Horoscopes   |   Posted on Dec 5, 2016 by Elijah htang

သင့်ဘဝအရေး ကြိုက်တာမေး


ဒီဇင်ဘာလအတွက် နိမိတ်ကံကြမ္မာ တားရော့(ခ်)ကမ္ဘာ

Share this article

တနင်္ဂနွေ  The Devil

ထင်မှတ်မထားတဲ့ကိစ္စတွေကြောင့် စိတ်ရှုပ်ထွေးမှုများနေမယ့်အချိန်ဖြစ်ပါတယ်။ ထို့ကြောင့် စိတ်ရှည်သည်းခံလေ၊ အကျိုးရှိလေကာလတစ်ခုဖြစ်ပါတယ်။ စီစဉ်ထားတဲ့ အချို့ ကိစ္စ တွေ အဆင်ပြေသယောင်နဲ့ ကပ်ပါးလွဲပါမယ်။ အလုပ်အကိုင်တွေမှာ ဝေဖန်ပြောဆိုမယ့်သူတွေရှိနေတယ်။ ပြောစကားတွေမှာအမှားဖြစ်ခဲ့ရင် လက်ညိုးထိုး စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ရမယ်။ အလုပ်အတွက် နေရာများပြောင်းရွေ့ ခြင်းနှင့် ကြုံတွေ့ရမယ်။ မိသားစုအတွက်စိတ်သောကများဖြစ်တက်တယ်။ အရောင်းအဝယ်စီးပွားရေးတွေမှာတော့ အရောင်းအဝယ်တွေကောင်းနေပါမယ်။ အထူးအားဖြင့်တော့ စားသောက်ကုန်နဲ့တူရိယာပစ္စည်းများ အရောင်းအဝယ်ဖြစ်နိုင်ပါတယ်။ အိမ်ခြံမြေအရောင်းအဝယ်တွေမှာတော့ ဈေးအလျော့အတင်းမရှိသောနေရာများ၊ အရောင်းအဝယ်မဖြစ်နိုင်ပါဘူး။ အထူးအားဖြင့် အမွေပိုင်နှင့် အများပိုင်နေရာများကြောင့် စိတ်ရှုပ်ရပါမယ်။ ငွေကြေးကုန်ကျတာတွေများနေပေမယ့် မထင်မှတ်ထားတဲ့ နေရမှငွေရကိန်းကြုံတွေ့ ရနိုင်ပါတယ်။ ငယ်ရွယ်သူများ၏မေတ္တာရေးမှာတော့ အချစ်ကိုရူးရူးမူးမူး ကိုးကွယ်သူတွေနဲ့ ကြုံတွေ့ရတက်တယ်။ တစ်ဖက်သက်အချစ်တွေကြောင့် စိတ်ရှုပ်ရပေလိမ့်မည်။

 

တနင်္လာ The Tower

စိုးရိမ်ထိပ်လန့်မှုများ၊ အတိုက်အခံနှင့်ယှဉ်သောအဖြစ်အပျက်များ မိုးရာသီအတွင်း မွေးသူများ၏ ဒုက္ခပေးခြင်းများနှင့် ကြုံတွေ့ရတက်တယ်။ ထိခိုက်ဒဏ်ရာများလည်း ရရှိတက်သောကြောင့် သတိပြုဆင်ခြင်နေထိုင်ရပါမယ်။ မိသားစုအိမ်နေရာပြောင်းရွေ့ရခြင်း၊ ငွေကုန်များခြင်းတို့ဖြစ်တက်တယ်။ အလုပ်အကိုင်ရှာနေသူများ၊ နိုင်ငံရပ်ခြားသွားပြီး အလုပ်လုပ်လိုသူများ၊ အလုပ်ရရှိရန်အခွင့်အလမ်းကောင်းများနှင့် အဆက်အသွယ်ကောင်းများ ရရှိနိုင်ပါမယ်။ အိမ်ခြံမြေ အရောင်းအဝယ်စီစဉ်မှုများမှာတော့ အရောင်းအဝယ်တွေဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ထင်တဲ့ဈေးနဲ့ လျော့နည်းခြင်းများ ဖြစ်တက်တယ်။ ငယ်ရွယ်သူများ၏မေတ္တာရေးအခြေအနေတွေမှာ စန်းပွင့်နိုင်ပါတယ်။ ထို့ကြောင့် လက်ရှိချစ်သူနှင့် သံသယတွေဖြစ်ပြီး၊ စကားများတက်တယ်။

