Horoscopes   |   Posted on Oct 3, 2016 by Elijah htang

သင့်ဘဝအရေး ကြိုက်တာမေး


နိမိတ်ကံကြမ္မာ တားရော့(ခ်)ကမ္ဘာ

Share this article

 

တနင်္ဂနွေနေ့သားသမီးများ

(THE MAGICIAN)


အရာရာဟာ ထင်မှတ်မထားတဲ့ အလှည့်အပြောင်းတွေနဲ့ မျှော်လင့်ထားတာထက် မမျှော်လင့်သော အဖြစ်အပျက်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ သောကတို့ဖြစ်တတ်တယ်။ ကံအခြေအနေအရ အသင့်သင့်သာ အနေအထားဖြစ်တယ်။ ကြီးကြီးမားမားရင်းနှီးတိုက်ထုတ်မှုတွေနဲ့ စွန့်စွန့်စားစားလုပ်ရမယ့်အလုပ်တွေကို ရှောင်ပါ။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့ရတတ်သလို  အနီးကပ်လူတစ်ချို့၏ ဒုက္ခပေးခြင်းနဲ့ လှည့်ဖြားခြင်းကိုလည်း ကြုံရတတ်တယ်။ လက်ရှိလုပ်နေတဲ့ ပညာရေးမှာ စိတ်လေစိတ်မပါ စာမေးပွဲဖြေရန်အချိန်ကနီးမှ စာကမရအခြေအနေမျိုးဖြစ်တတ်တယ်။ မထင်မှတ်ဘဲ အလုပ်အကိုင်တစ်ခုခုရရှိနိုင်ပေမယ့် စိတ်တိုင်းမကျဘဲ အခြားအလုပ်တစ်ခုကို မျှော်လင့်နေမိမယ်။ ထူးထူးခြားခြားညံ့သည်မရှိဘဲ ညံ့တယ်လို့ ကိုယ့်ကိုယ်ကို သံသယရောဂါတွေဖြစ်တတ်တယ်။ ခြေတို့လက်တို့မှာ ညောင်းညာတာတွေလောက်ပဲရှိတာမို့ မညံ့ပါ။ အိမ်တွင်းရေး မသာယာခြင်းတွေကြောင့် အိမ်အပြင်ကိုသာ ထွက်နေချင်စိတ်ရှိနေလိမ့်မည်။ မာယာလှည့်ကွက်တွေနဲ့ အကွက်ရွှေ့နိုင်လွန်းတဲ့ချစ်သူကို  ရရှိတတ်တယ်။ ငယ်သူများ ပိုသတိထားပါ။ မိဘသဘောမတူသူနဲ့ ချစ်နေမိတတ်တယ်။

 

တနင်္လာနေ့သားသမီးများ

(THE SUN)


ကံကောင်းတဲ့ နိမိတ်ဖြစ်ပါတယ်။ မိမိဆောင်ရွက်ရမည့် ကိစ္စမှန်သမျှတို့သည် ထူးထူးခြားခြား အဆင်ပြေနိုင်ပါတယ်။ စီးပွားရေးလုပ်နေကျ အလုပ်အဟောင်းတွေထက် နောက်ထပ်အသစ်သော လုပ်ငန်းများက ပိုသင့်တော်လိမ့်မည်။ ဆရာသမားနဲ့ မိမိထက် ဥာဏ်ပညာကြီးမားသူတို့၏ ပံ့ပိုးကူညီမှုပေးခြင်းကို ရရှိတတ်ပါသည်။ လူမှုရေးအနေနဲ့ ကိုယ်ထင် ကုတင်ရွှေနန်းဆိုသော အတ္တကြီးနေရင်တော့ ညံ့နေလိမ့်မည်။ မိမိကို သူများတွေ အဆင်ပြေနေမယ်လို့ မမြင်ရှိနေမယ်။ ကိုယ်ကလည်း မိမိမျှော်မှန်းနေသော ပန်းတိုင်မရောက်သေးလို့ စိတ်ညစ်နေရတတ်တယ်။ အလိုလောဘလျှော့ပါ။ အလုပ်အကိုင် အခြားအလုပ်ဌာနတို့ ရွှေ့ပြောင်းလည်ရန်အခွင့်အရေးတို့ ရရှိနိုင်လိမ့်မည်။ ကောင်းသော ပြောင်းလဲခြင်းတို့ ဖြစ်ပါလိမ့်မည်။ အလုပ်ရှာနေသူတို့ အလုပ်ရနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ပညာရေးစိတ်ကူးကများ လက်တွေ့ ကြိုးစားမှုကနည်းဆုံးရှုံးခြင်းမရှိပေမယ့် သတိမထားရင် ပြာယာခတ်နေပြီး အနားကပ်မှာ စိတ်အားပြတ်သလိုတွေ ဖြစ်ရတတ်တယ်။ အချိန်ရဲ့တန်ဖိုးကို အလိုက်သင့်လိုက်နာပါ။ ကျန်းမာရေးထူးထူးခြားခြားညံ့သည်တော့ မရှိနိုင်။ ဘယ်ဘယ်ခြေထောက်အနည်းငယ်ကျင်သော ပြဿနာရှိတတ်တယ်။ အိမ်တွင်းရေးအနေနဲ့အိမ်တွင်ရှိသူများကလည်း ကိုယ့်ကို အိမ်မှာအဆင်ပြေနေတာပဲဆိုပြီး ဂရုမစိုက်မိ၊ မပွင့်မလင်း ဆက်ဆံမှုတွေကြောင့် အာရုံနောက်လာရတတ်တယ်။ အချစ်ရေးမှာ ကိုယ်မှန်တယ်ဆိုပြီး ချစ်သူဘက်ကို ငဲ့မကြည့်မိတာတွေများလာမယ်။ အချစ်ထက် ဘဝကို ပိုအရေးစိုက်နေမိတတ်တယ်။ အပြိုင်အဆိုင်သာရှိနေရင်တော့ လက်လွှတ်ပေးရတတ်တယ်။ ငယ်သူများ ကိုယ့်အပေါ်လူကြီးဆန်ဆန်ချစ်သူကိုရရှိနိုင်ပါတယ်။


