Street Style   |   Posted on Oct 20, 2018 by Min Chit Paing

The Best Street Style From New York Fashion Week Spring/Summer 2019


Mainstream Fashion တွေတောင် စောင့်ကြည့် အတုယူရတဲ့ အထိ လွှမ်းမိုးမှုကြီးလာတဲ့ Street Fashion တွေ . . .

Share this article

Street Fashion ဆိုတာ Fashion Studio တွေ၊ Fashion House တွေကနေ ထွက်ပေါ်လာတဲ့ ဖက်ရှင်တစ်ခုမဟုတ်ခဲ့ပါ။ လမ်းပေါ်ကလူငယ်တွေရဲ့ ဖက်ရှင်စတိုင်တွေကနေ တဆင့်လာခဲ့တာဖြစ်ပါတယ်။ Street Fashion ဟာ မြို့ပြဆန်တဲ့ လူငယ်ယဉ်ကျေးမှုတွေနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။ လူငယ်တွေရဲ့ မတူညီတဲ့ ဝါသနာတွေ၊ စိတ်အားထက်သန်ရာတွေကနေ ဆင်းသက်လာတယ်လို့ဆိုရမှာပေါ့။ Hip Hop Group တွေ၊ Punk Group တွေ၊ စကိတ်တို့ စက်ဘီးတို့ နဲ့ စတန့်ပြတတ်ကြတဲ့ Street Stunt သမားတွေ၊ ဂီတကို ရူးသွပ်ကြတဲ့ လူငယ်တွေရဲ့ ခံယူချက် အတွေးအမြင်တွေကနေ တဆင့် တမူထူးခြားတဲ့ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုတွေကနေ တဆင့် Street Style တွေဟာ တီဗီဖန်သားပြင်ပေါ်တွေ၊ ကြီးကျယ်ခမ်းနားတဲ့ စင်မြင့်ပေါ်တွေကို ရောက်လာခဲ့ကြပါတယ်။ အဲဒီကနေ ရူးသွပ်မှုတွေဟာ တူရာတူရာ ဆီကူးစက်ပျံနှံသွားခဲ့ပါတယ်။ ဖက်ရှင်မဂ္ဂဇင်းတွေ၊ သတင်းစာတွေကလည်း စတိုင်ကျတဲ့ ဝတ်စားပုံတွေနဲ့ တမူထူးခြားပြီး မြို့ပြဆန်တဲ့ ဖက်ရှင်တွေကို လည်း Street Fashion ဆိုပြီး ဖော်ပြလာရာကနေ သူတို့ရဲ့လွှမ်းမိုးမှုဟာ ကြီးမားလာခဲ့ပါတယ်။ Mainstream fashion တွေတောင် တစ်ခါတလေ Street Fashion တွေရဲ့ Trend တွေကို စောင့်ကြည့် အတုယူပြီး Collection တွေကို ဖန်တီးကြပါတယ်။

 

ပါရီ ၊ မီလန် ၊ လန်ဒန် နဲ့ ကိုပင်ဟာဂင် တို့ရဲ့ ဖက်ရှင်ပွဲတော်တွေက Street Style တွေကို သဘောကျ နှစ်ခြိုက်ရသလို နယူးယောက် ဖက်ရှင်ပွဲတော်က ထွက်ပေါ်လာ Street Style တွေရဲ့ အမိုက်စားဖက်ရှင်တွေကိုလည်း တွေ့မြင်ခံစားရဦးမှာ အသေချာပဲလေ။ နယူးယောက် မြို့တော်ကြီးမှာတော့ သူရဲ့ နယူးယောက်ဟန်ဆိုတဲ့ ကိုယ်ပိုင်အသွင်ပြင်ကို ပေါ်လွင်စေနိုင်တဲ့ အရာတွေများကြီးရှိပါတယ်။ အရှိန်ဝါကြီးမားခြင်း၊ ခံစားချက်တွေပြင်းထန်ခြင်း၊ လွတ်လပ်လွင့်မျောရခြင်း၊ တမူထူးခြားတဲ့ ဝတ်ပုံစားပုံတွေ ရှိခြင်း တွေဟာ အဲဒီမြို့တော်ကြီးရဲ့ အသွင်ပြင်တွေပဲလေ။ ကမ္ဘာကြီးရဲ့ နေရာအသီးသီးက လာကြတဲ့ မတူညီတဲ့ များစွာသောလူတွေဟာ အဲဒီ မြို့တော်ကြီးမာ စုဆုံနေကြပြီး သူတို့ရဲ့ ဘဝကို ပုံဖော်နေကြပါတယ်။ အဲဒီလို ပုံဖော်နေရင်း သူတို့ရဲ့ စိတ်ကူးအိမ်မက်ထဲက ဖန်သားနန်းတော်တွေရှိရာ အရပ်ကို လျှောက်လမ်းနေကြပါတယ်။ နယူးယောက်ကတော့ သင်အပါအဝင် အဲဒီလို လူတွေများကြီးကို လက်ယပ်ခေါ်ကြိုဆိုနေတာ အသေချာပဲလေ။ အိပ်မက်ကိုယ်စီ ဆုပ်ကိုင်ထားကြတဲ့ လူတွေရဲ့ ခြေလှမ်းတွေဟာ လမ်းမပေါ်တွေမှာ ရောက်ရှိလာကြပြီး သူတို့ရဲ့ ဖက်ရှင်ကျလှတဲ့ စတိုင်တွေဟာ New York Street Fashion တစ်ခုကို ပုံဖော်နေကြတယ်လေ။

