Trends   |   Posted on Jul 25, 2019 by Yin Moe Shinn

တကျော့ပြန်ဖန်တီးပုံဖော်ထားတဲ့ ၁၉၄၀ ဝန်းကျင်ကခမ်းနားတဲ့ jewelry style


ဒီနှစ်မဟုတ်ဘဲနောက်နှစ်ထဲထိရေပန်းစားလာနိုင်မယ့် အမိုက်စား Jewelry လေးတွေက...

Share this article

2019 / 2020 Fall Winter Runway Show မှာတွေ့ မြင်ခဲ့ရတဲ့အမိုက်စား Jewelry တွေကအားလုံးရဲ့ အမြင်ကိုဖမ်းစားနိုင်ခဲ့တဲ့အပြင် ၂၀၁၈ လောက်ကတည်းကခေတ်စားခဲ့တဲ့ Jewelry အကြီးကြီးတွေကအခုတိုင်ကျန်ရှိလို့နေပါတယ်။ ပုံမှန်ထက်ပိုကြီးနေတဲ့ လည်ဆွဲ နားကပ်စတာတွေကိုအရမ်းမိုက်တဲ့ဖက်ရှင်နဲ့ တွဲဝတ်ပြီးအားလုံးရဲ့အာရုံကိုရယူနိုင်ခဲ့တဲ့ Jewelry Trends လေးအကြောင်းဆက်ပြောပြချင်ပါတယ်။ လည်ဆွဲ နားကပ် လက်စွပ်လို့ ဆိုလိုက်တာနဲ့ ပါးပါးမျှင်မျှင်လေးတွေသာဝတ်တတ်တဲ့အလေ့အထကိုမေ့ပစ်လိုက်ပါ။  Haters တွေဆီကနေသင့်အကြောင်းမကြားရစေလောက်အောင်ကြီးတဲ့နားကပ်မျိုးတွေကို ဒီနှစ်အတွက်သမကလာမယ့်နှစ်အတွက်ပါရေပန်းစားနေဦးမယ်ဆိုတဲ့အရိပ်အမွတ်ကို ကမ္ဘာကျော် Brand ဖြစ်တဲ့   Dolce and Gabbana က Runway တစ်လျှောက်သက်သေပြလို့ သွားပါတယ်။ မိုက်တယ်ဆိုတာထက်ပိုတဲ့ဒီဇိုင်းတွေနဲ့ ခမ်းနားတဲ့ Jewelry တွေက၁၉၄၀ လောက်ကဒီဇိုင်းတွေကို inspired ယူထားတာဖြစ်ပြီး ခမ်းနားထည်ဝါတဲ့ကျောက်မျိုးစုံကိုသုံးပြီးဒီဇိုင်းဖန်တီးထားတာကဆိုရင်တကယ်ကိုတော်ဝင်ဆန်ပြီးခမ်းနားလွန်းပါတယ်။ ကြီးမားတဲ့လည်စွဲနဲ့ နားကပ်ကိုဝတ်ဆင်ထားတဲ့အပြင်သူတို့ ရဲ့ ဆံပင်ကို headband ပန်းပွင့်အကြီးကြီးတွေကိုဦးခေါင်းမှာအလှဆင်ကြတာလည်းတွေ့ ရပါတယ်။ဒါကလည်း ၁၉၄၀ နောက်ပိုင်းအထင်ကရဖြစ်ခဲ့တဲ့ ဖက်ရှင်လေးတွေပါ။ ဒါကိုပြန်လည်ဖန်တီးပုံဖော်ထားတဲ့ 2019/2020 jewelry trends ကိုကြည့်လိုက်မယ်ဆိုရင်၂၀ရာစုအရှေ့ပိုင်းအမျိုးသမီးထုရဲ့ ကြီးကျယ်ခမ်းနားတဲ့လက်ဝတ်လက်စားဝတ်ဆင်ပုံတွေကိုသိမြင်ခံစားနိုင်မယ်လို့ ထင်ပါတယ်။ ဒီနှစ်သာမကနောက်နှစ်ထဲထိပါရေပန်းစားနေဦးမယ့် ခမ်းနားလှတဲ့ Jewelry Trends ကိုကြည့်ပြီးမိမိုက်နေတဲ့ပွဲတက်ဖက်ရှင်မျိုးဖန်တီးနိုင်ပါစေနော်။

Editor : Bo



Share this article

TOP 5 ARTICLES


Skin   |   Posted on Aug 19, 2019

ပျိုမေတို့ မိမိ Skin Type...


People   |   Posted on Aug 19, 2019

Kalayar Zaw ရဲ့ Lifestyle...


People   |   Posted on Aug 17, 2019

Yun Waddy Lwin Moe ရဲ့ အေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.