 

အဂါၤံ Hierophant

အခြေအနေတွေက ထင်မှတ်ထားတာတွေထက် ပိုကောင်းလာမည့် အချိန်တစ်ခုဖြစ်ပါတယ်။ အလုပ်အကိုင်စီးပွားရေးတွေဖြစ်နိုင်တယ်။ ခရီးသွားရကိန်းရှိတယ်။ နောက်ထပ်ပညာသင်ရခြင်း၊ မိတ်ဆွေကောင်းများနှင့် ကြုံတွေ့ရခြင်းတို့ဖြစ်ပါမယ်။ သို့သော် ကျန်းမာရေးအနည်းငယ် ညံ့နိုင်ပါတယ်။ အလုပ်အကိုင်ရှာနေသူများ၊ အလုပ်ရရှိနိုင်ပါတယ်။ အထက်လူကြီးများမှ ကူညီစောင့်ရှောက်ပြီး၊ ပိုကောင်းသော ကာလတစ်ခုဖြစ်ပါတယ်။ အရောင်းအဝယ်စီးပွားရေးတွေမှာတော့ အဖွဲ့အစည်းနှင့်ဆိုင်သော အစိုးရဝန်ကြီးဌာနများနှင့် ပတ်သက်ပြီး၊ လုပ်လိုသူများအဆင်ပြေနိုင်မယ့် ကာလတစ်ခုဖြစ်ပါတယ်။ အိမ်ခြံမြေအရောင်းအဝယ်စီစဉ်မှုများမှာတော့ အရောင်းထက် အဝယ်ကသာပိုသင့်တော်နေပါတယ်။ အထူးသဖြင့် အဆောက်အဦးပါပြီးသောနေရာများပိုဈေးကောင်းရရှိနိုင်ပါတယ်။ ငယ်ရွယ်သူများ၏မေတ္တာရေးတွေမှာတော့ မိမိထက် အသက်၊ ပညာ၊ Óဏ်ကြီးသော သူများမှ ချစ်ရေးဆိုခြင်း၊ မေတ္တာရေး ကမ်းလှမ်းမှုများနှင့်ကြုံတွေ့ရပေလိမ့်မည်။

 

