interview   |   Posted on Dec 12, 2016 by Tun Lin

၁၈ နှစ်သား မေထုန်ရာသီဖွားနဲ့ အနုပညာလောကထဲပြန်ဝင်လာတဲ့ ဥက္ကာမင်းမောင်


ယောက်ျားယောက်ျားချင်းပဲဖြစ်ဖြစ်၊ မိန်းမမိန်းမချင်းပဲဖြစ်ဖြစ်၊ သူတို့ရဲ့ Opposive Sex ထက် Same Sex သူတို့ရဲ့ ကိုပိုပြီးစိတ်ဝင်စားလို့ ဖြစ်တာလေ။ ဒါသူတို့တွေအနေနဲ့ချစ်ချင်လို့ချစ်တာ။ လူတိုင်းမှာ လူ့အခွင့်အရေးတန်းတူပဲ ချစ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်ကတော့

Share this article

တစ်ချိန်က မြန်မာ ဗီစီဒီသီချင်းခေတ်တစ်ခါတက သူဟာ  သီချင်းခွေတိုင်းလိုလိုမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ ဗီစီဒီမင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ မြန်မာ့အနုပညာလောကကို ၈ နှစ် ကျော် ၉ နှစ်နီးပါးခွဲခွာသွားနေတဲ့ သူက အခုတော့ပြန်လာခဲ့ပြီ။ သူ့ရဲ့ အပြန်အလာ အ၀င်လမ်းဟာ တော်တော်လေးအရှိန်ကောင်းတယ်လို့လည်းပြောရပါမယ်။ "18" လို့နာမည်ပေးထားတဲ့ တစ်ကိုယ်တော်သီချင်းခွေကို ၂၀၁၆၊ နိုဝင်ဘာလ ၁၈ ရက်နေ့က ပရိသတ်လက်ထဲ အရောက်ပို့နိုင်ခဲ့ပြီဖြစ်သလို၊ သူအဓိကနေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ "မေထုန်ရာသီဖွား" ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံမှာ ရုံတင်ပြသနေပြီလည်းဖြစ်ပါတယ်။ အခုဆို သူဟာ Mister Tourism World 2016 Winner ဆုကို ပူနွေးနွေးရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ အနုပညာအလုပ်တွေ တောက်လျှောက်ပြန်လုပ်ဖြစ်တော့မယ်ဆိုတဲ့ ကိုဥက္ကာမင်းမောင်ရဲ့ အင်တာဗျူးတွေ့ဆုံမှုလေးကို ကဏ္ဍကနေ တင်ဆက်ပေးလိုက်ပါတယ်။

ဒီ "18" ခွေစီစဉ်ဖြစ်ခဲ့ပုံလေးအကြောင်းလေး ပြောပြပါဦးဗျ။
ကျွန်တော်က သီချင်းကို အစောကြီးကတည်းက ၀ါသနာပါတယ်။ ဒီနိုင်ငံက မထွက်ခင်ကတည်းက ဟိုးအရင်ကတည်းက လုပ်နေတာ။ နှစ်ပုဒ်လုပ်ပြီးတော့ ဆက်မလုပ်ဖြစ်တော့ဘဲ ထွက်သွားတာ။ ဒါပေမဲ့ ဟိုရောက်တော့ ဟိုမှာ နစ္စဓူဝမြင်နေရတဲ့ အကြောင်းအရာတွေ၊ ကျွန်တော်တွေ့နေတဲ့ဖက်ရှင်တွေ၊ နောက် ကျွန်တော် သွားကြည့်ခဲ့တဲ့ ရှိုးတွေ၊ အဲဒါတွေ ကြည့်ပြီး ငါလည်း လုပ်ချင်တာပဲ လုပ်ကြည့်မယ်ဆိုပြီးတော့ ဒီခွေလေးကို စလုပ်ဖြစ်တာ။ ကျွန်တော် ဒီအခွေကို စီစဉ်နေတာ တစ်နှစ်ခွဲလောက်ရှိပြီပေါ့နော်။ ကျွန်တော် အနုပညာလောကကနေ ကွယ်ပျောက်သွားတာ ရှစ်နှစ်ကျော်ကြာပြီးမှာ ဒီခွေလေးနဲ့ ပထမဆုံးပြန်ရောက်လာတာပေါ့။ အခု တော့ထွက်ဖြစ်ပြီပေါ့။ ပါဝင်တဲ့ သီချင်းအမျိုးအစားတွေက Pop၊ Slow Rock၊ EDM ပုံစံတွေပါတယ်။ အားလုံးပေါင်း ၁၂ ပုဒ်ပါဝင်ပါတယ်။ စုံတွဲဆိုတဲ့သူတွေက မအေးချမ်းမေရယ်၊ မငယ်ငယ်ရယ်၊ စန္ဒီမြင့်လွင်ရယ်၊ သဇင်ရယ်ပါပါတယ်။ တေးရေးတွေကတော့ သူများရေးတာက ၄ ပုဒ်၊ ကျွန်တော်ရေးတာက ၈ ပုဒ်ပေါ့။