အင်္ဂါနေ့သားသမီးများ  

(THE LOVERS)


ကံအခြေအနေတို့ အခွင့်အရေးကောင်းကောင်းနဲ့ရွေးချယ်မှုများများတို့ ရရှိနိုင်လိမ့်မည်။ ရွေးချယ်မှုအများတွေကြောင့် အာရုံနောက်လာရလိမ့်မည်။ ထူးထူးခြားခြား မိတ်ဆွေများရဲ့ အလုပ်နဲ့ ဝါသနာထပ်တူရအောင် ပံ့ပိုးခြင်းများ ရရှိနိုင်လိမ့်မည်။ လုပ်ငန်းတို့တွင် စပ်တူရှယ်ယာတို့ အခွင့်အရေး ရရှိနိုင်လိမ့်မည်။ ခင်မင်ရာ မိတ်ဆွေများ ဆုံတွေ့ရနိုင်သည်။ မနာလိုအပြိုင်အဆိုင် တစ်ခုခုကြုံရနိုင်ပေမယ့် အဆိုးကြီး ဟုတ်ပါ။ အရေးကြီးအချိန်ရောက်မှ အခြားတွေကို အာရုံရောက်နေမယ်။ ပညာရေးထက် အပျော်တွေကို နှစ်သက်နေမယ်။ စိတ်အညစ်မခံနိုင် ပျော်ရာကို လုပ်နေရတတ်တဲ့ အချိန်ဖြစ်နေမယ်။ ကျန်းမာရေးအညံ့မရှိပေမယ့် ရေဓါတ်ခမ်းခြောက်သော ရောဂါတို့ဖြစ်တတ်တယ်။ အသားအရေ ခြောက်ကပ်၊ အာသီးရောင်တို့ဖြစ်တတ်တယ်။ မိတ်ဆွေတစ်ဦးတစ်ယောက်၏ လမ်းပြခြင်းတို့ကြောင့် အလုပ်အကိုင်တို့ အဆင်ပြေရတတ်ပါတယ်။ ကြေငြာမီဒီယာလုပ်ငန်းတို့ သိသာစွာ အဆင်ပြေနိုင်လိမ့်မည်။ အချစ်ရေးအနေနဲ့ လက်ရှိအချစ်ထက် ချစ်သူဟောင်းရည်းစားဟောင်းတို့ကို လွမ်းဆွတ်တမ်းတနေမိတတ်တယ်။ ကိုယ်က တည်ငြိမ်ချင်ပေမယ့် ကံအဖြစ်အပျက်က မပေး ငယ်သူတို့ ချစ်သူမရသေး။ ကိုယ့်ကိုချစ်သူထက် ကိုယ်က ချစ်ရသူကို မျှော်လင့်နေမိတတ်တယ်။

 

ဗုဒ္ဓဟူးနေ့သားသမီးများ

(THE WORLD)