ဗုဒ္ဓဟူး The Wheel of Fourtune

အလုပ်အကိုင်စီးပွားရေးများ ထူးထူးခြားခြား အဆင်ပြေနိုင်ပါတယ်။ မိသားစုလိုက် စီးပွားရေးအလုပ်လုပ်နေသူများအနေနဲ့ကတော့ စိတ်အေးအေးထားပြီး လုပ်ဆောင်ပါ။ စကားပြောအမှားတွေကြောင့် သောကဖြစ်ရတက်ပါတယ်။ ဘုရား၊ တရားလုပ်လိုစိတ်တွေပြင်းပြီး၊ အဓိဌာန်ဝင်ခြင်း၊ အလှူအတန်း၊ ဒါနပြုလုပ်ခြင်းတို့ဖြစ်ပါမယ်။ ဘုရားဖူးခရီး စီစဉ်မှုများနှင့် ခရီးသွားဖြစ်နိုင်တယ်။ မိသားစုအတွင်းရေးပြဿနာများနေပေမယ့် ပြေလည်အေးချမ်းသွားပါမယ်။ အလုပ်အကိုင်ရှာနေသူများ၊ အလုပ်ရှာဖွေဝန်ဆောင်မှုပေးသော အေဂျင်စီမှာမှ စီစဉ်ပေးသော အလုပ်များရရှိနိုင်မယ်။ အိမ်ခြံမြေအရောင်းအဝယ်စီစဉ်မှုများမှာတော့ ဘိုးဘွားပိုင်နေရာများ၊ အိမ်အဟောင်းပါရှိသောနေရာများ၊ ဈေးကောင်းရရှိနိုင်ပါတယ်။ သို့သော် မိသားစုခြင်း အဝေမတက်သောကြောင့် ပြဿနာများ ဖြစ်တက်တယ်။ ကျန်းမာရေးညံ့နိုင်ပါတယ်။ အစားအသောက်မှားယွင်းမှုများ ဖြစ်တက်တယ်။ ငယ်ရွယ်သူများ၏ မေတ္တာရေးအခြေအနေတွေမှာတော့ စန်းပွင့် ကံကောင်းနိုင်ပါတယ်။  

 

ကြာသာပတေး  The Hanged Man

အနစ်နာခံလေ အကျိုးရှိလေဖြစ်ပါတယ်။ မိသားစုနဲ့ သဘောထားမတိုက်ဆိုင်သောကိစ္စတွေကို ပြုလုပ်ခြင်း၊ ပြုလုပ်လိုစိတ်တွေများနေမယ်။ အတိုက်အခံတွေဖြစ်ပြီးမှ ပိုကောင်းလာမည့် ကာလတစ်ခုဖြစ်ပါတယ်။ (သတိ) စေတနာလွန်ကျွန်ဖြစ်သော စကားကိုမမေ့ပါနဲ့၊ အရောင်းအဝယ်စီးပွားရေးတွေ ပိုကောင်းနေပါမယ်။ အလုပ်ရှာနေသူများ၊ အဖွဲ့အစည်းကြီးမားသော နေရာမှအလုပ်ရရှိနိုင်ပါမယ်။ အိမ်ခြံမြေအရောင်းအဝယ်စီစဉ်မှုများမှာတော့ အရောင်းအဝယ်တွေ တန့်နေမယ့် ကာလတစ်ခုဖြစ်ပါတယ်။ အများပိုင်နေရာများ ဝယ်ယူထားသူများ၊ မထင်မှတ်သောပြဿနာဖြစ်လာနိုင်တယ်။ ဒီအချိန်မှာ သတိထားပြီး ဆင်ခြင်ရပါမယ်။ ငယ်ရွယ်သူများ၏ မေတ္တာရေးအခြေအနေတွေမှာတော့ စန်းပွင့်ခြင်း၊ လက်ဆောင်ပစ္စည်းများ၊ ရရှိနိုင်ပေမယ့် ချစ်သူဟောင်း ရည်းစားဟောင်းများကို ပြန်လည်တမ်းတ သတိရနေပါမယ်။ ထိုကြောင့်လက်ရှိချစ်သူအပေါ် အပြစ်တွေသာ ပိုမြင်နေပါမယ်။

 