သီချင်းတွေကိုဘယ်အချိန်မှာစရေးဖြစ်ခဲ့တာလဲ။
ဒီနှစ်ပိုင်းထဲမှာပါပဲ၊ ခွေစလုပ်ကတည်းက စရေးဖြစ်တယ်ပေါ့။ Target ကတော့ ကျွန်တော်အားလုံးကိုပစ်တယ်။ ကျွန်တော့်သီချင်းနားထောင်မှာက များသောအားဖြင့် ဆယ်ကျော်သက်တွေနဲ့ နှစ်ဆယ်ကျော်တွေဖြစ်လိမ့်မယ်။ အလွန်ဆုံး ၃၀ ကျော်အရွယ်တွေပါ။ အသက် ၄၀ ကျော်ဝန်းကျင်နဲ့အထက်ပိုင်းကျတော့ သူတို့အသက်ဝန်းကျင်နဲ့ လိုက်ဖက်မယ့် သီချင်းမျိုးပိုကြိုက်တယ်။ အဲဒီတော့ ကိုယ်တကယ်ပစ်ရမယ့် Target သည် လူငယ် Target။ ကိုယ်သွားချင်တဲ့ လိုင်းပေါ့နော်။ အဲဒါကို ကျွန်တော် ဦးစားပေးပြီးတော့လုပ်တယ်။ ဒါပေမဲ့ လူကြီးတွေရော၊ လူငယ်တွေရော နားထောင်လို့ရမှာပါ။ ပြီးတော့ လူတန်းစားတစ်မျိုးတည်းကို ရည်ရွယ်တာမဟုတ်ဘဲ အားလုံးကို ရည်ရွယ်ပါတယ်။

မအေးချမ်းမေနဲ့ဆိုထားတဲ့ ဇာတ်သိမ်းပေါ့။ အဲဒီသီချင်းနဲ့ပတ်သက်ပြီး အမှတ်တရတွေ ဘာတွေရှိလဲ။ ဘယ်လိုဖြစ်ပြီး မအေးချမ်းမေနဲ့ဆိုဖြစ်ခဲ့တာလဲ။
အစ်မကတော့ ကျွန်တော်ငယ်ငယ်ကတည်းက အရမ်းလေးစားအားကျခဲ့ရတဲ့ အနုပညာရှင်ပေါ့။ သူနဲ့က Facebook မှာ Friend ဖြစ်နေတာ။ သီချင်းခွေလုပ်တော့ သူနဲ့ဆိုချင်တော့ မေးကြည့်ရင် ကောင်းမလားလို့၊ မေးလည်းမမေးရဲဘူး။ တစ်ခါမှ စကားမပြောဖူးဘူး။ အပြင်မှာလည်း တစ်ခါမှ မတွေ့ဖူးဘူး။ ဟိုမှာလည်း သူနဲ့ကျွန်တော်နဲ့ နေတာမတူကြဘူး။ အဲဒါနဲ့ မေးတော့ မေးကြည့်လိုက်မယ်။ မလုပ်ဘူးဆိုရင်လည်း အရှုံးမရှိဘူးဆိုပြီးတော့ မေးကြည့်လိုက်တယ်။ မေးကြည့်တော့ အစ်မက လိုလိုလားလားနဲ့ပဲလက်ခံခဲ့တယ်။ အရှေ့မှာတော့ သီချင်းလေးတွေ ပြထားတာတော့ရှိတယ်။ ပြထားတယ်ဆိုတာ အကြံဥာဏ်လေးတွေတောင်းထားတာပေါ့။ သူကလက်ခံတော့ နယူးယောက်ကိုဖိတ်ခေါ်ပြီးတော့ နယူးယောက်မှာပဲ အသံသွင်းခဲ့တယ်ပေါ့။ သူနဲ့ နှစ်ပုဒ်ဆိုထားတယ်။ နောက်တစ်ပုဒ်ကတော့ နောက်တစ်ခွေမှပဲပါမယ်။

ဒီအခွေကို ဟိုမှာပဲ လုပ်ထားတာလား။
မဟုတ်ဘူး။ အဲဒီ နှစ်ပုဒ်ပဲ ဟိုမှာသွင်းတာ။ ကျန်တဲ့ဟာတွေက အကုန် ဒီမှာ လာလာသွင်းတာ။

