိုမေ့နေတတ်တယ်။ တစ်ချို့ကတော့လည်း ပြောကြတယ်။ Taylor ရဲ့ Before 30 Life က အရမ်းပြည့်စုံတယ် အောင်မြင်တယ်၊ အမျိုးမျိုး ပြောကြတာပေါ့၊ ဒါပေမယ့် ကျွန်မမှာလည်း ကျရှုံးခဲ့တာတွေ၊ ဆုံးရှုံးခဲ့ရတာတွေ၊ စိတ်ဓာတ်ကျခဲ့တဲ့ အချိန်တွေ အများကြီးရှိပါတယ် ။ အဲ့ဒါတွေကပဲ ကျွန်မကို ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်အောင် သင်ခန်းစာတွေပေးခဲ့ တယ် ။ အဲ့ဒါကြောင့် ကျွန်မအသက် ၃၀ မပြည့်ခင် သင်ယူခဲ့ရသမျှတွေကို မိန်းကလေးတွေကို ပြန်ပြီး ဝေမျှပေးချင်တယ်။ ဘာလို့လဲဆိုတော့ Sharing is caring ပဲလေ။” လို့ Taylor ကပြောပါတယ်။ သူမ ဘ၀မှာဘာတွေကို သိရှိနားလည်ခဲ့ လဲဆိုတဲ့ အချက် တွေကိုဝေမျှပေးလိုက်ပါတယ်။

  1. Socia Media ဖန်သားပြင်ပေါ်ကဝေဖန်တိုက်ခိုက်မှုတွေကို အကျိုးမရှိတဲ့ အတွက် မတုံ့ပြန်တော့ဘူး။ ပုံရိပ်ယောင်တွေကြားမှာ လွင့်မျောနေမယ့် အစား ကျွန်မလက်တွေ့ဘ၀ကိုပိုမို အာရုံစိုက်ကြိုးစားဖြစ်လာတယ်။
  2. လူတွေအားလုံးကိုပျော်ရွှင်အောင် လိုက်လျောပေးရတာတွေများလာရင် ကျွန်မစိတ်ပင်ပန်းရတယ်။ သူများအလိုကျ နေပေးရတာ ကောင်းတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကိုလည်း လေးစားသင့်တယ်လေ။
  3. ကြိုးစားနေလျက်နဲ့ ကျရှုံးတဲ့ အခိုက်အတန့်ဆိုတာရှိမှာပဲ။အကြိမ်ကြိမ်လဲကျတာမျိုးလဲကြုံမှာပဲ။ အရေးကြီးတာက ဘယ်နှစ်ကြိမ်ပဲ လဲကျ လဲကျ ပြန်ထနိုင်ဖို့ပါပဲ။
  4. ကျွန်မရဲ့ ခန္ဓာကိုယ် ကျွန်မရဲ့ဖြစ်တည်မှုကိုလက်ခံတတ်လာတယ်။ ကျန်းမာကြံ့ခိုင်ပြီး ကြင်နာတတ်တဲ့နှလုံးသား ရှိနေမှတော့ ပိန်တာဝတာ ဖြူတာညိုတာက အရေးမကြီးတော့ပါဘူး။ ပတ်ဝန်းကျင်ကသတ်မှတ်တဲ့အလှအပစံနှုန်းတွေကို ခေါင်းထဲမထည့်ပါနဲ့။
  5. Drama တွေသိပ်မခင်းတာအကောင်းဆုံးပဲ ဆိုတာသိလာတယ်။ ကိုယ်နဲ့ မထိုက်တန်တဲ့၊ ကိုယ်တန်ဖိုးကို နားမလည်တဲ့ လူတစ်ယောက်အတွက် တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းတီးတော့ဘူး။ ဘ၀မှာ အချစ်ထက်အရေးကြီးတဲ့ လုပ်စရာတွေ အများကြီးရှိသေးတယ်။
  6. Society ကြီးက သတ်မှတ်တဲ့ စည်းမျဉ်းဘောင်တွေထဲမှာ အကျဉ်းချမခံပါနဲ့။ သင်ကထက်မြက်ရဲရင့်တဲ့ မိန်းကလေးတစ်ယောက် ဆိုတာကိုခေါင်းထဲမှာအမြဲမှတ်ထားပါ။ ပြောင်းလဲဖို့သတ္တိရှိပါ။
  7. ချစ်တဲ့လူတစ်ယောက်ကို သင့်အမှားအတွက်တောင်းပန်လိုက်တာက သင့်ကိုနိမ့်ကျသွားစေမှာ မဟုတ်သလို မာနတွေကိုလည်းထိခိုက်သွားမှာမဟုတ်ပါဘူး။
  8. လူတစ်ယောက်ကိုလွယ်လွယ်မချစ်တတ်တော့သလို လွယ်လွယ်လည်း စိတ်ထိခိုက်မခံတော့ဘူး။ ဘာလို့လဲဆိုတော့ အချိန်နဲ့အမျှ အရာအားလုံးက ပြောင်းလဲနေတာဖြစ်သလို အချစ်ဆိုတဲ့အရာကလည်းထိုနည်းတူပါပဲ။
  9. ယုံကြည်ချက်တစ်ခုတည်းနဲ့သာမဆုတ်မနစ်ကြိုးစားရင်တစ်ချိန်မှာ ဖြစ်ချင်တဲ့ အိမ်မက်တွေအကောင်အထည်ဖော်လာနိုင်ပါလိမ့်မယ်။ စိတ်ရှည်ဖို့နဲ့ လက်မလျှော့ဖို့ပဲ အရေးကြီးတာပါ။
  10. ချစ်ရတဲ့မိသားစုနဲ့မိဘကို အချိန်ပေးဂရုစိုက်ပေးပါ။ ပိုက်ဆံနဲ့ အောင်မြင်မှုတွေကပြန်လည်တည်ဆောက်လို့ရပါတယ်။ ဒါပေမယ့် မိဘကိုတော့သူတို့ရှိနေတဲ့ အချိန်လေးမှာပဲ စောင့်ရှောက်ခွင့်ရမှာမို့လို့ပါ။

   မိန်းကလေးတိုင်းလည်း မိမိတို့ရဲ့ ဘ၀မှာ စစ်မှန်တဲ့ ပျော်ရွှင် အောင်မြင်ခြင်းတွေနဲ့အတူ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ရှေ့ဆက်ကြရအောင်နော်။

Editor: May Shoon



Share this article

TOP 5 ARTICLES


Music   |   Posted on Mar 19, 2019

Bass Kingdom မှာ Head Lin...


Parties & Events   |   Posted on Mar 19, 2019

Bass Kingdom Music Festiv...


Celebrity Beauty   |   Posted on Mar 19, 2019

မပြောင်းလဲပဲ အမြဲတမ်းလှနေ...


Celebrity News   |   Posted on Mar 18, 2019

Joe Alwyn နဲ့ Engage လုပ်...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.