ရပ်ဝေးနေရာဝေးမှ သူများနဲ့ ဆုံတွေ့ ပြီး အဆင်ပြေကောင်းနိုင်လိမ့်မည်။ မိမိမှာ အစွဲအလမ်းကြီးခြင်းတစ်ခုခုကြောင့် သောကဖြစ်ရတတ်တယ်။ အဆင်ပြေကံကောင်းနိုင်သော အချိန်ကာလတစ်ခုဖြစ်ပါတယ်။ မိမိလုပ်ချင်နေတာနဲ့ အခြားသူများနဲ့ ညှိနှိုင်းမရဖြစ်တတ်တယ်။ စိတ်ရှည်သည်းခံပါ။ နိုင်ငံရပ်ခြားနဲ့သက်ဆိုင်သော အလုပ်များ အထူးကံကောင်းပါမည်။ ပညာရေးတွင် မိမိကိုယ်ကို အားမလိုအားမရ အလိုလောဘကြီးနေသည့်ကြောင့် ပူပန်နေရတတ်တယ်။ မိသားစုနဲ့ခွဲနေရသူများ ပြန်လည်ဆုံတွေ့ရနိုင်တယ်။ အိမ်တွင်းရှိ လူတစ်ဦးဦး အဝေးထွက်ရန် ကိစ္စကြုံတွေ့ရလိမ့်မည်။ အနေနီးပြီး ကိုယ့်ခံစားချက် သိနေသူတစ်ယောက်ယောက် ကိုယ့်အနားက ထွက်ခွာသွားခြင်းဖြစ်လိမ့်မည်။ ကျန်းမာရေးအနေနဲ့ အအေးကြိုက်သော ရောဂါတွေဖြစ်တဲ့ အအေးပတ်ခြင်း၊ ဖျားနာခြင်းတို့ဖြစ်တတ်တယ်။ ခေါင်းအုံခေါင်းခဲသော ရောဂါတို့ သတိထားပါ။ လမ်းသွားခြင်း၊ ခရီးသွားခြင်းတို့ အထူး ဂရုစိုက်သတိထားပါ။ အချစ်ရေး အနေဝေးက ချစ်သူတွေ အေးတိအေးစက် ဆက်ဆံမှုများကြောင့် လမ်းခွဲရမလို ရှေ့တိုးရခက်၊ နောက်ဆုံးရခက်ဖြစ်တတ်သည်။ ငယ်သူများ အထူးစန်းပွင့်နိုင်ပါမည်။

 

ကြာသပတေးသားသမီးများ

(THE HERMIT)


အရာရာကို စိတ်ရှည်သည်းခံနေရမည်။ သည်းခံနေသည့်ကြားမှ ရောင့်တက်သလိုလို စိတ်ပျက်မှုတွေနဲ့ ရင်ဆိုင်ရတတ်တယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့သာ အဓိကပါ။ လုပ်ချင်နေတာက တစ်ခု၊ လုပ်နေရတာက တခြားဖြစ်ပြီး အာရုံစားဗျာများရတတ်တယ်။ အလုပ်ပြောင်းလဲခြင်းနဲ့ အခြားရွှေ့ပြောင်းခြင်းတို့ မလုပ်သင့်သေးပါ။ အကူအညီတွေလည်း ရနိုင်သလို ဒုက္ခပေးသူများလည်းရှိနေတယ်။ မလိုတမာ အမုန်းထားခံရမယ့် ဘဝပျက်မသွားပါ။ သည်းခံကျော်ဖြတ်ပါ။ အိမ်တွင်းရေး ပြဿနာတွေကြောင့် အိမ်မှာ မနေချင်ဖြစ်နေလိမ့်မည်။ မိမိသည် အိမ်ပေါ်မှာ ထွက်သွားချင်စိတ်တို့ပေါက်နေလိမ့်မည်။ အလုပ်အကိုင်ရှာနေသူများ စိတ်တိုင်းကျသော အလုပ်မတွေ့နိုင်သေးရသည့် အလုပ်မှာသာ သင့်တော်သလိုနေနေပါဦး။ အလုပ်ရှာနေသူများက ဆက်ပြီး ဇွဲရှိရှိ ရှာဖွေပါ။ ကျန်းမာရေးညဥ့်နက်အပြင်ထွက်တတ်သူများ ဂရုစိုက်ပါ။ အင်အားကုန်ခမ်းသော ရောဂါနှင့် ရောဂါအခံရှိသူများ အိပ်ရာထဲလဲရသည်။ အသက်ကြီးပြီး ဘာသာတရား ကိုင်းရှိုင်းသူများနှင့် ဖူးစာဆုံရတတ်တယ်။ အပျော်ကြိုက်သူများနဲ့တော့ အဆင်မပြေလှပါ။ မေတ္တာရေးတွင် စန်းပွင့်ခြင်း နည်းနေဦးမည်။

 

သောကြာနေ့သားသမီးများ

(THE STAR)


