interview   |   Posted on Dec 2, 2016 by Tun Lin

Troller တွေက ကျွန်တော့်ရဲ့ အမြင်မတော်စရာတွေကို သတိပေးတယ်ဆိုတဲ့ ရွှေထူး


ကျွန်တော်ပထမဆုံး ၀ယ်ခဲ့ဖူးတဲ့ အော်ရီဂျင်နယ် ခွေတစ်ခွေဆိုရင် Big Bag ရဲ့ ခွေပါ။ ငယ်ငယ်တုန်းက ကျွန်တော်က ကိုဟန်ထူးလွင်ကို အရမ်းကြိုက်တယ်။

Share this article

၂၀၁၆၊ အောက်တိုဘာလထုတ် MODA မဂ္ဂဇင်းမှာ ကာဗာစတားအဖြစ် ပါဝင်ခဲ့တဲ့ အဆိုတော်ရွှေထူးနဲ့တွေ့ဆုံထားတဲ့ အင်တာဗျူးထဲက တစ်စိတ်တစ်ပိုင်းကို ထုတ်နုတ်တင်ဆက်လိုက်ပါတယ်။

ပထမဆုံးဝယ်ခဲ့တဲ့ အော်ရီဂျင်နယ်သီချင်းခွေတစ်ခွေက ဘယ်သူ့ခွေဖြစ်မလဲ။ ဘယ်လိုအမှတ်တရတွေရှိလဲ။
ကျွန်တော်ပထမဆုံး ၀ယ်ခဲ့ဖူးတဲ့ အော်ရီဂျင်နယ် ခွေတစ်ခွေဆိုရင် Big Bag ရဲ့ ခွေပါ။ ငယ်ငယ်တုန်းက ကျွန်တော်က ကိုဟန်ထူးလွင်ကို အရမ်းကြိုက်တယ်။ "ပန့်အကြောင်းမပြောနဲ့" ဖြစ်မယ်ထင်တယ်။ ကျွန်တော် Title တော့ အတိအကျမမှတ်မိဘူး။ "နားလည်ပါ . . . နားလည်ပါ" သီချင်းပါတဲ့ခွေ ကျွန်တော်စ၀ယ်ဖူးတာ။ ကျွန်တော့် မုန့်ဖိုးလေးကို ကျွန်တော်စုပြီးတော့ ၀ယ်ခဲ့တဲ့ခွေလေးပေါ့။

ကိုရွှေထူးရဲ့ ပထမဆုံးသီချင်းက ဘယ်သီချင်းလဲ။
ကျွန်တော့်ရဲ့ ပထမဦးဆုံး သီချင်းက 3 Creators နဲ့လုပ်တဲ့သီချင်းပေါ့။"မနားဆင်ဖို့" ဖြစ်မယ်။ အဓိကကတော့ ဒိုးပတ်တီးတာပါ။ Fluty Loop နဲ့ပဲတီးတာဗျ။ နောက်ပိုင်းကျမှသာ ကျွန်တော်ဆိုသမျှကို ကျွန်တော်တီးတာများလာတာဗျ။

ပထမဦးဆုံး ထားခဲ့ဖူးတဲ့ ရည်းစားက ဘယ်အသက်အရွယ်လောက်မှာဖြစ်မလဲ။
ကျွန်တော့်အသက် ၁၇၊ ၁၈ လောက်မှာဖြစ်လိမ့်မယ်။ ကျောင်းတက်တဲ့ အတန်းအနေနဲ့ပြောရမယ်ဆိုရင် ဆယ်တန်းပေါ့။

Troller တွေ Troll ကြတဲ့အခါ ကိုရွှေထူးဘယ်လိုခံစားရလဲ။
အစတုန်းကတော့ သူသူကိုကိုပေါ့နော်၊ ကိုယ့်ကို ပြောတာဆိုတော့ စိတ်တော့နည်းနည်းတိုတာပေါ့။ ဒါပေမဲ့ အခု ကျွန်တော် လုံးဝစိတ်မတိုတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ Troller တွေ Troll တာကျတော့ ကျွန်တော့်ရဲ့ အမြင်မတော်တဲ့အရာကို ထောက်ပြတာ။ တချို့ကျတော့လည်း Personal Attack ဖြစ်တယ်ပေါ့။ တချို့  Troller တွေကျတော့ ကျွန်တော်လုပ်တာ အချိုးမပြေဘူး။ အိုဗာကြီးတွေဖြစ်နေတယ်ဆိုပြီးတော့ Troll ပြတယ်။ ကျွန်တော်က အဲဒါကို ဟုတ်တယ် ငါလွန်သွားပြီ ဒီဟာကို နည်းနည်းဆင်ခြင်ရမယ်၊ ဒါမျိုးပေါ့။ တချို့  Troll ထားတွေကို ကျွန်တော်လုံးဝလက်ခံတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သိမ်းထားတယ်။ ငါဒီလိုတော့ ဖြစ်လို့မရဘူး။ ငါအရမ်းအိုဗာဖြစ်သွားပြီဆိုပြီးတော့ပေါ့။

ကိုရွှေထူးရဲ့ တက်တူးအကြောင်းကိုလည်း နည်းနည်းသိချင်တယ်။ ဒီဇိုင်းလှလို့ထိုးဖြစ်တာလား။ စိတ်ခံစားမှုအရထိုးဖြစ်တာလား။
ကျွန်တော့်ဘ၀အမှတ်တရတွေကို ကျွန်တော်ထိုးထားတာပါ။ တက်တူးစထိုးတဲ့အချိန်ကစပြီး ဒီကနေ့ထိထိုးထားတဲ့ တက်တူးအားလုံးမှာ ကျွန်တော့်ဘာသာ ကျွန်တော်သတ်မှတ်ထားတဲ့အဓိပ္ပာယ်ရှိပါတယ်။ လှလို့ထိုးတဲ့ဟာက ရှားပါတယ်။

တက်တူးတစ်ခုအကြောင်း ပြောပြပါဆိုရင် ဘယ်တက်တူးအကြောင်းကို ပြောပြချင်လဲ။
နောက်ဆုံးထိုးထားတဲ့ တက်တူးပေါ့။ ကျွန်တော့်ညာဘက်လက်မှာ ထိုးထားတဲ့ သစ်ပင်အမဲရောင်ကြီးပေါ့။ အမဲရောင်ဒီသစ်ပင်က ကျွန်တော်အမြဲတမ်းအထီးကျန်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့။ ကျွန်တော့်ကို ကျွန်တော် အားငယ်စိတ်နဲ့ အထီးကျန်နေတတ်တယ်ဆိုတဲ့စိတ်နဲ့ အဓိပ္ပာယ်နဲ့ထိုးထားတာပါ။

 

အောင်လင်းသစ်

PHOTOGRAPHED BY AUNG ZAW (LOVE SPACE)/ RETOUCHED BY NYI NYI HLA BAW (LOVE SPACE)/ STYLING BY AUNG LAY/ HAIR & MAKEUP: MAY OO/ OUTFITS: TIMBERLAND, JOHN HENRY, MDS, QUEEN COLLECTION/ SHOES; CHARLES & KEITH



Share this article

TOP 5 ARTICLES


Sex & Relationships   |   Posted on Apr 29, 2017

နာမည်ကျော်ရုပ်ရှင်ဇာတ်ကား...


Celebrity News   |   Posted on Apr 29, 2017

Zombie ကမ္ဘာပျက်ကိန်းသာတစ်...


Celebrity News   |   Posted on Apr 29, 2017

ကမ္ဘာလှည့်ခရီးသည်ကြီး Shak...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.