ဟိုဘက်မှာလုပ်ရတာနဲ့ ဒီဘက်မှာလုပ်ရတဲ့ အလုပ်လုပ်တဲ့ ပုံစံလေးတွေ ဘာတွေကွာလဲပြောပြပါဦး။
ကွာလတီကတော့ ဘာမှလည်း ထူးခြားပြီးအရမ်းကြီးတော့လည်း မကွာပါဘူး။ လုပ်ရတာက ဟိုမှာက အချိန်အရမ်းပုပ်တယ်။ အချိန်ပုပ်တယ်ဆိုတာ အင်ဂျင်နီယာကလည်း ဗမာလိုမတတ်တော့ သီချင်းသွင်းတဲ့နေရာမှာ အရမ်းအခက်အခဲဖြစ်တယ်။ အချိန်တွေအရမ်းသွားတော့ ပိုက်ဆံတွေအများကြီးကုန်တယ်။ ဟိုမှာ သီချင်းနှစ်ပုဒ်သွင်းတာက ဒီမှာ ၁၂ ပုဒ်လောက် သွင်းလို့ရတယ်။ စရိတ်က အဲလိုမျိုးကွာတာ။ ပြီးတော့ ဟိုနားပြန်ဆိုချင်တယ်၊ ပြန်ပြင်ချင်တယ်ဆိုတာကလည်းကိုယ်က ဗမာလိုဆိုထားတဲ့အခါကျတော့ သူကနားမလည်ဘူး။ အဲတော့ မိနစ်တွေ၊ စက္ကန့်တွေနဲ့အတိအကျပြောရတော့ အလုပ်မတွင်ဘူးပေါ့နော်။ အဲဒီအခက်အခဲတွေတော့ရှိတယ်။ အင်္ဂလိပ်သီချင်းဆိုရင်တော့ အစစအရာရာအဆင်ပြေမှာပါ။ မကောင်းဘူးပြောတာမဟုတ်ပါဘူး။ ကောင်းတယ်။ ဒါပေမဲ့ ကိုယ်တွေက ဗမာသီချင်းတွေဆိုတော့လေ ဒီမှာပဲ ပိုအဆင်ပြေတယ်။

အစ်ကို့ခွေကို ၀ယ်ယူနားထောင်မယ့်ပရိသတ်တွေကိုပေးနိုင်တဲ့ အာမခံချက်က ဘာဖြစ်မလဲ။
ဒီခွေကို ကျွန်တော်အများကြီးကြိုးစားထားပါတယ်။ သီချင်းတစ်ပုဒ်ချင်းတိုင်းကိုပေါ့။ ဆိုပေါက်တွေကိုလည်းကွဲအောင်ဆိုထားပါတယ်။ တကယ့် Vocal ဆရာတွေရဲ့ သင်ပြမှုတွေနဲ့ ကျွန်တော်ကြိုးစားပြီးဆိုထားပါတယ်။ အားပေးဖို့ကိုတော့ ကျွန်တော်အများကြီးမျှော်လင့်ထားပါတယ်။ MTV ထွက်လာရင်တော့ ကျွန်တော်လုပ်ပြချင်တာ ဘာလဲဆိုတာကို ပိုပြီးသဘောပေါက်ကြမှာပါ။

ဒီကိုခွဲခွာသွားတဲ့ ၈ နှစ်ကျော် ၉ နှစ်အတွင်းမှာ ဟိုဘက်မှာရော ဘာတွေလုပ်ဖြစ်နေခဲ့လဲ။
ဟိုမှာက အနုပညာနဲ့ပတ်သက်ပြီး ဘာမှမလုပ်ဖြစ်ဘူး။ ဒါပေမဲ့ ကျောင်းမှာ Course တစ်ခုအနေနဲ့တော့ သရုပ်ဆောင်ကို ယူဖူးတယ်။ အဲဒါပါပဲ Modelling ကတော့အဲဒီက Wedding မဂ္ဂဇင်းတစ်ခုမှာ တစ်ခါရိုက်ဖူးတယ်။ နောက် Neckties ကြော်ငြာတစ်ခုရိုက်ဖူးတယ်။ အဲလောက်ပါပဲ။ ဟိုမှာက တစ်နေ့တစ်နေ့ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာ။ ဟိုမှာက လူအရမ်းများတယ်လေ။ တိုးနေရတာများတယ်။ တစ်ကမ္ဘာလုံးကကိုး။ လူမျိုးပေါင်းစုံ၊ လူတိုင်းကဖြစ်ချင်ကြတယ်။ တိုးကြတော့ Chance ကတအားနည်းတယ်။ ဟိုမှာက ကိုယ်အရွေးခံရဖို့ဆိုတာ အရမ်းတော်နေမှ။

