Nails   |   Posted on Nov 28, 2016 by kiki

သတ္တုရောင်ကြွ Metallic Nailအလှ


သင်ဟာခေတ်ရှေ့ပြေးမဒီလေးဆိုရင် အခုခေတ်စားနေတဲ့ Metallic Nailတွေကို တစ်ခါလောက်တော့စမ်းကြည့်သင့်ပါတယ်။

Share this article

လက်သည်းမှာပုံဖော်တာတွေ၊ကျောက်စီတာတွေကနည်းနည်းတော့ပျင်းရိစရာကောင်းလာပါပြီ။Fashion Trendတွေဟာ တစ်ပတ်လည်နေတယ်ဆိုတဲ့အတိုင်းပဲ အရောင်ဗြောင်လေးတွေပြန်ခေတ်စားလာနေပါတယ်။

Matteဖြစ်တဲ့အရောင်လေးတွေ၊Metallicအရောင်လေးတွေကို အခုဆိုရင်လူငယ်တွေကြားမှာခေတ်စားလာတာတွေ့နိုင်ပါတယ်။

Metallic Nail Colourလေးတွေဟာ အရောင်ဆန်းတဲ့အပြင် တောက်တောက်ပပရှိတာမို့ ပါတီတွေပွဲတွေသွားလည်း ဆိုးလို့ရပါတယ်။

Metallic Nail Polishတွေက Gel Type,Powder Typeဆိုပြီးရှိပါတယ်။Gel Typeကတော့ ခါတိုင်းလက်သည်းနီလိုဆိုးပေးရုံပါပဲ။ပေါင်ဒါပုံစံကတော့ အောက်ကအရောင်တစ်ထပ်ဆိုးပြီးမှ ကိုယ်လိုချင်တဲ့အရောင်အမှုန့်ကို တင်ပေးရတာမျိုးပါ။

Metallic Nailsလုပ်မယ်ဆိုရင် ပုံမှန်အားဖြင့်အဆင့်သုံးဆင့်ရှိပါတယ်။ပထမဆုံး base coatအရင်ဆုံးရပါတယ်။BaseCoatကိုအခြောက်ခံပြီးကိုယ်ဆိုးမယ့်အရောင်ကိုထပ်ရပါတယ်။မိနစ်၂၀လောက်အခြောက်ခံရပါတယ်။နောက်ဆုံးအနေနဲ့အရောင်တစ်ထပ်ထပ်ဆိုးပြီး QuickGelဆိုးလိုက်ရင်ရပါပြီ။

အိမ်မှာဆိုးတာထက်စာရင် ဆိုင်မှာဆိုးတာကတော့ပိုသပ်ရပ်တာပေါ့နော် အခုဆို ဒီကဆိုင်တော်တော်များများမှာဆိုးလို့လည်းရနေပါပြီ။

အရောင်တွေကတစ်ခါဆိုးထားရင်တစ်လလောက်ထိခံပါတယ်။ထိပ်နားလေးတွေပျက်တာ၊အရောင်ဖျော့သွားတာအရောင်ကျသွားတာမရှိပါဘူး။

ပြန်ဖျက်ရင်တော့နည်းနည်းခက်ပါတယ်။ဆိုင်မှာသွားဖျက်ရင်တော့ပိုလွယ်ပါတယ်။လက်သည်းအပေါ်ယံလွှာလေးတွေကိုတော့နည်းနည်းပါးသွားစေပါတယ်။MetallicNailလုပ်ပြီးသွားရင်တော့လက်သည်းကိုသေချာပြန်ထိန်းသိမ်းသင့်ပါတယ်။

www.allure.com

SuYiHtet



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Oct 16, 2017

Reputation ရဲ့အပိုင်းအစတခ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.