Skin   |   Posted on Sep 10, 2019 by Ja Seng Pan

ထူးထူးဆန်းဆန်းနည်းလမ်းတွေနဲ့ Skin Treatment ကြရအောင်


အခုပြောပြပေးမယ့် skin treatment အကြောင်းလေးကတော့ ကို့ရို့ကားယားနိုင်တယ်လို့ ပြောလို့ရတဲ့ နည်းလမ်းတချို့ပါ။

Share this article

အလှအပနဲ့ပတ်သက်ရင် ပျိုမေတို့ဟာ ထူးထူးဆန်းဆန်းနည်းလမ်းလေးတွေကိုတောင်မှ စမ်းသပ်ကြည့်ချင်ကြပါတယ်။ အခုပြောပြပေးမယ့် skin treatment အကြောင်းလေးကတော့ ကမ္ဘာကျော် Celebrity တွေအသုံးပြုကြတဲ့ အသားအရေကို လှပနုပျိုစေပြီး နဲနဲတော့ ကို့ရို့ကားယားနိုင်တယ်လို့ ပြောလို့ရတဲ့ နည်းလမ်းတချို့ပါ။ ကဲ ဘယ်လိုနည်းလမ်းလေးတွေလဲ ကြည့်လိုက်ကြရအောင်နော်။

 

ပထမဆုံးပြောပြပေးမှာကတော့ မျှော့ကုထုံးဖြစ်ပါတယ်။ မျှော့လို့ဆိုလိုက်တာနဲ့ တော်တော်များများကတော့ အသည်းယားပြီး ကြောက်ရွံကြမှာအမှန်ပါပဲ။ မျှော့ကို ခန္ဓာကိုယ်ပေါ်တင်ထားလိုက်တာနဲ့ မျှော့ကတော့ သူ့သဘာဝအတိုင်း လူ့သွေးကို စုပ်ယူတော့မှာပါပဲ။ ဒီနည်းအားဖြင့် မျှော့ကခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးပုပ်တွေကို စုပ်ထုတ်ယူလိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ထဲမှာ သန့်စင်တဲ့ သွေးတွေသာကျန်နေခဲ့မှာပါ။  ဒီနည်းကို ရှေးအီဂျစ်တွေအသုံးပြုခဲ့ကြပါတယ်။ နာမည်ကျော်မင်းသမီး Demi Moore ရဲ့ Treatment နည်းတွေထဲက တစ်မျိုးလဲ ဖြစ်ပါသေးတယ်။

 

 

နောက်တစ်နည်းကတော့ လူ သို့မဟုတ် တိရစ္ဆာန်အချင်းအစစ်နဲ့ Face Mask ပြုလုပ်ခြင်းပါ။ အချင်းကို ခြောက်ထားပြီး အမှုန့်ဖြစ်အောင်ပြုလုပ်ရမှာပါ။ ပြီးရင်တော့ သန့်စင်တဲ့ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး Face Mask အဖြစ်အသုံးပြုနိုင်ပါပြီနော်။ အချင်း ( Placenta ) ဟာ Proteins နဲ့ emzymes ပြည့်ဝစွာပါဝင်လို့ အသားအရေကို ဖြည့်တင်းပေးပြီး တင်းရင်းစေပါတယ်။ ဒီနည်းလမ်းကို အသုံးပြုတဲ့ J Lo ရဲ့ နုပျိုမှုတော့ မျက်မြင်ပဲ ဖြစ်မှာပါနော်။ JLo အပြင် Madonna, Reese Witherspoon, Eva Longoria and Katie Holmes တို့ကလည်း ဒီ Treatment နည်းကို အသုံးပြုကြပါသေးတယ်။

 

 

ပျားအဆိပ်နဲ့ Treatment ပြုလုပ်ခြင်းက အသားအရေကို ကြည်လင်စေတဲ့အပြင် ငယ်ရွယ်နုပျိုစေပါတယ်။ ဒီနည်းလမ်းက အန္တရာယ်များတဲ့နည်းလမ်းတစ်ခုလဲ ဖြစ်ပေမယ့် နာမည်ကျော် Celebrity တော်တော်များများကတော့ ပြုလုပ်ကြပါတယ်။ ပျားအဆိပ်နဲ့ Treatment ပြုလုပ်ခြင်းက အမာရွတ်တွေကို ပျောက်စေခြင်း၊ ဝက်ခြံဖြစ်ပွားမှုကို ကာကွယ်ပေးခြင်းနဲ့ အရေးအကြောင်းဖြစ်ခြင်းတို့ကို ကာကွယ်ပေးခြင်းအစရှိတဲ့ အကျိုးကျေးဇူးတွေရနိုင်ပါတယ်။ Princess Kate Middleton , Kylie Minogue,  Michelle Pfeiffer နဲ့ Victoria Beckham တို့လဲ ဒီနည်းနဲ့ Treatment ပြုလုပ်လေ့ရှိကြပါတယ်။

 

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.