Health   |   Posted on Mar 14, 2018 by Elijah htang

The Beer Factory မှ ခံတွင်းအတွေ့ ဆုံးအစားအစာ(၅) မျိုး


ဒီဆိုင်ရောက်ဖူးပြီး ဒီအစားအသောက်မစားဖူးသေးရင်နောက်ထပ်ပြန်သွားလိုက်အုန်း . . .ဗိုက်ဆာနေရင်မဖတ်နဲ့နော် . . . Share ထားလိုက်အုန်း . . .

Share this article

ကိုယ်နှင့်မရင်းနှီးသေးတဲ့ စားသောက်ဆိုင်တစ်ခုကိုရောက်ပြီးဆို စားစရာရွေးရတာဟာ တကယ့်ကို ခေါင်းခဲစေတဲ့အချက်ပါပဲ။လက်ရှိလူငယ်တွေသွားနေဆိုင်တစ်ခုလည်းဖြစ် ထူးခြားကောင်းမွန်လွန်းလှတဲ့ စားသောက်ဖွယ်တွေနှင့် ပြည့်နေတဲ့  The Beer Factory  ကိုရောက်ရင်ဘာတွေကို ရွေးချယ်စားသောက်ရမလဲ ဆိုတာကို ညွှန်းပေးချင်ပါတယ်။

XXL Chicken Chop

Pork Chop ဆိုတာတော့ အစားအသောက်ကြိုက်နှစ်သက်သူတွေရင်းနှီးပြီးသားဆိုပေမယ့် ဒီဆိုင်က XXLChicken Chop ကတော့ ထူးထူးခြားခြားပါပဲ။Chicken Chop ကို Fired လုပ်ထားတာဖြစ်ပေမယ့် ခါတိုင်း ကြက်ကြော်တွေလို မာမနေပါဘူး။အပြင်ပန်းကြည့်လိုက်ရင် ရွှေအိုရောင်သန်းနေတဲ့ ဒီကြက်ကြော်ဟာ မာပြီးအရမ်းဝါးရမယ့် ထင်ထားပေမယ့် တကယ်စားလိုက်တဲ့အချိန် ထင်မထားတဲ့ နူးညံ့လှတဲ့ထူးခြားမှုကို ဒီ Chicken Chop မှာခံစားရမှာပါ။ဒီအစားအသောက်အတွက် အပေါ်ကဆမ်းထားတဲ့ Sauce ကတော့ The Beer Factory က Special ပြုလုပ်ထားတဲ့ Japanese Sauce ပဲဖြစ်ပါတယ်။

Deep Fried Lotus Root

ကြာစွယ်ကို ခပ်ပါးပါးအကွင်းလိုက်လှီပြီး ကြော်ထားတာပါ။ခပ်ပါးပါးလှီးပြီးကြော်ထားတဲ့ဒီကြာစွယ်ဟာ ကြွပ်ရွနေမယ်လို့ တော့ တရားသေမယုံကြည်လိုက်နှင့်နော်။စားဖိုမှုးရဲ့ပညာအစွမ်းကြောင့် တချို့နေရာတွေဟာ ကြွပ်နေပေမယ့်လည်း တချို့ နေရာကတော့နူးညံ့မှုကိုခံစားရမှာပါ။ဒီခံစားမှုကို ကြာစွယ်တစ်ခုစားတိုင်း ခံစားရမှာပါ။ဒီ Deep Fried Lotus Root ကတော့ The Beer Factory ကိုရောက်ရင် လက်မလွှတ်ပဲ စားကိုစားသင့်တဲ့ အစားအသောက်ပါ။