 

အဖေ့ရဲ့ အငွေ့သက်တချို့ စွဲကပ်နေတဲ့ လွန်ခဲ့သော ၇နှစ်ပတ်ဝန်းကျင်လောက်က အစိမ်းရောင် ပိုလိုရှပ်တစ်ထည်ဟာလည်း နယူးယောက် လမ်းမထက်ကို Street Fashion တစ်ခုအနေနဲ့ ရောက်ရှိလာတယ်ကို တွေ့ရမှာပါ။ ကောင်းဘွိုင် ဦးထုပ်တွေ၊ ဖောက်ထွင်းမြင်ရတဲ့ ပါးလျလျ ဝတ်စုံတွေ၊ ခပ်နွေးနွေးရာသီဥတုကို ဂရုမစိုက်ဘဲ အကွက်အဆင် တွေနဲ့ပုံဖော်ထားတဲ့ ဂျင်ကင်ထူထူတွေ တွေကို လည်းတွေ့မှာ ဖြစ်သလို မိုက်ရူးရဲဆန်မှုတွေ၊ ပျော်ရွှင်ကျေနပ်မှုတွေ၊ စိတ်အားထက်သန်မှုတွေ၊ လူသားဆန်မှုတွေကို လည်း သူတို့ရဲ့ ဖက်ရှင်စတိုင်ကနေ တဆင့်မြင်တွေ့ရမှာပါ။ ဒါတွေအားလုံးဟာ နယူးယောက်ဖက်ရှင်ပွဲတော်ကို သူနည်းသူဟန်နဲ့ ပုံဖော်နေခဲ့ကြတယ်လို့ ဆိုရမှာပေါ့။

 

နယူးယောက်ဖက်ရှင်ပွဲတော်ဟာ ဆောင်းဦးမှာ ဝယ်ဝတ်ရမယ့် ဝတ်စုံတွေအတွက် ကြိုတင်မြင်တွေ့နိုင်မယ့် အခွင့်ရေးတစ်ခုဖြစ်ပေမယ့်လည်း မြို့တော်ကတော့ နွေရာသီ ဆိုတဲ့ ခံစားမှုတစ်ခုကို ပေးနေတုန်းပါပဲ။ ဘာပဲပြောပြောလေ Tom Ford ကစလို့ Jeremy Scott အဆုံး ရှိုးပွဲတွေရဲ့ အပြင်ဘက်မှာတော့ အမိုက်စား ဖက်ရှင်တွေက ရှိနေပါတယ်။ အပူဒဏ်ကို မမူ ဖက်ရှင်ကျနေတာကိုလည်း တွေ့ရမှာပါ။ တစ်ချို့မိန်းကလေးတွေကတော့ slip dresses တွေဝတ်ပြီး စတိုင်ကျနေကြတယ်။ တချို့ကတော့ မီနီဂျင်းစကတ်လေးတွေ နဲ့ တစ်ချို့ကတော့ ချည်သားရှပ်လေးတွေကို စတိုင်ကျကျ ဝတ်ထားကြတယ်။ ပြီးတော့ ကိုယ်တွေမထင်မှတ်ထားတဲ့ တွဲစပ်မှုတွေကိုလည်း ဖက်ရှင်တစ်ခု အနေနဲ့ မြင်ရပြီး သဘောကျနှစ်ခြိုက်နေရမှာ အမှန်ပါပဲ။

၂၀၁၈ ဆောင်းဦးမှာ ခေတ်စားမယ့် အပိုင်းအစတွေနဲ့ နွေရာသီအရောင်တွေကို ပေါင်းစပ်ပြီး စတိုင်ထုတ်ထားကိုလည်း အဲဒီလိုဝတ်ရင်လည်း ရပါလားဆိုတဲ့ အတွေးမျိုးရသွားလောက်တဲ့အထိ တွေ့မြင်ရမှာပါ။ ကတ္တီပါ၊ ပိုး၊ animal prints တွေကိုလည်း ကမ္ဘာအနှံက ရိုးရာအငွေ့အသက်တွေနဲ့ ပေါင်းစပ်ပြီး maximalist စတိုင်တစ်ခုကို ဖန်တီးထားတာကို သတိပြုမှာဖြစ်ပါတယ်။ ခပ်နွေးနွေးရာသီဥတုမှာ ဆောင်းတွင်းဝတ်စုံတွေကို အချိုးကျကျတွဲဖက်ဝတ်ဆင်ထားတာတွေက သိပ်မအေးတဲ့ ဆောင်းရာသီကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံက လူတွေအတွက် အကောင်းဆုံးသော အတုယူစရာတွေပဲလေ။

Editor: Min Chit Paing



Share this article

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.