"မေထုန်ရာသီဖွား" ကို ဒီမှာလည်း ရုံတင်တော့မယ်ကြားတယ်။ ဒီကကြည့်ဖို့ပရိသတ်ကို ဘာစကားပြောချင်လဲ။
ဒီဇာတ်ကားကြည့်ပြီးတဲ့အချိန်မှာ ကျွန်တော်ကိုယ်တိုင်လည်း ကျေနပ်ပါတယ်။ ဇာတ်လမ်းကောင်းကောင်းလေးမှာ ရိုက်ခွင့်ရတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်။ လာကြည့်မယ့်ပရိသတ်တွေဆိုတာလည်း ပေါင်းစုံပဲလေ။ ကျွန်တော်ခန့်မှန်းတာကတော့ အစောကြီးကတည်းက ဝေဖန်နေတဲ့သူတွေက ပိုပြီးဝေဖန်ချင်လို့၊ ပိုပြီး အပြစ်ပြောချင်လို့ကို လာမှာလေ။ ဝေဖန်တယ်ဆိုတာကတော့ နယ်ပယ်တိုင်းမှာရှိတာပါပဲ။ အားပေးတဲ့သူတွေကလည်း ဆက်အားပေးနေမှာပဲ။ ဝေဖန်တဲ့သူတွေကလည်း ဆက်ပြီးဝေဖန်နေကြမှာပဲ။ ရိုက်တဲ့သူတွေကလည်း ဆက်ရိုက်နေမှာပဲ။ သူတို့ကြောင့်တော့ ဒီ Community ကြီးပျက်စီးသွားမယ်မထင်ပါဘူး။ ဒီလို Homo Sexual ဆိုတာလည်း တစ်သက်လုံးရှိနေမှာပဲ။

လက်ခံဖြစ်ခဲ့ပုံနဲ့ ဇာတ်ကားရိုက်ကူးခဲ့စဉ်မှာ ရှိခဲ့တဲ့အမှတ်တရတွေကိုပြောပြပါဦး။
မေထုန်ရာသီဖွားကို ကျွန်တော်ရိုက်ဖြစ်တာကတော့ ကံကောင်းတယ်လို့ပဲပြောရမယ်ထင်ပါတယ်။ ဒီဇာတ်လမ်းကို ပထမ ကိုငြိမ်းချမ်းကျော်ရိုက်မယ်ဆိုကတည်းက ကျွန်တော်ကြားပါတယ်။ ကိုညိုရိုက်မယ်ပေါ့။ ကျွန်တော်ကလည်း သြော် . . . ဗမာပြည်မှာ ဒီလိုကားမျိုးမရှိသေးဘူး။ ထွက်ရင်တော့ ကြည့်ချင်လိုက်တာဆိုတဲ့စိတ်တော့ရှိတယ်။ ရိုက်ခါနီး သူတို့ ၅ ရက်လောက်အလိုကျမှ ပထမမင်းသားနဲ့မရိုက်ဖြစ်တော့ဘူးဆိုပြီးတော့ ကျွန်တော့်ကိုလာကမ်းလှမ်းတယ်။ ဇာတ်လမ်းပြတော့ ဇာတ်လမ်းကလည်း ကောင်းတာနဲ့ရိုက်မယ်လို့တစ်ခါတည်းတန်းပြောလိုက်တယ်။ အဲဒါနဲ့ ချက်ချင်းပြန်လာပြီးရိုက်တယ်။ အမှတ်တရကတော့ အများကြီးရှိပါတယ်။ အခက်ကကြီးကြီးမားမားရယ်လို့မရှိပေမဲ့ အိုက်တင်ပိုင်းတွေလုပ်ရတာ ခက်ပါတယ်။ လွှတ်ပြီးလုပ်လို့မရဘူး။ ကိုညိုကတော့ ထိန်းပေးတယ်။ အရမ်းလည်းတော်တယ်။ စကားတွေလည်း စီးစီးပိုင်ပိုင်ရှိတယ်။ သူသင်ပေးတဲ့ အိုက်တင်တွေနဲ့ စကားလုံးတွေကို ကျွန်တော်ကြိုးစားပြီးတော့တော့ သရုပ်ဆောင်ထားပါတယ်။

