Fashion News   |   Posted on Jan 11, 2017 by Elijah htang

Victoria’s Secret အိန်ဂျယ်တွေထဲမှာမှ အလွှမ်းမိုးဆုံး ၅ ယောက်


လူမူကွန်ယက်မှာ အအောင်မြင်ဆုံး V.S အန်ဂျယ်က ဘယ်သူဖြစ်မလဲ ?

Share this article

V.S အိန်ဂျယ်လို့ သတ်မှတ်ခံထားရတဲ့ အမျိုးသမီး ၁၄ ဦးဟာ လူမှုကွန်ရက်ပေါ်မှာ အားပေးမှုအရှိန်ပြင်းထန်း သလို တစ်ချို့ဟာ ပိုပြီး အခြားသူတွေထက် လွှမ်းမိုးတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ခွဲခြမ်းစိတ်ဖြာ စစ်တမ်းထုတ်တဲ့ ကုမ္ပဏီ D’Marie အရ ယေဘူယျအားဖြင့် “အမျိုးမျိုးသော လူမှုကွန်ရက်တွေပေါ်က အဆင့်နဲ့ တစ်ဦးချင်းစီရဲ့ ကဏ္ဍ အမျိုးမျိုးမှာပေါ်မှာ ပါဝင်နေမှု” တို့အပေါ်မှာ အခြေခံထား ကောက်ယူထားတယ် လို့ဆိုပါတယ်။ အဆိုကုမ္ပဏီအနေနဲ့ ဘယ်သူက အမြင့်ဆုံးအိန်ဂျယ်လဲလို့ သိပ်မကြာသေးခင်ကပဲ ဆုံးဖြတ် ရာမှာတော့ အားလုံးထင်ထားတဲ့အတိုင်း Adriana Lima ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အပေါ်ဆုံးက ၅ ယောက်ထဲမှာ ဘယ်သူတွေပါလည်းဆိုတာ သိချင်ရင်တော့ ဆက်ကြည့် လိုက်ဦးနော်။ *၂၀၁၆ ခုနစ် Victoria’s Secret ဖက်ရှင်ရှိုးမှာ လျှောက်တဲ့မော်ဒယ်အားလုံးကို ထည့်သွင်းစဉ်းစား မယ်ဆိုရင်တော့ Kendall Jenner နဲ့ Gigi Hadid တို့ဟာ Adriana Lima ထက် လူမှုကွန်ရက်ပေါ်မှာ ပိုမို လွှမ်းမိုးတယ်လို့ ပြောနိုင်မှာပါ။ ဒါပေမယ့်ဒီစာရင်းဟာတော့ တရားဝင်အိန်ဂျယ်တွေကိုပဲ ထည့်သွင်းပြုလုပ်တဲ့ စာရင်းဖြစ်ပါတယ်။ကျန်တဲ့လေးယောက်ကတော့ နံပါတ် ၂ နေရာမှာ Alessandra Ambrosio, နံပါတ် ၃ က Taylor Hill, နံပါတ် ၄ က Josephine Skriver နဲ့ နံပါတ် ၅ က Lily Aldridge တို့ပဲ ဖြစ်ပါတယ်။

REF: ELLE



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Jan 20, 2017

Darke နှင့်ပါတ်သက်တဲ့ ကိစ...


Celebrity News   |   Posted on Jan 20, 2017

bomber jackets တွေဝတ်ပြီး...


Film & Music   |   Posted on Jan 20, 2017

Taylor Swift ဟန်ပန်နဲ့ အသ...


Film & Music   |   Posted on Jan 19, 2017

2017 People's Choice Awar...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.