Body   |   Posted on Aug 24, 2019 by Ja Seng Pan

တစ်နေကုန်ကိုယ်သင်းနံ့လေးမွှေးနေစေဖို့


သင့်ရဲ့ ကိုယ်သင်းရနံ့လေး သင်းပျံ့နေအောင် ပြုလုပ်နိုင်မယ့် Home made နည်းလမ်းလေးတွေ

Share this article

 

ကိုယ်သင်းရနံ့ဆိုတာ ဆွဲဆောင်မှုတစ်မျိုးပါ။ သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါပဲ ဖြစ်ဖြစ်၊ ချစ်သူနဲ့ တွေ့တဲ့အခါပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်သင်းရနံ့လေး သင်းပျံ့နေအောင် ပြုလုပ်နိုင်မယ့် Home made နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရေနွေးနွေးလေးနဲ့ ရေချိုးပါ။ ကိုယ်သင်းရနံ့မွှေးပျံ့နေဖို့ဆိုရင် အရင်ဆုံး တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပေးရပါမယ်။ တော်တော်များများကတော့ တစ်နေ့ကို ရေတစ်ကြိမ်ပဲ ချိုးတတ်ကြပါတယ်။ သို့သော်လည်း သင်က အားကစားပုံမှန်လုပ်တတ်သူ ဒါမှမဟုတ် ပူတဲ့ပတ်ဝန်းကျင်မှာ ရှိနေတတ်သူဆိုရင်တော့ တစ်နေ့ကို ၂ကြိမ်လောက်ပုံမှန်ရေချိုးပေးပါ။ ရေချိုးတဲ့အခါ ဆပ်ပြာကို ပုံမှန်တိုက်ပေးခြင်းက သင့် ခန္ဓာကိုယ်မှာ ကပ်နေတဲ့ bacteria နဲ့ အညစ်အကြေးတွေ ကင်းစင်စေမှာပါ။ ၂ရက်ခြားတစ်ကြိမ်ခေါင်းလျှော်ပါ။ ဒါမှမဟုတ် Dry Shampoo ကိုလဲ အသုံးပြုနိုင်ပါတယ်။

ခန္ဓာကိုယ်ကို သန့်စင်ပြီးပြီဆိုရင်တော့ ချွေးနံ့ပျောက်ဆေး ( Roll-on ) သုံးပေးပါ။ Roll-on သုံးတဲ့အခါမှာလဲ အနံ့ပြင်းပြင်းတွေကို မသုံးပါနဲ့။ အနံ့သင်းသင်းလေးတွေကသာ နင့်ကို ဆွဲဆောင်မှုရှိစေမှာပါ။

အနံ့အသက်ကောင်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ အဝတ်အစားတွေကို မလျှော်ဘဲ ပြန်လည်ဝတ်ဆင်ခြင်းက မကောင်းတဲ့အနံ့အသက်ကို ရစေပါတယ်။ သင့်ရဲ့ အဝတ်ဗီဒိုထဲကို ပရုပ်လုံး ဒါမှမဟုတ် ဗီဒိုထဲ ထည့်တဲ့အမွှေးအိတ်လေးတွေ ထည့်ထားပေးပါ။ အပြင်သွားတော့မယ်ဆိုရင် အနံ့အသက်ကောင်းပြီး သန့်ရှင်းတဲ့အဝတ်အစားကို ဝတ်ဆင်ခြင်းကလည်း သင့်ကို ယုံကြည်မှုပိုရှိစေပါလိမ့်မယ်။

အရေးကြီးဆုံးတစ်ချက်ကတော့ စကားပြောတဲ့အခါ သင့်ရဲ့ ခံတွင်းနံ့သင်းနေစေဖို့ပါပဲ။ ရေများများသောက်ပေးပါ။ အစားစားပြီးတဲ့အချိန်မျိုးမှာ အထူးသဖြင့် အစားအသောက်ထဲမှာ ကြက်သွန်ဖြူကဲ့သို့သော အနံ့ပြင်တဲ့အရာမျိုးပါလာခဲ့ရင် ခံတွင်းကို မဖြစ်မနေသန့်ရှင်းရေးလုပ်ပေးပါ။ သင့်အိတ်ထဲမှာ ခံတွင်းသန့်ဆေးရည် ဒါမှမဟုတ် အိတ်ဆောင်သွားတိုက်တံနဲ့ သွားတိုက်ဆေးကို အမြဲဆောင်ထားပါ။ ဝမ်းမချုပ်ပါစေနဲ့။

နောက်ဆုံးအဆင့်ကတော့ သင့်ရဲ့ သန့်ရှင်းလတ်ဆတ်တဲ့ခန္ဓာကိုယ်မှာ ရေမွှေးနံ့သင်းသင်းလေး ဆွတ်ကြရအောင်နော်။ ရေမွှေးဆွတ်တဲ့အခါမှာလည်း ရေမွှေးနံ့တာရှည်ခံဖို့အတွက် လက်ကောက်ဝတ်၊ လည်ပင်းနေရာတွေကို ဆွတ်ပေးပါ။ ရေမွှေးသုံးတဲ့အခါမှာလဲ အနံ့ပြင်းပြင်းတွေထက် ချိုချဉ်နံ့၊ လာဗင်ဒါပန်းနံ့ သင်းသင်းလေးရှိတဲ့ ရေမွှေးကိုသုံးပေးခြင်းက သင့်ကို အထက်တန်းကျကျစမတ်ကျစေမှာပါ။

ကဲဒီလောက်ဆိုရင် တစ်နေကုန်ကိုယ်သင်းနံ့လေးမွှေးပျံ့စေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ သိလောက်ပြီမို့ ပျိုမေတို့လဲ ဒီနည်းလေးအတိုင်းလိုက်လုပ်ကြည့်ကြရအောင်နော်။

 

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.