Health   |   Posted on Sep 7, 2019 by Ja Seng Pan

ဝိတ်လဲကျ လှလဲလှဖို့အတွက် Detox Water


Detox Water ကို မိမိတို့ကြိုက်နှစ်သက်ရာအသီးတွေနဲ့လဲ ရောစပ်သောက်သုံးနိုင်ပါတယ်။

Share this article

ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အတွက် ပြောပြသွားမှာကတော့  ကျန်းမာရေးအတွက်လဲ အထောက်အကူဖြစ်၊ အသားအရေလဲလှ Weight လဲ ကျစေမယ့် Detox Water ကို ဘယ်လိုအသီးအနှံတွေနဲ့ ရောစပ်သောက်သုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေရှရှိနိုင်မလဲ ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ Detox Water လို့ဆိုလိုက်တာနဲ့ အသီးအနှံတွေနဲ့ရောစပ်သောက်သုံးလို့ရတဲ့ရေဆိုတာ အားလုံးလဲ သိပြီးသားဖြစ်မှာပါ။ Detox Water ကို မိမိတို့ကြိုက်နှစ်သက်ရာအသီးတွေနဲ့လဲ ရောစပ်သောက်သုံးနိုင်ပါတယ်။

 

ပန်းသီးနဲ့ သစ်ကြားပိုးခေါက် Detox Water

ပန်းသီးနဲ့ သစ်ကြားပိုးခေါက်ဟာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အဆီပိုတွေကို ချေဖျက်ပေးပါတယ်။ သစ်ကြားပိုးခေါက်ဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဇီဝဖြစ်စဉ်တွေကို သဘာဝအတိုင်းမြှင့်တင်ပေးပြီး ပန်းသီးကတော့ အဆီကျစေပါတယ်။ ဒါကြောင့် Diet လုပ်ပြီး ကျန်းမာတဲ့ခန္ဓာကိုယ်ရရှိစေဖို့ ပန်သီးနဲ့ သစ်ကြားပိုးခေါက်ရောစပ်ထားတဲ့ Detox Water ကိုသောက်သုံးဖို့ အကြံပြုလိုက်ပါတယ်။

 

သခွားသီး Detox Water

နောက်တစ်မျိုးကတော့ သခွားသီး Detox ပါ။ သခွားသီးဟာ Diet ပြုလုပ်သူတွေအတွက် မရှိမဖြစ်အသီးတစ်မျိုးပါ။ သခွားသီးမှာ ဗီတာမင် B ၊ Potassium နဲ့ magnesium တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် သခွားသီး Detox  ကို သောက်သုံးပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ မလိုအပ်တဲ့ကယ်လိုရီတွေကို ကျစေမှာပါ။

 

သံပုရာသီးနဲ့ ပင်စိမ်း Detox Water

သံပုရာသီးနဲ့ ပင်စိမ်း Detox Water ကတော့ တော်တော်များများ သောက်ကြလေ့ရှိပါတယ်။ သံပုရာသီးဟာ ခန္ဓာကိုယ်အဆီတွေကို ကျစေတဲ့အပြင် အသားအရေကိုလဲ နုပျိုစေပါတယ်။ သံပုရာသီနဲ့ ပင်စိမ်းတို့ကို ရောစပ်ပြီး Detax အနေနဲ့ သောက်မယ်ဆိုရင်တော့ ဝိတ်ကျစေတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်လဲ အထောက်အကူပြုစေနိုင်ပါတယ်။

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.