Celebrity Beauty   |   Posted on Feb 24, 2018 by Su Yi Htet Aung

ဝက်ခြံပြဿနာကိုကြုံတွေ့ခဲ့ရတဲ့ celebrity များ


ပြီးပြည့်စုံတဲ့အလှတရားဆိုတာတကယ်တော့မရှိပါဘူး…

Share this article

Magazine တွေထဲက မော်ဒယ်လ်၊ မင်းသမီးတွေရဲ့ ပြစ်မျိုးမှဲ့မထင်မျက်နှာအသားအရေကို မိန်းကလေးတိုင်းအားကျကြပါတယ်။ တကယ်တော့ photoshop ကြောင့်ဓာတ်ပုံတွေထဲမှာလှနေကြတာပါ။ သူတို့တွေလည်းလက်တွေ့မှာ သာမန်လူတွေလိုဘဲ မျက်နှာမှာပြဿနာလေးတွေရှိကြပါတယ်။ ဝက်ခြံပြဿနာကိုခံစားခဲ့ရတဲ့ celebrity တွေသူတို့ဘယ်လိုဖြေရှင်းခဲ့ကြသလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ရအောင်။


Bella Throne


Disney star တစ်ဦးဖြစ်တဲ့ Bella Throne ကငယ်စဉ်ကတည်းက ဝက်ခြံပြဿနာကိုကြုံခဲ့ရသူတစ်ဦးပါ။ သူမက Accutane ဆိုတဲ့ ဝက်ခြံပျောက်တဲ့သောက်ဆေးကို ၂နှစ်ကျော်မှီဝဲခဲ့ပေမဲ့လည်း သူမအတွက်မထူးခြားခဲ့ပါဘူး။


ဒီဆေးကိုသုံးစွဲသူ ၈၅% ဟာဝက်ခြံတွေအပြီးအပိုင်ပျောက်သွားကြပေမဲ့ Bella အတွက်အသုံးမဝင်ခဲ့ပါဘူး။ အခုတော့ Bella ကသူမအတွက်အဆင်ပြေတဲ့နည်းလမ်းတွေကိုတွေ့သွားခဲ့ပါပြီ။


ဝက်ခြံပေါ်တို့ပေးရတဲ့ ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ Clindamycin ကိုအသုံးပြုလို့ သူမရဲ့ဝက်ခြံတွေဟာသက်သာလာခဲ့တယ်လို့ Bella ကဆိုပါတယ်။ သူမရဲ့ instagram live မှာလည်းပရိတ်သတ်တွေကိုလက်နဲ့ဝက်ခြံတွေကိုမထိဖို့၊ ဝက်ခြံတွေကိုညှစ်ရင် ရောဂါပိုးတွေဝင်တတ်ပြီး အမာရွတ်တွေလည်းမပျောက်တော့ဘူးဆိုပြီးပြောခဲ့ပါတယ်။

Rihanna


လူတွေချစ်ကြတဲ့ Rihanna ကတော့ဓမ္မတာလာတဲ့အချိန်နဲ့ စိတ်ဖိစီးမှုများတဲ့အချိန်မှာဝက်ခြံတွေထွက်တတ်တယ်လို့ပြောပါတယ်။ ဝက်ခြံထွက်တဲ့အချိန်ဆိုရင် alcohol ကိုဖြတ်ပြီး ရေတွေအများကြီးသောက်ပါတယ်တဲ့။


Alcohol ကဝက်ခြံတွေကို ပိုးပြီးဆိုးစေတဲ့အပြင် ဟော်မုန်းတွေကိုလည်းမတည်မငြိမ်ဖြစ်စေပါတယ်။ ဘက်တီးရီးယားကို ပိုမိုပေါက်ဖွားစေပြီး ဝက်ခြံတွေရောင်ရမ်းတာကို ပိုပြီးအားပေးစေတဲ့အပြင် အသားအရေကိုပျက်စီးစေပါတယ်။


Rihanna ကသူမရဲ့နောက်နည်းလမ်းတစ်ခုကဝက်ခြံကိုဘယ်လိုဖုံးလဲဆိုတော့ နှုတ်ခမ်းနီရဲရဲဆိုးလိုက်ပါတဲ့။ အဲတာဆိုရင်လူတွေရဲ့အာရုံကဝက်ခြံဆီကိုမလာတော့ဘဲ နှုတ်ခမ်းဆီကိုရောက်နေမှာပါ။


