Horoscopes   |   Posted on Nov 9, 2016 by Elijah htang

သင့်ဘဝအရေး ကြိုက်တာမေး


နိုဝင်ဘာလအတွက် နိမိတ်ကံကြမ္မာ တားရော့(ခ်)ကမ္ဘာ

Share this article

တနင်္ဂနွေ The STAR
အခွင့်အလမ်းသစ် အဆင်ပြေချင်း ကံကောင်းခြင်းတို့ ဖြစ်ရပေမယ့် လုပ်ချင်တာများ လို့ စိတ်မောရတတ်ပါတယ်။ ဒီအချိန်အတွင်းမှာ ရပ်ဝေးမှ မိတ်ဆွေသူငယ်ချင်းများနဲ့ ပြန်လည်ဆုံတွေ့ရလိမ့်မည်။ စီးပွားရေးအနေဖြင့် နိုင်ငံခြားလူမျိုးကွဲများနဲ့ ပတ်သက်ပြီး စပ်တူရှယ်ယာကိုယ်ပိုင် စီးပွားရှာနေသူများကတော့ အခွင့်အလမ်းတွေ ပွင့်လာပါတော့မယ်။ အလုပ်အကိုင်ရှာနေသူများကတော့ အလုပ်အကိုင်ရနိုင်ပါလိမ့်မယ်။ လခစား ဝန်ထမ်းများ အနေဖြင့်ကတော့ အလုပ်နေရာ ပြောင်းလဲရန်အခွင့်ကြုံပါမယ်။ ငွေကြေးကတော့ မထင်မှတ်တဲ့အကြောင်းကြောင့် ဝင်ငွေတိုးနိင်ပါတယ်။ အိမ်တွင်းရေးမှာတော့ အတူမနေရဘဲ နေရာတစ်ခုစီ ခွဲခွာနေရခြင်းက ပိုသင့်တော်ပါလိမ့်မည်။ အိမ်အတွက် တစ်ခုခုကြောင့် သင့်မှာ တာဝန်ပိစိတ်ရှုပ်လိမ့်မည်။ သို့ပေမယ့် ဆောင်ရွက်ပေးရခြင်းက ပိုသင့်တော်လိမ့်မည်။ လူမှုရေးကံ၊ မိတ်ဆွေကောင်းများရဲ့ ကူညီမှုတွေရနိုင်သလို မိမိမှလည်း ပြန်လည်ကူညီဆောင်ရွက်ပေးရလိမ့်မည်။ မဆုံရတာကြာပြီဖြစ်သော သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပြန်လည်ဆုံတွေ့ ပြီး ပျော်စရာကောင်းနေဦးမည်။ မေတ္တာရေးကံ ချစ်သူဟောင်းများနဲ့ ပြန်လည်ဆုံတွေ့ပြီး ပျော်စရာမျာကို တွေးမိပါလိမ့်မည်။ သို့ပေမယ့် လက်ရှိရှိပြီး သူများနဲ့ကလဲ ကတိလွန်ချစ်ခြင်းတွေဖြစ်လိမ့်မည်။ ချစ်ရရန် ကြိုးစားနေသူတို့ကတော့ ဇွဲမလျော့တမ်းဆက်လိုက်ပါ။ ပညာရေးကံ အခက်အခဲရှိနေသူများ အခက်အခဲတွေ ကျော်ဖြတ်နိုင်တော့မယ်။ နိုင်ငံရပ်ခြားမှာ ပညာသင်ခြင်းနဲ့ စာမေးပွဲဖြေရန်ရှိသူများ စိတ်အေးအေးထားဆောင်ရွက်ပါ။ ကျန်းမာရေးအနေနဲ့ ကိုယ်လက်ခြေထောက်တစ်ခုခု အကျောတင်အကျောညပ်ဖြစ်တတ်တယ်။ ဆိုးဆိုးရွားရွား မဖြစ်နိုင်ပါ။



