Celebrity News   |   Posted on Jun 22, 2016 by kiki

UN Goodwill Ambassador ဖြစ်သွားတဲ့ Anne Hathaway


ခုလိုကျားမတန်းတူအခွင့်အရေးအတွက် လှုပ်ရှားမှုတွေကို ဆောင်ရွက်ရတော့မယ်ဆိုတော့ ကျွန်မဂုဏ်ယူဝမ်းမြောက်မိပါတယ်

Share this article

Emma Watson နဲ့ Nicole Kidman တို့လမ်းစဉ်အတိုင်း Anne Hathway လည်း UN Women အတွက် goodwill ambassador ဖြစ်သွားပါပြီ။ အော်စကာဆုရှင်မင်းသမီးက၊ ကလးအမေအသစ်ချက်ချွတ်လေးက ဒီအဖွဲ့အတွက် ကျားမတန်းတူညီအခွင့်အရေးအတွက် လှုပ်ရှားသွားဖို့ အလုပ်တွေလုပ်သွားမှာဖြစ်ပါတယ်။ 

" ခုလိုကျားမတန်းတူအခွင့်အရေးအတွက် လှုပ်ရှားမှုတွေကို ဆောင်ရွက်ရတော့မယ်ဆိုတော့ ကျွန်မဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ထင်ရှားပြတ်သားတဲ့ လှုပ်ရှားမှုကြီးတွေ ရှေ့ကလူတွေ လုပ်ဆောင်သွားပေမယ့် ဒီတစ်ကြိမ်မှာတော့ ကျွန်မတို့အားလုံးက လုပ်ဆောင်ခဲ့တဲ့ ခွန်အားတွေနဲ့ စစ်မှန်တဲ့ တန်းတူညီမှုတွေကို နောက်ဆုံးမှာ အသိအမှတ်ပြုရတော့မှာပါ" လို့ Hathaway ကပြောခဲ့ပါတယ်။ သူမရဲ့ပါဝင်လာမှုကို UN Women executive director, Phumzile Mlambo-Nguck ကခုလို ချီးမြှောက်ခဲ့ပါတယ်။

"Anne ပါဝင်လာခြင်းက အချိန်ကိုက်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနှစ်မှာ UN Women တွေက ပိုအကောင်းမြင်ဆောင်သော စိတ်ပိုင်းဖြတ်မှုများနှင့် လက်တွေ့ကျသော စီစဉ်မှုများကို ကမ္ဘာနှင့်တစ်ဝှမ်း လုပ်ငန်းဌာနတွေမှာ အမျိုးသမီးများအတွက် တန်းတူအခွင့်အရေးတွေကို တည်ဆောက်တော့မှာမို့လို့ပါပဲ။ အမေတစ်ယောက်ဖြစ်လာပြီဆိုရင် အမျိုးသမီးများရဲ့ အလုပ်အခွင့်အရေးများနဲ့ ရရှိမှုတွေက ပိုဆုံးရှုံးလာတတ်ပြီး ဒါသည် လုပ်ငန်းပိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ လိင်ခွဲခြားမှုတွေပါပဲ" လို့ပြောခဲ့ပါတယ်။

Hathaway ရဲ့တာဝန်ယူရမယ့်အပိုင်းတွေက " လုပ်ငန်းဌာနများတွင် မတူညီသော ဆက်ဆံခြင်းများကို မီးမောင်းထိုးပြခြင်း" နှင့် "နိုင်ငံတကာတွင် အမေ၀န်ထမ်းများအတွက် တတ်နိုင်သော childcare services များနှင့် ညီမျှသော အစိုးရထောက်ပံ့စရိတ်များ ရရှိရေး" တို့ပါဝင်ပါတယ်။

 

 



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.