Roasted Pork Belly

ဒီဝတ်သားကင်ဟာ နေရာတိုင်းမှာရပေမယ့် ဒီဆိုင်ကဝက်သားကို ဘာလို့ ထပ်ညွှန်းရသလဲဆိုရင် Fresh အရမ်းဖြစ်တာပါ။နောက်ထပ်ထူးခြားတဲ့အချက်က ဝက်ရဲ့  အနူးညံ့ဆုံးနှင့်အကောင်းဆုံးဗိုက်သားကို ယူထားပေမယ့် အဆီတွေများမနေပါဘူး။အဆီဟာမဆိုစလောက်ပဲ ပါတဲ့အတွက် အဆီမကြိုက်တဲ့သူတွေတောင် တကယ့်ကို စမ်းသပ်စားသောက်ရွေးချယ်သင့်ပါတယ်။ဝက်သားကြိုက်တဲ့သူတွေအတွက်တော့ နှစ်ပွဲလောက်နဲ့မှအာသာပြေမယ့် အစားအသောက်ပေါ့။

Teriyaki Chicken Salad

Salad ဆိုတဲ့အတိုင်း ဝိတ်လျှော့ချင်သူတွေနှင့် ကျန်းမာရေးလိုက်စားသူတွေအတွက် တကယ့်ကို သင့်တော်ထူးခြားတဲ့ အစားအစာပါ။ကြက်သားနှင့်အတူ ပါဝင်တဲ့အစားအသောက်တွေထဲက ကိုယ်မနှစ်သက်တဲ့အသီးအနှံရှိမယ်ဆို အော်ဒါမှာတဲ့အချိန်မှာ ကြိုတင်ဖယ်ရှားခိုင်းပြီး စားသုံးသူတွေအကြိုက် ရွေးချယ်ခွင့် ရှိပါတယ်။ကျန်းမာရေးလိုက်စားသူတွေ နှင့် ဝိတ်လျှော့တဲ့သူတွေ တကယ့်ကိုလက်မလွှတ်သင့်တဲ့အစားအစာပါ။ပြီးတော့ ဒီ Salad အတွက်တော့ ဂျပန်စတိုင် Teriyaki Sauce ကိုအသုံးပြုထားတာဖြစ်ပါတယ်။

Death by Chocolate

The Beer Factory မှာရှိတဲ့ အချိုပွဲအများစုဟာ Alcohol နှင့် လွတ်လေ့မရှိပါဘူး။ဒါပေမယ့် အခုမိတ်ဆက်ပေးမယ့် Death by Chocolate ကတော့ အရက်လုံးဝပါဝင်မှုမရှိတဲ့အပြင် Hot Plate ပေါ်မှာ ချောကလက်ကို အပူပေးထားပြီး အပေါ်က Vanilla ရေခဲမုန့်ပြန်အုပ်ထားတာပါ။အောက်ရဲ့အပူချိန်ကြောင့်ချောကလက်တွေအရည်ပျော်ကျလာတဲ့အချိန် အပေါ်က ရေခဲမုန့် တွေနီးတဲ့ ချောကလက်ကတော့ မာဆတ်နေသေးပါတယ်။ ဒီဆန့်ကျင်မှုနှစ်ခုကနေ စီးဆင်းလာတဲ့အပေါ်ကို Crispy တွေဖြန်းလိုက်ပြီး စားသောက်လိုက်ရတဲ့ အရသာဟာ ခါတိုင်းချောကလက်ကို စားရတာထက် ထူးခြားတဲ့ ခံစားမှုကို အပြည့်အဝပေးစွမ်းနိုင်မှာပါ။ကလေးတွေနှင့်အတူ ညစာစားတဲ့ညမျိုးဆိုလုံးဝကိုမမေ့မလျှော့မှာသင့်တဲ့ အချိုပွဲပါပဲ။

Editor: Elijah Htang



Share this article

TOP 5 ARTICLES


Beauty Box   |   Posted on Nov 14, 2018

The Body Shop ရဲ့ ရင်ခုန်...


Celebrity Beauty   |   Posted on Nov 14, 2018

DRAMA SERIES အသစ်တစ်ခုထွက...


Celebrity Beauty   |   Posted on Nov 14, 2018

လှပလွန်းတဲ့ ရွှေမှုံရတီရဲ့...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.