Mister Tourism World 2016 ကိုလည်းသွားပြိုင်ဖို့ရှိနေတော့ ပြိုင်ပွဲအတွက်ကော ဘာတွေပြင်ဆင်ပြီးပြီလဲ။
အဓိကကတော့ ကျွန်တော် Gym ဆော့တယ်။ စာတွေအများကြီးဖတ်နေတယ်။ Tourism နဲ့ပတ်သက်တာဆိုတော့ တကယ့်ကို တာဝန်ကြီးတယ်လေ။ ပြီးတော့ ဒါက ပထမဆုံးအကြိမ်လည်းဖြစ်တော့ သူတို့ရှဲ့အမအေနါပ က ဘယ်လိုမှန်းမသိဘူး။ Miss Universe ဆိုရင်ရှိနေတာ နှစ်ပေါင်းမနည်းတော့ဘူးလေ။ References ကြည့်ချင်ရင် youtube မှာအများကြီးရှိတယ်။ Mister ကျတော့ ကမ္ဘာမှာလည်းပေါ်လာတာ သိပ်မကြာသေးဘူး။ ဒီဟာကတော့ အခုမှ ပထမဆုံးအကြိမ်စတာ။ သွားခါနီး တစ်လလောက်အလိုမှ သူတို့ဆီက ပို့လာတယ်။ အစီအစဉ်စာရွက်ပေါ့၊ ဘယ်နေ့မှာဘာ၊ ဘယ်နေ့မှာ ဘာစတာတွေပေါ့။ အဲဒီမှာ ထူးခြားတာပေါ့၊ တခြားပွဲတွေနဲ့ မတူတာတစ်ခုက Exhibition ပါတယ်။ နိုင်ငံတကာကုန်စည်ပြပွဲလိုဟာမှာ မြန်မာနိုင်ငံရဲ့  Display ပေါ့၊ Showcase တစ်ခုအနေနဲ့ကိုယ့်ရဲ့  Culture တွေ၊ ဖက်ရှင်တွေ၊ Souvenir တွေ၊ ဒေသထွက်ကုန်တွေကို ချပြထားမှာပေါ့။ အဲဒီပြပွဲကို လူတွေလည်း လာကြည့်မယ်၊ Judge တွေလည်းလာကြည့်မယ်ပေါ့။ သူတို့မေးတာကိုလည်း ကိုယ်ကရှင်းပြပေးရမယ်၊ အကုန်လုံးကိုသိထားရမယ်။ အဲဒီအပေါ်မှာ သူတို့ကအမှတ်ပေးသွားမှာ။ ဆွေးနွေးပွဲ Tourism Forum တွေလည်း တက်ရဦးမယ်။ အဲဒီဟာတွေအပေါ်မှာ မူတည်ပြီးတော့ Top 8 ကိုဝင်မ၀င် သူတို့သတ်မှတ်ပေးမှာပေါ့၊ အဲလိုတော့သိထားတယ်။ ပြီးတော့ မြန်မာ ရုပ်သေးအကကို ကျွန်တော်သင်နေတယ်။ ပရော်ဖက်နယ်လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ လုပ်ခွင့်ရတုန်းမှာတော့ အကောင်းဆုံးတွေလုပ်ပြချင်တယ်။

ပြိုင်ပွဲနဲ့ပတ်သက်ပြီး ယုံကြည်နေတဲ့အရာနဲ့ ကြောက်ရွံ့နေတဲ့အရာတွေက ဘာတွေဖြစ်မလဲ။
အယုံကြည်ဆုံးကတော့ ကိုယ့်ကိုယ်ကိုပဲ။ ဘာပဲဖြစ်ဖြစ် ရှုံးရှုံးနိုင်နိုင်ရင်ဆိုင်ဖို့အသင့်ပါပဲ။ ဒီဘ၀မှတ်တိုင်လို့ပဲခံယူပြီးတော့ နောက်ထပ် တွေကို ဘယ်လိုမျှဝေပေးနိုင်မလဲ၊ ကူညီပေးနိုင်မလဲ ဆိုတာနဲ့ နောက်ပြီးတော့ Connection တွေ၊ ကျွန်တော်က နဂိုကတည်းက စကားများတော့လေ၊ သေချာပါတယ်။ ကျွန်တော်သူငယ်ချင်းတွေအများကြီးရခဲ့မှာပါ။ သူငယ်ချင်းတွေရလာရင် သူတို့နိုင်ငံက အေဂျင်စီတွေနဲ့အဆက်အသွယ်ရလာမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်မဟုတ်ရင်တောင် တခြားသူတွေအတွက် အထောက်အကူဖြစ်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ပြီးတော့ ကျွန်တော်အရင် သရုပ်ဆောင်ပြန်လုပ်မယ်ဆိုကတည်းက ပရဟိတ Campaign လေးတွေပေါ့နော်၊ ကျွန်တော်တစ်ယောက်တည်းတော့အများကြီးအကြီးကြီးမတတ်နိုင်ပေမဲ့ ကိုယ်တတ်နိုင်သလောက် လက်လှမ်းမီသလောက်လေး ဃောစငေါည လေးတွေလုပ်ချင်တာလေးတွေရှိတယ်။ အဲဒါတွေကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဥက္ကာမင်းမောင်တစ်ယောက်အနေနဲ့ပဲ လုပ်မလို့ပဲ။ အခု Mister Tourism World Myanmar အနေနဲ့ကျတော့ ပိုပြီး Influrence ရှိတာပေါ့နော်။ အဲဒီမှာသာ တကယ်လို့ဆုတစ်ခုခုရရင်လည်း လုပ်ချင်တဲ့ ပရဟိတတွေအတွက် ပိုပြီးတော့ကောင်းတာပေါ့နော်။