တနင်္လာ THE MAGICIAN
စိတ်ရှုပ်စရာတွေကြားမှာ ဟိုဟာလုပ်ရကောင်းနိုးနိုး၊ ဒီဟာလုပ်ရ ကောင်းနိုးနိုးနဲ့ ဆုံးဖြတ်ချက်တစ်ခုခုချရန် ခက်ခဲနေလိမ့်မည်။ ငွေကုန်များနေဦးမည့်အချိန်ဖြစ်သလို အလုပ်အကိုင်နေရာများပြောင်းလဲရတတ်တယ်။ ကောင်းသော ပြောင်းရွှေ့ ခြင်းဖြစ်ပါတယ်။ ရပ်ဝေးခရီးစီစဉ်ထားသူများ အချိန်ကြာလိမ့်မည်။ ပညာရေးမှာတော့ စာမေးပွဲဖြေကာနီးမှသာ စာလုပ်နိုင်ပါလိမ့်မည်။ အိမ်တွင်းရေး ကတော့ မိသားစုများနဲ့ စိတ်သဘောထား မတိုက်ဆိုင်မှုတွေများရတတ်တယ်။ လူကြီးမိဘတို့၏ကျန်းမာရေးအညံ့တွေကြောင့် သောကဖြစ်ရတတ်တယ်။ တစ်ခုခုအပြောင်းအလဲတို့ကြုံတွေ့ရပြီး အရာရာထင်တာထက်ပိုအဆင်ပြေလာလိမ့်မည်။ ခရီးသွားလုပ်ငန်းများ နဲ့ အနုပညာလုပ်ငန်းလုပ်နေသူတို့သိသာစွာ အကျိုးထူးလာပါလိမ့်မည်။ စိတ်မပါ စိတ်လေနဲ့ စာကို မလုပ်ချင်စိတ်တို့ပဲဖြစ်နေတတ်တယ်။ မိဘတို့က ပိုပြီး အပြစ်တင်ခြင်းတို့ကြောင့် ရဲပြီး ပိုမလုပ်တတ်တာဖြစ်ရတတ်တယ်။ သီးသန့်အညံ့မရှိပေမယ့် အာရုံကျောအားနည်းမှုနဲ့  အကုန်အားလျော့ဖြစ်နေတတ်တယ်။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တစ်မျိုးမဟုတ်တစ်မျိုးကဲဖို့ ခရီးသွားဖို့အချိန်ရသလောက်ပြင်ဆင်နေရတတ်တယ်။ ရင်းနှီးပြီး ပြောမနာဆိုမနာ မိတ်ဆွေနဲ့ စိတ်ဝမ်းကွဲခြင်းတို့တွေ့ကြုံရတတ်တယ်။ အိမ်အတွင်းရှိသူများနဲ့  သဘောထားမတိုက်ဆိုင်တာတွေများနေရတတ်တယ်။ ကိုယ်ကလည်း သည်းမခံနိုင်တဲ့ စိတ်တွေကြောင့် စိတ်ရှုပ်နေရတတ်တယ်။ ခပ်ရှုပ်ရှုပ်၊ မလည်မရှုပ်လုပ်နေတတ်သူများနဲ့ တွေ့ဆုံရတတ်တယ်။ စန်းပွင့်ခြင်းတို့ဖြစ်ပေမယ့် အာရုံနောက်ရသော အချစ်ရေးတို့ဖြစ်တတ်တယ်။