အသက်အရွယ် အပိုင်းအခြားအလိုက် ကံကောင်ခြင်းနဲ့ ကံဆိုးခြင်းတို့ ရောပြွမ်းနေပါတယ်။ တနေ့တည်းမှာကို အဖြစ်အပျက်အမျိုးစုံ ကြုံတွေ့ရတတ်တယ်။ အနုပညာနဲ့ ကံစမ်းရသော စီးပွားရေးတို့ ထုးထူးခြားခြားအဆင်ပြေနိုင်ပါတယ်။ မမျှော်လင့်ပဲ ဝင်ငွေငွေကြေးတို့ရနိုင်သလို ပြန်လည်ကုန်ကျခြင်းတို့ များရတတ်တယ်။ ပွဲလမ်းများနဲ့ ပျော်ပွဲရွှင်ပွဲလုပ်ရသော အလုပ်အကိုင်တို့ အဆင်ပြေနိုင်ပါတယ်။ အလုပ်ရှာနေသူများကတော့ ရသည့်အလုပ်မမြဲတတ်ပါ။ ကျန်းမာရေး အနည်းငယ်ညံ့နိုင်ပါတယ်။ အမျိုးသမီးများ အညံ့များရတတ်တယ်။ လူမှုရေး စိတ်ပျော်စရာ အပေါင်းအသင်းတို့နဲ့ တွေ့ဆုံပျော်ရတတ်တယ်။ အပျော်များလို့ ပျက်စီးမှုလည်း ရှိတတ်တယ်။ အထူးဂရုစိုက်ပါ။ အိမ်တွင်းရေးအနေနဲ့ မကြာခဏ အိမ်တွင်းရှိသူများနဲ့ မကြေမလည်ဖြစ်ဖြစ်နေရတတ်တယ်။ ကိုယ့်အမြင်သူ့အမြင် တူတာတွေရှိတတ်ပါတယ်။ ရူးရူးမိုက်မိုက် ချစ်မိတာတွေကြောင့် အချစ်အတွက် စိတ်ပျက်တာတွေများနေမယ်။ ချစ်တာတစ်ယောက်၊ ရတာ တစ်ဦး၊ လိုတာမရ၊ ရတာမလို ခပ်မြန်မြန်အချစ်တွေ ဖြစ်နေရတတ်တယ်။

 

စနေနေ့သားသမီးများ

(THE TOWER)


ကံအခြေအနေ အညံ့ဝင်ချိန်မို့လို့ အရာရာသတိထားပါ။ စိတ်လိုက်မာန်ပါ ဒေါသတကြီး တုန့်ပြန်ပြောဆိုခြင်းကိုရှောင်ပါ။ ရှိပြီးလုပ်ပြီးနေသော စီးပွားရေးတွေကိုသာ အာရုံစိုက်ဆက်ပြီးလုပ်ပါ။ အချိန်တန်ရင် အဆင်ပြေပါလိမ့်မယ်။ အလုပ်အကိုင်ရှာနေသူများ အဆင်မပြေသေးပါ။ ရုတ်တရက် မထင်မှတ်သောအလုပ်တို့ရရှိနိုင်ပါတယ်။ ကျန်းမာရေးထိခိုက်ဒဏ်တစ်ခုခုဖြစ်တတ်တယ်။ ဒဏ်ရာဖြစ်ခြင်းသည် ကြီးမားတာနဲ့ သေးငယ်ခြင်းနဲ့ပဲ ကွာခြားပါတယ်။ အိမ်တွင်းရေး အခက်အခဲတွေရှိမယ်။ တတ်နိုင်သလောက် ဂရုစိုက်ပါ။ လူမှုရေးအနေနဲ့ ကိုယ့်ကိစ္စတွေထက် သူများကိစ္စတွေကိုအလေးထားနေမိတယ်။ သူများပြဿနာ ကိုယ့်ကို အနှောင့်အယှက်ဖြစ်စေတတ်တယ်။ အချစ်ရေးရွေးချယ်မှုအမှားများကြောင့် ရှေ့တိုးရခက်၊နောက်ဆုတ်ရခက်ဖြစ်နေတတ်တယ်။ ငယ်သူများနဲ့အချစ်ကို အခုမှ လက်ခံနေသူများ ဂရုစိုက်ပါ။

 

Save



Share this article

TOP 5 ARTICLES


gay & lesbians   |   Posted on Feb 21, 2017

Gay တစ်ယောက်နဲ့ BFF ဖြစ်သ...


Celebrity News   |   Posted on Feb 21, 2017

Kim နဲ့အတူ Instragram ပေါ်...


Celebrity News   |   Posted on Feb 21, 2017

ကျွန်မက လူဆိုးမလေးပါလို့...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.