သောကြာ   Temprance

ကောင်းသောသတင်းစကားများကြားသိရခြင်း၊ မိတ်ဆွေဟောင်းများနှင့် ဆုံတွေ့ရခြင်း၊ အတိုက်အခံဖြစ်ထားသူများနှင့် ပြန်လည်သင့်မြတ်နိုင်ခြင်း၊ အဆင်ပြေကံကောင်း နိုင်ပါတယ်။ အရောင်းအဝယ် စီးပွားတွေဖြစ်နေပေမယ့် နောက်ထပ်ဝယ်ယူရမည့် ပစ္စည်းများနေသောကြောင့် ထွက်ငွေတွေကပိုများနေပါမယ်။ သာရေးနာရေးများကို ငွေကုန်ခံပြီး၊ စီစဉ်ဆောင်ရွက်ပေးရတက်တယ်။ အလုပ်ရှာနေသူများ၊ အလုပ်ရရှိနိုင်ပေမယ့် အလုပ်ပြောင်းလဲရပါမယ်။ အိမ်ခြံမြေ အရောင်းအဝယ်စီစဉ်မှုများမှာတော့ မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး၊ ဝယ်ယူမှုများက အမှားကင်းပါမယ်။ အရောင်းထက် အဝယ်က ပိုသင့်တော်ပါတယ်။ အထူးသဖြင့် အသက် ၂၂၊ ၃၂၊ ၄၂၊ ၅၂၊ ၆၂ နှစ် စွန်းသော အသက်ရှိသူများနှင့် တွဲစပ်ဝယ်ယူခြင်းများ၊ တိုင်ပင်ခြင်းများ၊ ပြုလုပ်ပြီး ရောင်းဝယ်ခြင်းများ ပြုလုပ်ပါက ဈေးကောင်းရ ကံကောင်းနိုင်ပါတယ်။ ငယ်ရွယ်သူများ၏ မေတ္တာရေးအခြေအနေတွေမှာတော့ စန်းပွင့်နိုင်ပါမယ်။ သို့သော် လိုချင်တာ တစ်ယောက် ရတာ တစ်ယောက်ဖြစ်တက်တယ်။

 

စနေ   Thee empress

ကံကောင်းနေတဲ့ကာလတစ်ခုဖြစ်ပေမယ့် ကံစီမံရာမနာခံလိုသောကြောင့် စိတ်တိုင်းမကျဖြစ်နေမယ်။ ဖြစ်ချင်တာတွေထက် ဖြစ်သင့်ဖြစ်ထိုက်တာတွေက ပိုဖြစ်လာမယ်။ မိသားစုအရေးကိစ္စတွေကို တက်ညီလက်ညီနဲ့ဆောင်ရွက်ရန်အခွင့်အရေးများ ရရှိနိုင်ပါတယ်။ အရောင်းအဝယ်စီးပွားရေးတွေမှာတော့ အထည်အလိပ်၊ အသီးအနှံ၊ စားသောက်ကုန် လုပ်ငန်းများ၊ စီးပွားဖြစ်ခြင်း၊ အလုပ်ရရှိခြင်းတို့ ဖြစ်ပါမယ်။ အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွေမှာတော့ လယ်မြေတွေနဲ့ အိမ်မပါသောခြံမြေများ ဝယ်ယူသင့်သလို၊ ရောင်းခြင်းများလည်း ဖြစ်နိုင်ပါတယ်။ မှတ်ချက်-မိန်းမတစ်ဦးတစ်ယောက်ပိုင်သော နေရာများ ဈေးကောင်းရတက်တယ်။ အိမ်တွင်းရေးအရှုပ်အထွေးတွေနဲ့ အိမ်ကိစ္စတွေမှာစိတ်သောကတွေ ဖြစ်နိုင်လို့ သည်းခံပြီးဖြေရှင်းရပါမယ်။ ငယ်ရွယ်သူများ၏မေတ္တာရေးတွေမှာတော့ တစ်ဦးတစ်ယောက်ထက်ပိုပြီး၊ မေတ္တာရေးကမ်းလှမ်းခံရတက်တယ်။ ရည်းစားချစ်သူရှိပြီးသူများမှာတော့ လှို့ ဝှက်သော အမှား အယွင်းနေထိုင်မှုများဖြစ်တက်တယ်။



Share this article

TOP 5 ARTICLES


Fashion News   |   Posted on Mar 24, 2017

2017 CFDA ဆုပေးပွဲရဲ့ စကာ...


Health & Fitness   |   Posted on Mar 24, 2017

အရေးပေါ်သန္ဓေတားဆေး သောက်တေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.