ဒီပြိုင်ပွဲ ၀င်ပြိုင်ဖြစ်ဖို့ကရော ဘယ်ကနေ အခွင့်အရေးရခဲ့တာလဲ။
အဲဒါက ကျွန်တော့်သူငယ်ချင်း ဇော်အေးကျော်ထွန်းက မနှစ်က Mister Model International ကို မီယာမီမှာသွားပြိုင်တယ်။ ဒီ National Director ကပဲလွှတ်တာ။ ကျွန်တော်ကလည်း ကိုယ့် Best Friend ဆိုတော့ သွားအားပေးတာ။ ကျွန်တော်က အဲဒီမှာ သူ့ National Director နဲ့ facebook မှာစကားတွေပြောရင်း သူဒီနေ့ ဘာတွေလုပ်ခဲ့တယ်၊ ဘယ်လိုတွေလုပ်ခဲ့တယ်။ ကိုယ့်သူငယ်ချင်းလုပ်တဲ့အကြောင်းကို Report တင်တာပေါ့နော်။ အဲလို သူနဲ့စကားပြောဖြစ်ရင်း ညီလေးကော ပြိုင်ချင်လားဆိုတာနဲ့ ကိုယ်ကလည်း ၀ါသနာပါတယ်။ ငယ်ငယ်ကလည်း ကိုယ်က မော်ဒယ်လ်လည်းလုပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက ဒီလိုပြိုင်ပွဲတွေမရှိဘူးလေ။ သူက ကျွန်တော့်ကို ပွဲသုံးပွဲပြတယ်။ ဘယ်ဟာသွားချင်လဲပေါ့။ ကျွန်တော်ကိုယ်တိုင်ကလည်း Tourism ဘက် စိတ်ဝင်စားတယ်။ ကျွန်တော်တို့မိဘတွေကလည်း Travel & Tour လုပ်ကြတာဆိုတော့လေ ဒီ Field ထဲကဆိုတော့ ပိုကြိုက်လို့ရွေးလိုက်တာ။

အစ်ကို့ရဲ့ live တစ်ခုကြည့်ရပါတယ်။ ဒီပြိုင်ပွဲက မိဘအတွက် ၀င်ပြိုင်ဖြစ်တာလို့ပြောထားတယ်လေ။
အစကနေစပြောရရင်တော့ မင်းသားဖြစ်နေပြီ၊ ဘာလို့ဝင်ပြိုင်မှာလဲ၊ သိက္ခာကျမှာမရှက်ဘူးလားတို့ အဲဒါလူတိုင်းပြောတယ်။ သူငယ်ချင်းတွေလည်းပြောကြတယ်။ ဒါကတော့ ကျွန်တော်သရုပ်ဆောင်စလုပ်ကတည်းက ကိုယ့်ကိုချစ်တဲ့သူလည်းရှိတယ်။ မကြိုက်တဲ့သူလည်းရှိတယ်။ ပေါင်းစုံဝေဖန်တာ၊ ပက်ပက်ကိုစက်စက်ဝေဖန်တာ။ ဒါပေမဲ့ ကိုယ့်ကိုချစ်တဲ့သူတွေအတွက်တော့ ကိုယ်သည် သူတို့ရဲ့  Roll Idol တစ်ယောက်အနေနဲ့တော့ ကျွန်တော် ထာဝရရပ်တည်ချင်တယ်။ ကိုယ့်ကို အားပေးနေတဲ့သူတွေကို အားပေးရကျိုးနပ်စေချင်တယ်။ လူတိုင်းသည် အချိန်တန်ရင် အိမ်ထောင်ကျ၊ ကလေးတွေမွေး၊ အဲဒီအခါကျမှ တချို့တွေကျတော့ မှိုချိုးမျှစ်ချိုးတွေပြောနေတာ သူတို့အနေနဲ့ကိုယ်ချင်းစာစိတ်မရှိသေးလို့လို့ပဲ မြင်ပါတယ်။ စိတ်တော့မဆိုးပါဘူး။ တကယ့်တကယ်တမ်း သူတို့အိမ်ထောင်တွေကျ ကလေးတွေရလာတဲ့အခါကျမှ သူတို့သားသမီးတွေ၊ သူတို့မြေးမြစ်တွေက ဒီလိုပြိုင်ပွဲတွေသွား တခြားစီးပွားရေးနယ်ပယ်မှာ ဘေးကလူတွေထိုးနှက်တဲ့အခါကျရင် သူတို့ ကိုယ်ချင်းစာလာနိုင်လိမ့်မယ်လို့ထင်တယ်။
          ဒီပြိုင်ပွဲသွားတာက ကျွန်တော့် အဖေ၊ အမေအတွက် ကျွန်တော်ပေးနိုင်တဲ့ သူတို့အတွက် ၀မ်းသာပီတိဆုပေါ့နော်။ ကျွန်တော့်အဖေက ကျွန်တော့်ကို အရမ်းဖြစ်စေချင်တယ်။ ဟိုးအရင်ကတည်းက အားပေးတယ်။ ဒီပြိုင်ပွဲသွားပြိုင်မယ်လို့ သူသိတုန်းကဆိုရင် သူလူတကာကိုသွားပြောတာ။ အမေဆိုလည်း တွေ့သမျှအမျိုးတွေအကုန်လိုက်ကြွားတာလေ။ ဒါက မိဘကသားသမီးကိုချစ်တဲ့စိတ်နဲ့ကြွားတာပေါ့ သိတယ်မလား။ အဲဒီအတွက် ငါ့မိဘကို ငါဒီလိုပျော်ရွှင်မှုလေး လုပ်ပေးလိုက်နိုင်တယ်ပေါ့။ အဲဒီဟာလေးနဲ့ ကျွန်တော် ဒီပြိုင်ပွဲသွားရတာ အများကြီးကျေနပ်သွားပါပြီ။ ကိုဇေယံဟိန်းတို့ကိုလည်း အများကြီးကျေးဇူးတင်တယ်။ ဒီလိုအခွင့်အရေးပေးတဲ့အတွက်။ ဆုရတာမရတာက နောက်တစ်ပိုင်းပေါ့နော်။ ကျွန်တော့်အမေကိုယ်တိုင် ကျွန်တော့်ကို စင်အောက်ကနေ လက်ခုပ်တွေတီးနေတဲ့အပြုံးလေးမြင်ရရင်ကို ကျွန်တော့်အတွက်ဆုပဲ။ ကျွန်တော်ကတော့ ကျေနပ်ပါတယ်။

