Style Note   |   Posted on Sep 4, 2019 by Ja Seng Pan

ဘယ်တော့မှမရိုးတဲ့ အဖြူရောင်ဖက်ရှင်


အဖြူရောင်ဟာ ရာသီဥတုမရွေးဝတ်ဆင်နိုင်တဲ့ ဖက်ရှင်ပါ။

Share this article

အမြဲတမ်းဘယ်တော့မှမရိုးသွားတဲ့ ဖက်ရှင်ကို ပြပါဆိုရင်တော့ အဖြူရောင်ဖက်ရှင်ပါပဲ။ အဖြူရောင်ဖက်ရှင်တွေဟာဆိုရင် ခေတ်အဆက်ဆက်ဘယ်တော့မှ မရိုးပဲ ဖက်ရှင်ကျနေတဲ့ Trend တစ်မျိုးပဲ ဖြစ်ပါတယ်။ အဖြူရောင်ဟာ ရာသီဥတုမရွေးဝတ်ဆင်နိုင်တဲ့ ဖက်ရှင်ပါ။ မကြာခင်မှာလဲ ပွင့်လင်းရာသီရောက်လာတော့မှာဆိုတော့ ဖက်ရှင်ကျကျဖြစ်ဖို့ အဖြူရောင်ဖက်ရှင်တွေကို ဘယ်လိုဝတ်ကြလဲ ကြည့်ရအောင်နော်။

 

ပူလောင်တဲ့နွေရာသီမှာ Branded အဖြူရောင်ဝတ်စုံဟာ သင့်ကို ယုံကြည်မှုရှိစေမှာပါ။ ကော်တွန် ၊ linen ကဲ့သို့ Pants ဟာ သင့်ကို လွတ်လပ်ပေါ့ပါးပြီး စတိုင်ကျမိမိုက်နေစေမှာပါ။

 

 

အဖြူရောင် ဂါဝန်လေးနဲ့ sneakers ဖိနပ်ကို တွဲဖက်ဝတ်ဆင်တဲ့ ဖက်ရှင်ကလည်း သင့်ကို ချစ်စရာကောင်းတဲ့အသွင်ကို ပေးပါလိမ့်မယ်နော်။

 

အဖြူရောင် အကျီနဲ့ ဘောင်းဘီကို တွဲဖက်ဝတ်ဆင်ပြီး အမိုက်စား belt လေးနဲ့ဆိုရင်တော့ ခပ်မိုက်မိုက်ဖြစ်နေမှာပါနော်။

 

လွတ်လပ်ပေါ့ပါးပြီး စတိုင်လ်ကျ ခပ်မိုက်မိုက်ကောင်မလေးတွေအတွက်ကတော့ အဖြူရောင်ခါးမြင့်ဘောင်းဘီကို Crop top နဲ့ တွဲဖက်ဝတ်ဆင်ပြီး အပေါ်က အဖြူရောင် long Coat နဲ့ ဆိုရင်တော့ အပျံစားဖြစ်နေမှာပါနော်။

 

ဘယ်တော့မှမရိုးတဲ့ ဆင်ယင်မှုတစ်ခုဖြစ်တဲ့ အဖြူရောင် စကပ်ကို ကာလာရင့်ရင့် အကျီနဲ့ တွဲဖက်ဝတ်ဆင်ခြင်းကလည်း ရိုးမလိုနဲ့ ဆန်းသစ်မှုကို ရရှိစေမှာပါနော်။

 

ပျိုမေတို့ အဝတ်များတဲ့ အဖြူရောင်ရှပ်အကျီကိုလည်း စတိုင်ကျအောင် ကြယ်သီးအပြည့်မတပ်ပဲ Accessories တွေနဲ့ ခပ်မိုက်မိုင်ဝတ်ဆင်နိုင်ပါတယ်သေးတယ်နော်။

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.