အင်္ဂါ  THE JUSTICE
မိမိ၏ ကိစ္စတွေထက် သူများ၏ ကိစ္စအကြောင်းတွေနဲ့ခေါင်းစားပြီး နားလည်မှု မတူညီသူတွေနဲ့ ပြောဆိုဆက်ဆံနေရတာများ နေဦးမည်။ ဒီအချိန်အတိုင်းအတာအတွင်း ကံကောင်းခြင်းတို့ ရောက်ရှိနိုင်ပါတယ်။ မထင်မှတ်ထားသော သူများကိစ္စကို ကူညီဖြေရှင်းရတတ်ပြီး ကိုယ်ပါ အူကြောင်ကြောင်ဖြစ်ရတတ်ပါတယ်။ အစိုးရဝန်ထမ်းတို့ အခွင့်အလမ်းနဲ့ကောင်းမွန်သော နေရာပြောင်းလဲခြင်းတို့ဖြစ်လာနိုင်ပါတယ်။ အလုပ်ရှာနေသူများကတော့ စိတ်တိုင်းကျမဖြစ်သော အလုပ်များကို ရွေးချယ်မိတတ်တယ်။ ကိုယ်ပိုင်လုပ်နေသူများကတော့ ရင်းနှီးမတည်ငွေတို့ ထပ်စိုက်ပြီးလုပ်မှသာ အဆင်ပြေလိမ့်မယ်။ ကိုယ်ကသာ ဆင်ခြင်ပြီးနေပေမယ့် မိမိအလှည့်မှာဆို မဆင်မခြင် ဝေဖန်ပြောဆိုတတ်သူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့ အထိုင်များသူများကတော့ အညံ့ရှိနိုင်ပါတယ်။ စိုးရိမ်ဖွယ်ရာတော့ အထူးမရှိပါ။ လုပ်ဆောင်နိုင်သလောက် အကျိုးရှိနိုင်ပေမယ့် ပညာရပ်ရွေးချယ်ခြင်းတို့ မှာ ဝေခွဲရခက်နေတာမျိုးဖြစ်ရတတ်ပါတယ်။ ကိုယ်က အမှန်အတိုင်းပြောဆိုလုပ်ကိုင်နေပေမယ့် အများနဲ့ တစ်ယောက်တစ်ယောက်ဆီ စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ ငယ်ရွယ်သူတို့မှာ အိမ်ထောင်ရေးချမ်းမြေ့ဖွယ် စကားများရတတ်တယ်။ လိုတာ တစ်ယောက်ရတာ တစ်ယောက်ဖြစ်တတ်ပေမယ့် ဖူးစာဖက် မှန်သော ချစ်ခြင်းတို့ဖြစ်လာနိုင်ပါတယ်။ ရုပ်ထက်အလုပ်ကိုကြည့်ပြီး ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်ခံယူမှသာ ပိုအဆင်ပြေနိုင်လိမ့်မည်။



ဗုဒ္ဓဟူး THE TOWER
အတိုက်အခံအခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်။ ဖြစ်သင့်တာထက် လုပ်ချင်တာတွေကို ဦးစားပေးမိလို့ကတော့ ကိစ္စတွေက မအောင်နိုင်ပေ။ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ကိစ္စတွေကို ကူညီရပေမယ့် အကောင်းတော့ အပြောမခံရတတ်ပါ။ စီးပွားရေးကံ အလုပ်အကိုင်ရှိပြီး  သူများက စိတ်ပန်းလူပန်းဖြစ်ပြီး လုပ်သလောက်အကျိုးမရှိဖြစ်တတ်တယ်။ အလုပ်ရှာနေသူများကတော့ အခက်အခဲတွေရလိမ့်မည်။ ငွေကြေးကအဝင်ကိန်းထက် အကုန်ကိန်းက ပိုများနေလိမ့်မည်။ အိမ်တွင်းရေးကံအတူတူပေါင်းနေရခြင်းထက် သီးသန့်ခွဲနေရခြင်းက ပိုသင့်တော်လိမ့်မည်။ စကားပြောအမှားတွေကြောင့် ပြဿနာပိုကြီးထွားလောက်တယ်။ လူမှုရေးကံအနေနဲ့ မိမိမှ သူတစ်ပါးအတွက် ကူညီပြီးကိုယ့်အတွက် အကျိုးမရှိတာ တစ်ခုခုဖြစ်ရတတ်ပါတယ်။ မေတ္တာရေးကံချစ်သူနှစ်ဦးကြားမလိုသူတွေရဲ့  ကြားဝင်နှောင့်ယှက်ခြင်းနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ငယ်သူတို့က စန်းပွင့်ပေမယ့် အကောင်းဆုံးလူနဲ့မတွေ့နိုင်သေးပါ။ ပညာရေးကံအနေနဲ့ ဖြေစရာရှိသော စာမေးပွဲများက အောင်မြင်နိုင်ပေမယ့် စာကျက်ချင်စိတ်တော့ ပျောက်နေဦးမယ်။ ကျန်းမာရေးအနေနဲ့ ခြေတို့၊ လက်တို့တွင် ထိခိုက်ဒဏ်ရာ တစ်ခုခုအနည်းနဲ့အများဖြစ်ရတတ်တယ်။