Katy Perry


Katy Perry ကအသက်၂၃နှစ်မှာဝက်ခြံကြောင့်ဆိုးရွားလွန်းတဲ့အသားအရေကိုပိုင်ဆိုင်ခဲ့ရပါတယ်။ သူမဟာ အရေပြားဆရာဝန်တွေဆီမှာလေဆာကုသမှုခံယူခဲ့ပါတယ်။ ဒေါ်လာသောင်းချီကုန်ကျခဲ့တဲ့ treatment ကသူမအတွက်မထိရောက်ခဲ့ပါဘူး။


Katy ဟာ Proactiv ဆိုတဲ့ brand ကနေ exfoliant နဲ့ toner တို့ကိုသုံးစွဲခဲ့တဲ့အချိန်မှာ ဝက်ခြံတွေပျောက်ကင်းခဲ့တယ်ဆိုပါတယ်။ သူမကအရင်တုန်းက Proactiv အတွက်အလုပ်လုပ်ပေးဖူးပေမယ့်လည်း Proactive ရဲ့ထုတ်ကုန်တွေကို အခုချိန်အထိအသုံးပြုနေပါတယ်။


Proactivရဲ့ထုတ်ကုန်မှာပါဝင်တဲ့ benzoyl peroxide ကဝက်ခြံတွေကိုတိုက်ဖျက်ပေးပြီး bacteria တွေကိုသေစေနိုင်တဲ့ ဓာတ်ဖြစ်ပါတယ်။ Benzoyl peroxide ကဝက်ခြံဆေးတော်တော်များများမှာတွေ့ရတဲ့ ပါဝင်ပစ္စည်းတစ်ခုပါ။

Kendall Jenner


Top Model တစ်ဦးဖြစ်တဲ့ Kendall က၈တန်းအရွယ်ကည်းက မျက်နှာနဲ့ ခန္ဓာကိုယ်မှာပါ ဝက်ခြံတွေပေါက်ခဲ့ပါတယ်။ သူမရဲ့ ဝက်ခြံတွေကြောင့် လူတွေကိုစကားပြောရမှာတောင်ကြောက်တယ်လို့ဆိုပါတယ်။


Kendall က မျက်နှာသစ်ရင်ငြင်ငြင်သာသာသစ်ပါလို့ပြောပါတယ်။ သူမက Laser Genesis လိုခေါ်တဲ့ကုသမှုကိုခံယူပြီး ဝက်ခြံကြောင့်မညီညာတော့တဲ့ အသားအရေကိုကုသခဲ့ပါတယ်။


အခုချိန်အထိ Kendall ကဝက်ခြံတွေကို ရင်ဆိုင်နေရပေမဲ့လည်း မိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ သွားလာနေတာကိုတွေ့ရပါတယ်။


Lorde
အဆိုတော် Lorde ကလည်းဝက်ခြံတွေကို ရင်ဆိုင်နေရတဲ့သူတစ်ဦးဖြစ်ပြီး ဝက်ခြံရှိတဲ့သူတွေကို အပြစ်တင်ကဲ့ရဲ့နေတဲ့လူတွေကို Lorde က ရှုံ့ချထားပါတယ်။


သူမက LED Light Therapy ဆိုတဲ့ကုသမှုကြောင့် ဝက်ခြံတွေကအရင်လောက်မဆိုးတော့ဘူးလို့ပြောပါတယ်။ နောက်တစ်ခုအနေနဲ့  သူမရဲ့မျက်နှာကို အမြဲအစိုဓာတ်ထိန်းသိမ်းတာ (moisturizing) လုပ်ပါတယ်တဲ့။


Lorde က ပျားရည်၊ ဒိန်ချဉ်နဲ့ထောပတ်သီးတို့နဲ့ ကိုယ်တိုင်ပြုလုပ်ပြီးပေါင်းတင်တယ်လို့ဆိုပါတယ်။ ပြီးရင် Apricot scrub ကိုလည်းအပတ်စဉ်သုံးပါတယ်။ Coconut oil ကတော့သူမရဲ့မရှိမဖြစ်ပါ။

Editor: Thet Htar Lwin



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Aug 18, 2018

Social Media တစ်ခုလုံးကို...


Cover Stories   |   Posted on Aug 18, 2018

MODA ရဲ့ 6th Anniversary...


Cover Stories   |   Posted on Aug 18, 2018

MODA ရဲ့ 6th Anniversary...


Cover Stories   |   Posted on Aug 17, 2018

MODA ရဲ့ 6th Anniversary...


Fashion News   |   Posted on Aug 17, 2018

ကြယ်ပွင့်သစ်လေးတွေကို Fai...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.