ဒီကိုပြန်လာပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေလည်း အများကြီးပြန်လုပ်နေပြီ၊ ဆိုတော့ နောက်ထပ် ဇာတ်ကားသစ်ထပ်ရိုက်ဖို့ကော လက်ခံထားတာရှိလား။
ကိုညိုကတော့ တစ်ကားရိုက်မယ်ပြောတယ်။ အခုက ခွေထွက်တာနဲ့၊ ပြီးတော့ ပြိုင်ပွဲအတွက် အလုပ်ရှုပ်နေတာနဲ့ မဖြစ်သေးဘူး။ ပြိုင်ပွဲပြီးလို့ပြန်လာရင်တော့ ရိုက်ဖြစ်မယ်ထင်ပါတယ်။ ကိုညိုနဲ့ သရဲကားတစ်ကားရိုက်ဖို့တော့ရှိပါတယ်။

အခု အစ်ကိုက အနုပညာအလုပ်ကို တတယ် ထဲထဲဝင်ဝင်ပြန်လုပ်ဖြစ်သွားတော့မှာလား။
ဟုတ်ကဲ့လုပ်ဖြစ်သွားမှာပါ။ ဟိုပြန်လည်း တစ်လလောက်ပဲပြန်ဖြစ်မယ်၊ ဒီမှာပဲ အချိန်ပိုများမယ်။

Homosexual ကို အစ်ကိုက ဘယ်လိုခံယူထားလဲ။
ကျွန်တော်ကတော့ ဒီ Homosexual မှမဟုတ်ဘူး။ အားလုံးကိုလက်ခံတယ်။ ဒါကတော့ လောကကြီးမှာလည်းတကယ်ရှိနေတဲ့အရာတွေ၊ ပြီးတော့ ဒါဟာ ရောဂါတစ်ခုမဟုတ်ဘူး။ ဒါသည် Sexual Preference ပေါ့နော်၊ ယောက်ျားယောက်ျားချင်းပဲဖြစ်ဖြစ်၊ မိန်းမမိန်းမချင်းပဲဖြစ်ဖြစ်၊ သူတို့ရဲ့ Opposive Sex ထက် Same Sex သူတို့ရဲ့  ကိုပိုပြီးစိတ်ဝင်စားလို့  ဖြစ်တာလေ။ ဒါသူတို့တွေအနေနဲ့ချစ်ချင်လို့ချစ်တာ။ လူတိုင်းမှာ လူ့အခွင့်အရေးတန်းတူပဲ ချစ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်ကတော့ လက်ခံတယ်။ အားလည်းအားပေးတယ်။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာလည်း အများကြီးပဲ။ တချို့တွေကျတော့လည်း ပတ်ဝန်းကျင်အရ၊ အသိုင်းအ၀ိုင်းအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာတရားအရ၊ အဲလိုဖြစ်လို့မရတဲ့ဟာတွေရှိတယ်။ သူတို့အနေနဲ့နေထိုင်ရတဲ့ ဘောင်လေးထဲမှာ လူ့အသိုင်းအ၀ိုင်းထဲမှာ အဆင်ပြေစွာနေထိုင်နိုင်ဖို့ပဲ လိုတာပေါ့နော်။ ဒါပေမဲ့ လူတိုင်းကတော့ ကိုယ်ပျော်ရွှင်တဲ့ဘ၀မှာ ကိုယ်နေချင်တဲ့ဘ၀မှာ ကိုယ်ဖြစ်ချင်တဲ့ဘ၀မှာ ကိုယ်ချစ်တဲ့သူနဲ့တော့ ကိုယ့်ဘ၀ကြီးအဆုံးမသတ်ခင်မှာတော့ နေထိုင်ခွင့်ရတာတော့ကောင်းတာပေါ့။ ကျွန်တော်ကတော့ ဘယ်သူပဲဖြစ်ဖြစ်အားပေးတယ်။ ကိုယ့်သူငယ်ချင်းတွေထဲမှာလည်း ပထမက ယောက်ျားပေါ့၊ နောက်တော့လည်း Gay ဖြစ်သွားတယ်။ ဖြစ်သွားလည်းဖြစ်ပေါ့။ ကိုယ်ကတော့ နားလည်ပေးတယ်။ မိန်းကလေးဆိုလည်း ကျွန်တော့် Straight သူငယ်ချင်းတွေ အများကြီးပဲ။ အဲဒီတော့ လူတစ်ယောက်အောင်မြင်ဖို့၊ လူတစ်ယောက်ဘ၀မှာ ထိပ်ဆုံးရောက်ဖို့ဆိုတာလေ၊ွပေ ဖြစ်ခြင်းမဖြစ်ခြင်း၊ှအမငေါ့အ ဖြစ်ခြင်းမဖြစ်ခြင်းနဲ့မဆိုင်ဘူး။ လူတစ်ယောက် ဘယ်လောက်ထိကြိုးစားလဲ၊ လူတွေအပေါ် ဘယ်လောက်ထိကောင်းကြိုးပြုလဲက ပိုအရေးကြီးတယ်။ ဒါကတော့ လူအပေါ်မှာပဲမူတည်တယ်။ ဒါကြောင့် လူ့အသိုင်းအ၀ိုင်းကြီးမှာ မျိုးတုန်းပျောက်ကွယ်တယ်ဆိုတာလည်းရှိမှာမဟုတ်ဘူး။ ကျွန်တော်ကတော့ သူတို့ကို Support လုပ်တဲ့အတွက် မေထုန်ရာသီရာသီဖွားကိုတောင်မှ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ရိုက်ခဲ့ပြီးပါပြီ။