ကြာသပတေး THE HANGED MAN
အနစ်နာခံပြီး လုပ်ရတတ်သည့် အချိန်ကာလတစ်ခုဖြစ်ပါတယ်။ နောက်ဆုံးသည်းခံခြင်းကနေ အကူအညီတွေရလာတတ်ပါတယ်။ လုပ်သမျှတို့ တဝက်တန်းလန်းဖြစ်နေရတတ်ပါတယ်။ လုပ်ချင်နေတာကတစ်မျိုး၊ လုပ်နေရတာက တစ်ခုနဲ့ စိတ်တိုင်းမကျဖြစ်နေရတတ်တယ်။ ပြောင်းလဲရန်မသင့်သော အချိန်ဖြစ်ပေမယ့်လည်း အချိန်ယူပြီး လုပ်မှသာ ပိုအဆင်ပြေနိုင်လိမ့်မည်။ အလုပ်ရှာနေသူများကတော့ ရရန်ခက်ခဲနေပါဦးမည်။ အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ရနိုင်ပါတယ်။ ကူညီခြင်းတို့ကနေ လူမှုမိတ်ဆွေတွေကြား ချစ်ဖွယ်ရာ ဖြစ်နိုင်ပါတယ်။ ဒူးနဲ့ခါးတို့မှာ နာကျင်မှုတွေရှိနေတတ်ပါတယ်။ ဂရုမစိုက်မိလျှင် နာတာရှည်ရောဂါအဖြစ် ကျန်ရှိနေတတ်ပါတယ်။ မိမိဖြစ်ချင်သော ဝါသနာပါသော ပညာရပ်တို့ကို ခက်ခဲပင်ပန်းစွာနဲ့ ကြိုးစားရတတ်တယ်။ ဇွဲသန်လျှင် ပိုအောင်မြင်နိုင်ပါတယ်။ လုပ်ပေးသလောက် အရာမထင်အကောင်းမမြင်အပြစ်ဖို့ခြင်းတို့ ခံနေရတတ်တယ်။ အိမ်ထောင်ရေးမှာ သည်းခံရင်း သည်းခံပြီး သာနေမှ မဆိုးအခြေအနေဖြစ်ပါလိမ့်မည်။



သောကြာ THE LOVERS

စိတ်မှာ ပျော်စရာတွေနဲ့မှားမှန်းမသိ မှန်သည်လဲ မသိဘဲ ပျော်ရွှင်မှုရရှိနိုင်လိမ့်မည်။ ပျော်စရာတွေလဲ စုပြီးဝင်နိုင်သလို စိတ်ပျက်စရာတွေလဲ တပြိုင်နက်ထဲရောက်ရှိလာတတ်တယ်။ စီးပွားရေးကံအနေနဲ့ မိမိမျှော်လင့်ထားသော အလုပ်အကိုင်များရရှိနိုင်လိမ့်မည်။ သို့ပေမယ့် လုပ်ဖော်ကိုင်ဖက်များ၏ လိုသလို၊ မလိုသလိုလိုအပြုအမူတွေကြောင့် ပျော်စရာတွေက ပျောက်လိုက်ဝင်လာလိုက်ပဲပေါ့။ ငွေကြေးကံကတော့ ရှိတာကိုလဲသုံးမယ်။ မရသေးတဲ့ ရရန်သေချာသော ငွေကို ဘာအတွက်သုံးမယ်။ မရခင်အတွေးနဲ့ အသုံးတွေဖြစ်နေဦးမယ်။ နွဲ့ဆိုးတော့ ဆိုးမရပေမယ့် မိသားစုအပေါ် ကိုယ်က သိတတ်လိုက် မိသားစုက သိတတ်လိုက်နဲ့ကတော့ ပြေသရောင်ရောင်နဲ့ မပြေသရောင်ရောင်ပေါ့ဗျာ။လူမှုရေးကံအနေနဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့လဲ ဆုံတွေ့ မိတ်သစ်ဆွေသစ်များနဲ့လဲ အဆင်ပြေပေါ့။ တစ်ခါခါ အခန့်သမင့်တဲ့ မလိုသူတွေ အကြည့်ကိုလဲ ခံရပေါ့နော်။ မေတ္တာရေးကံအနေနဲ့ ချစ်သူမရှိသူတို့ ချစ်ရရှိရန် ကြုံတွေ့ရလိမ့်မည်။ ချစ်သူရှိပြီးဒသားတေဋ္ဌွကတော့ ရသစုံအချစ်ပေါ့ဗျာ။ ချိုလိုက်ခါးလိုက် နဲ့မျှော်ရာ တော်ရာကလွဲပဲ စကားအကုန်သုံးပြီး မချစ်လိုက်နဲ့ဦး လွဲတတ်တယ်။ ကံက ရှိသေးတယ်။ ကံကောင်းပါတယ်။ သို့ပေမယ့် အဖော်ကောင်းလို့ သင်တန်းတစ်ခခုတက်မယ်ဆို မလုပ်ပါနဲ့ဦး။ မိမိကိုယ်တိုင်လိုချင်မှ တက်ပါ။ဖြေစရာ စာမေးပွဲနဲ့ ပညာရေးတွေကံကောင်းနေပါလိမ့်မယ်။ စာအဆင်သင့်မဖြစ်တာမှ တစ်ပါးအခြားမရှိပါ။ အစုံစားပြီး အကုန်ခံရတက်မယ့် ရောဂါပဲ သတိထားရလိမ့်မည်။



