Hair   |   Posted on Jun 12, 2019 by Yin Moe Shinn

တကျော့ပြန်ခေတ်စားလာတဲ့ Vintage hair style


ကုန်ဆုံးခဲ့တဲ့ရာစုနှစ်တွေထဲကစိတ်ဝင်စားစရာဆံပင်ပုံစံလေးတွေပြန်လည်ဖန်တီးပုံဖော်ကြရအောင်

Share this article

ကုန်ဆုံးသွားတဲ့အချိန်တွေနဲ့အတူဖြတ်သန်းခဲ့ရတဲ့အရာတွေကိုပြန်တွေးပြီးပုံဖော်ရတာကောင်းပါတယ်။ ဒီလိုဘဲကိုယ်တိုင်မကြုံခဲ့ရတဲ့ခေတ်အခါကဖက်ရှင်နဲ့ တချို့ အရာတွေကိုပြန်လည်ပုံဖော်ရတာလည်းစိတ်ဝင်စားစရာလေးပါ။ ဒီဘက်ခေတ်ဖက်ရှင်နဲ့ ပတ်သတ်ပြီး ခေတ်စားလာတဲ့ trends အသစ်ကဆိုရင် ပြီးခဲ့တဲ့ခေတ်နှောင်းပိုင်းဖက်ရှင်တွေကို ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။

ကိုယ်တိုင်မကြုံခဲ့ရတဲ့ ၈၀ နဲ့  ၉၀ ရာစုဝန်းကျင်ကဖက်ရှင်တွေကိုပြန်လည်မြင်တွေ့ နေ ရတာရင်ခုန်စရာပါ။ အတိတ်ကိုပြန်ပုံဖော်ထားတဲ့ဖက်ရှင်တွေကဆိုရင် outfit အပြင် hair style ၊ accessory ၊ shoes တွေကအစတဖန်ပြန်လည်ခေတ်စားလာတာတွေ့ ရပါတယ်။ ဒီထဲမှာ hair style နဲ့ ပတ်သတ်ပြီးဖော်ပြ ပေးချင်ပါတယ်။ 80s ၊ 90s ရဲ့ ဆံပင်စတိုင်တွေ တနည်းအားဖြင့် Vintage Hair style တွေကဆိုရင်ဘယ်လို မှပျောက်ကွယ်မသွားဘဲကျန်ရှိနေတဲ့ ဖက်ရှင်တွေပါ။ ကမ္ဘာကျော်အဆိုတော် Lana Del Rey ရဲ့ ဆံပင်စတိုင်ကဆိုရင်များသောအားဖြင့် vintage look တွေဖြစ်ပြီးတကယ်ကိုသတိထားချင်စရာကောင်းလောက်အောင်လှပပါတယ်။ အခြားသောအနုပညာရှင်တွေရဲ့ ပွဲတက် ဆံပင်စတိုင်တွေကလည်း သူတို့ ဝတ်စားဆင်ယင်မှု

အလိုက်ခေတ်နောက်ပြန် Vintage hair look တွေကိုသာပြင်ဆင်ကြတာတွေ့ ရပါတယ်။ ထူးဆန်းတဲ့အချက်ကတော့ Vintage hair style တော်တော်များများက ခက်ခဲပြီး hair accessory တွေရှုပ်ထွေးနေတအောင်မသုံးတာတွေ့ ရပါတယ်။ များသောအားဖြင့် wavy hair ကိုသေသပ်လှပစွာ ပုံသွင်းဖန်တီးထားတဲ့ hair style မျိုးဖြစ်ပြီး သတို့ သမီး ဆံပင်နဲ့ ပွဲတက်ဖို့ ရာပြင်ဆင်တတ်ကြပါတယ်။ Formal vintage hair style တွေကတော့သင့်ကိုရင်သက်ရှုမောဖြစ်စေမှာအမှန်ပါ။ တခါတရံမှာ ဘာHair accessory မှမပါတဲ့ Vintage hair style မျိုးကိုတွေ့ ရသလို တခါတလေမှာတော့ ခပ်တိုတို ဆံပင်ကို Hair accessory အကြီးကြီးတွေသုံးပြီးအလှဆင်တာလည်းတွေ့ ရပါတယ်။ တကျော့ပြန်လာတဲ့ဖက်ရှင်နဲ့ အတူ ကျော့မော့ပြီးလှပတဲ့ vintage hair look လေးတွေ ဖန်တီးပြီးပွဲတက်မယ်ဆို သူများနဲ့ မတူတဲ့အမိုက်စားဖက်ရှင်ကိုရမှာပါ။

Editor :Bo

 

 



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.