ဟုတ်ကဲ့ပါအစ်ကို။ အစ်ကိုလည်း ဝေဖန်မှုတွေအများကြီးနဲ့ကြုံနေရတော့ စိတ်မညစ်ဘူးလား။ စိတ်ဓာတ်ကော မကျဘူးလား။
၂၀၁၆ က ကျွန်တော့်အတွက် အဆိုးဆုံးလို့ပြောလို့ရတယ်။ တော်တော်လေးလည်း စိတ်ဓာတ်ကျခဲ့တယ်။ အဖေကလည်းဆုံးသွားတယ်။ လူမှုရေး၊ စီးပွားရေး အားလုံးပေါ့။ ပြီးတော့ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာဓာတ်ပုံတွေအွန်လိုင်းမှာတက်လာတယ်။ အစုံပဲ။ တော်တော်လေးကို စိတ်ဓာတ်ကျ၊ စိတ်ညစ်ခဲ့ရတယ်။ မနည်းရုန်းထထားတာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းချင်းတော့ ကွယ်ပျောက်စပြုလာပါပြီ။ ၂၀၁၇ ကစပြီးတော့ အကုန်လုံးကောင်းသွားမယ်လို့တော့ မျှော်လင့်ပါတယ်။

ဒီကိုပြန်လာပြီး အနုပညာအလုပ်တွေ လုပ်မယ်ဆိုတော့ စိုးရိမ်စိတ်မဖြစ်ဘူးလား။
စိုးရိမ်စိတ်ဖြစ်တယ်။ အားမပေးကြတော့မှာလည်းကြောက်တယ်။ အနုပညာနယ်ပယ်ကလူတွေကရော ငါ့ကို ဘယ်လိုအမြင်နဲ့ကြည့်ကြမလဲ၊ လက်ကမ်းကြိုးကြမှာလား၊ မကြိုဆိုချင်ဘဲရှိကြမလားပေါ့။ အကုန်လုံးနီးပါးကတော့ ကျွန်တော်ပြန်လာမယ်၊ အနုပညာအလုပ်တွေပြန်လုပ်တော့မယ်ဆိုတဲ့အချိန်မှာ ကြိုဆိုကြပါတယ်။ မကြိုဆိုတဲ့လူတွေလည်းရှိတာပေါ့။

 

အောင်လင်းသစ်

PHOTOGRAPHED BY HLAING BANYAR (25 MINUTES)/ ART DIRECTION BY THIHAN KYAW OO/ OUTFITS: 00:55, THE ARTVENTURE/ HAIR & MAKEUP: CHUU CHUU



Share this article

TOP 5 ARTICLES


Film & Music   |   Posted on Aug 19, 2017

(1950) ကဖက်ရှင်တွေကို Mil...


Sex & Relationships   |   Posted on Aug 18, 2017

ex ကို ပြန်လက်မခံသင့်တော့...


makeup   |   Posted on Aug 18, 2017

Highlighter တွေအကြောင်း သ...


Celebrity News   |   Posted on Aug 18, 2017

St. Tropez မှာ အားလပ်ရက်က...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.