စနေ THE JUDGE MENT
အခွင့်အလမ်းသစ်တို့ ရရှိပြီး မိမိဖြစ်ချင်နေသော ကိစ္စကိုဖန်တီးဆောင်ရွက်နိုင်စွမ်းတို့ရှိလာနိုင်ပါတယ်။ သို့ပေမယ့် အခက်အခဲတို့နဲ့ လုပ်ဆောင်ရမယ့် ဘာလုပ်လုပ် အချိန်မလောက်သူတစ်ဦးဦးရဲ့ အကြံဥာဏ်ပေးဆရာလုပ်ကို ခံရပြီးမှ ပိုပြီးအဆင်ပြေနိုင်ပါတယ်။ လုပ်ပြီးသားအလုပ်စီးပွားရေးထက် အခြားအခွင့်အရေးအသစ်တို့ ပေါ်ပေါက်လာလိမ့်မည်။ အလုပ်နေရာ ရာထူးတိုးပြောင်းလဲခြင်းတို့ ဝင်ငွေလစာတိုးခြင်းတို့ အခွင့်အရေးရရှိနိုင်ပါတယ် ။အခုမှ ရှာနေသူများကတော့ ဆရာတစ်ဦးဆီ အကူအညီတောင်းပြီး ဆောင်ရွက်ပါကပိုကောင်းသော အခွင့်အရေးတို့ရရှိပါလိမ့်မည်။ သူတစ်ပါး၏ ချောက်ချအပြစ်ဖို့ခြင်းတို့ ကြုံတွေ့ရတတ်တယ်။ တနင်္ဂနွေ၊ တနင်္လာနံ နာမည်တွေ ပါသော သူများကြောင့် ကိုယ် စိတ်နှစ်ပါးဒုက္ခရောက်ရတတ်ပါတယ်။ ပညာရေးလုပ်နေဆဲ ပညာရပ်တို့ကို စိတ်မပါဘဲ အခြားတစ်ခုကို ကြိုးစားချင်တဲ့ စိတ်ဖြစ်ပေါ်နေတတ်တယ်။ သို့ပေမယ့် ပညာရေးကံ မညံ့ပါ။(မှတ်ချက်။ မကြိုးစားချင်သူတို့ကတော့ ညံ့မည်သာ)။ အခိုက်အတန့်အနည်းငယ်တော့ အညံ့ရှိနိုင်ပေမယ့် အိပ်ယာထဲ ဘုန်းဘုန်းလည်းသော ရောဂါမရှိဘဲ စိတ်အထင်ရောဂါတွေ ရတတ်တယ်။ မိဘနဲ့ သားသမီး တို့ အကြားနားမလည်မှုတွေ ရှိနေနိုင်ပါတယ်။ မစိုးရိမ်ရ။ အိမ်ထောင်ရေးမှာတော့ စိတ်အခန့်မသင့် လျှင် ကွဲနိုင်လောက်သည် အထိ ဖြစ်လာရတတ်ပါတယ်။ ချစ်သူဟောင်းနဲ့ လမ်းခွဲပြီး အချစ်သစ်တို့နဲ့ ဇာတ်လမ်းဖြစ်ရနိုင်ပါတယ်။ ငယ်ရွယ်သူတို့ စန်းပွင့်မှုအားကောင်းနေပါတယ်။





Share this article

TOP 5 ARTICLES


Sex & Relationships   |   Posted on Apr 29, 2017

နာမည်ကျော်ရုပ်ရှင်ဇာတ်ကား...


Celebrity News   |   Posted on Apr 29, 2017

Zombie ကမ္ဘာပျက်ကိန်းသာတစ်...


Celebrity News   |   Posted on Apr 29, 2017

ကမ္ဘာလှည့်ခရီးသည်ကြီး Shak...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.